Unicode
Part 163အခန်း(၁၂၀)(က)
ရှောင်ချုံးက ကျန်းယွမ်ကို ကျင်းရီအိမ်တော်တစ်လျှောက် သယ်သွားတယ်။ တစ်ချိန်တည်းမှာပဲ အိမ်တော်ထိန်းက ဘဏ်စာရင်းကို သေသေချာချာ တွက်ချက်နေတယ်။ ကျင်းရီ ဘာကြောင့်လဲဆိုတော့ မနေ့တုန်းက ကျင်းရီရဲမက်တွေက တိုင်းတစ်ပါးကလာတဲ့ အဖိုးတန် ပစ္စည်းတွေဆိုပြီး ပစ္စည်းတစ်ချို့ကို ပို့ခဲ့တယ်။ သူ့ရဲ့မျက်လုံးရှေ့က ထူထဲတဲ့ မှန်တွေက ဘဏ်စာရင်းကို သေချာမြင်ရစေတယ်။ ရှောင်ချုံးပြန်လာပြီဆိုတာ သူမြင်တော့ မသိစိတ်နဲ့ မတ်တပ်ရပ်လိုက်တယ်။ ရှောင်ချုံးက မိန်းမပျိုလေးတစ်ယောက်ကို သတိပြုမိသွားပြီး သူ့ကို မိုးကြိုးပစ်ချ ခံလိုက်ရသလိုပဲ သူကချက်ချင်းပဲ ဒယိမ်းဒယိုင် ဖြစ်သွားတယ်။ သူကဘာမှတောင် မပြောနိုင်ခဲ့ဘူး။
ရှောင်ချုံးက သူ့အခန်းထဲကို တံခါးပေါက်ကို ကန်ပြီးဝင်သွားပြီး တင်းကြပ်စွာ ပြန်ပိတ်လိုက်တော့မှ အိမ်တော်ထန်းယိမ်းက သတိပြန်ဝင်လာတယ်။ ရင်းနှီးတဲ့ပုံရိပ်က ရောက်လာတဲ့အချိန်မှာ အိမ်တော်ထိန်းယိမ်းက ကျင်းစိမ်းကို လှမ်းဆွဲပြီးမေးလိုက်တယ်။
“ကျင်းစမ်း အဲ့ အဲ့ဒါ ဘယ်သူလဲ။ ”
ကျင်းရီရဲမက်တွေထဲမှာ ကျင်းရီနဲ့ကျင်းအာတို့က အမွှာညီအစ်ကိုဖြစ်ပြီး ကျင်းစမ်းနဲ့ကျင်းစီတို့က အမွှာညီအစ်ကိုဖြစ်တယ်။ သူတို့လေးယောက်က ရှောင်ချုံးရဲ့ ကိုယ်ရံတော်တွေဖြစ်ပြီး ကျင်းရီရဲမက်တွေရဲ့ ဦးဆောင်သူတွေဖြစ်တယ်။ အိမ်တော်ထိန်းယိမ်းက သတင်းအချက်အလက် အချို့ကို သူလိုချင်တိုင်း ဒီလေးယောက်ဆီကို ချဉ်းကပ်ခဲ့တယ်။ ကျင်းစိမ်းက ပုခုံးတွန့်ပြလိုက်ပြီး ပြောလိုက်တယ်။
“အဲ့ဒါက သခင်မလေးလေ။ ကျွန်မရှင့်ကို သတိမပေးဘူးလို့ မပြောနဲ့နော်။ ရှင်နောက်ထပ် ရက်အနည်းငယ်လောက် သခင်မလေးကို စောင့်ရလိမ့်မယ်။ ရှင်ကကျွန်မကို ကိစ္စအချို့ လုပ်ခိုင်းထားလို့ ရှင့်ကိုယ်ရှင် ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။ သူမက ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး လှည့်ကြည့်လိုက်ပြီး သတိပေးလိုက်တယ်။ ”
“ဒါနဲ့ သခင်မလေးက စိတ်ကြွဆေးခတ်တာ ခံထားရတယ်။ ဒါကြောင့် အိမ်တော်ထိန်းယိမ်း ဘာဖြစ်နေလဲဆိုတာ ရှင်သွားမကြည့်တာ ကောင်းလိမ့်မယ်။ သခင်ကပိုပြီးတော့ စိတ်တိုသွားလိမ့်မယ်။”
ကျင်းစမ်းထွက်သွားပြီး အချိန်အတော်ကြာတဲ့ထိ အိမ်တော်ထိန်းလင်းက သူ့ရဲ့နဂိုနေရာမှာပဲ ပါးစပ်အဟောင်းသားနဲ့ ရပ်နေခဲ့တယ်။ သူ့ရဲ့နှုတ်ခမ်းအပေါ်က မှုတ်ဆိတ်မွှေးက နိမ့်ချီမြင့်ချီ ဖြစ်နေတယ်။ သခင်မလေး…..။ စိတ်ကြွဆေး အခတ်ခံထားရတယ်….။ ပိုပြီ စိတ်တိုသွားလိမ့်မယ်….။ အိမ်တော်ထိန်းယိမ်းက သူ့ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ သူ့ရဲ့ပါးပေါ်မှာ မျက်ရည်တွေက အထိန်းအချုပ်မရှိ ကျလာခဲ့တယ်။
“သခင်လေးက အမွေဆက်ခံသူ ရလာတော့မှာပဲ။ ”
အပြင်ဘက်က အိမ်တော်ထိန်းလင်းနဲ့ အမွှေဆက်ခံသူက ဆန့်ကျင်ဘက်တွေပဲ။ အခန်းထဲမှာ ရှောင်ချုံးက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ ကျန်းယွမ်ကို ဆေးတစ်ချို့ပေးထားပြီး သူမကလက်မောင်းပေါ်က အနာကို ပတ်တီးစည်းပေးခဲ့တယ်။ ကျန်းယွမ်က ဒီအာနိသင် အထွတ်အထိပ်မှာ ရောက်နေမယ်လို့ ဘယ်သူက သိမှာလဲ။ သူမတစ်ကိုယ်လုံးက တွန့်လိမ်နေတယ်။ ရှောင်ချုံးက အစက သူမကို အိမ်ပျော်စေဖို့ သွေးထိုးအပ်စိုက်နည်းနဲ့ စိုက်ပေးဖို့ တွေးခဲ့ပေမဲ့ ဆေးအာနိသင်က အရမ်းပြင်းနေတယ်။ သူက ဆေးပညာပိုင်းမှာ နည်းနည်းကျွမ်းကျင်ပေမဲ့ သူကသူမရဲ့ ခန္ဓာကိုယ်ကို ထိခိုက်သွားမှာ အရမ်းစိတ်ပူနေတယ်။ သူကကျန်းယွမ်ကို ဒီလိုမျိုး ပြင်းတဲ့ဆေး ပေးရဲတာကို စဉ်းစားမိတိုင်း သူ့မျက်ဝန်းကအေးစက်လာပြီး နက်မှောင်တောက်ပလာတယ်။
ကျန်းယွမ်က ရှောင်ချုံးရဲ့ အိပ်ယာပေါ်မှာ လဲနေပေမဲ့ ရှောင်ချုံးသူမအပေါ်ကို ခြုံပေးတဲ့စောင်ကို ချက်ချင်းပဲ ကန်ချတယ်။ သူမက အရမ်းပူနေလို့ ဖြစ်နိုင်တယ်။ သူမကလည်း သတိမထားမိစွာနဲ့ သူမရဲ့ အကီၤျကော်လံတွေကို ဆွဲချွတ်မိတယ်။ ရောင်ချုံးက နောက်ကိုလှည့်လိုက်ပြီး ရေစွတ်ထားတဲ့ အဝတ်နဲ့ သူမရဲ့နဖူးပေါ်ကို တင်ပေးတော့မဲ့အချိန်မှာ သူကဖြူဖွေးတဲ့ သူမရဲ့အသားတွေကို တွေ့မိတယ်။ သူမရဲ့အသားက တောက်ပပြီး စိုပြေနေပြီး နှင်းလိုပဲဖြူဖွေးတယ်။ ရှောင်ချုံးက ခဏလောက် မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်ပြီး စောင်ကိုကျန်းယွမ်ပေါ်ကို ထပ်ပြီးခြုံပေးခဲ့တယ်။
သူကကျန်းယွမ်ပေါ်ကို စောင်ခြုံပေးနေတဲ့ အချိန်မှာပဲ ကျန်းယွမ်က သူ့လက်ကိုလှမ်းဆွဲလိုက်တယ်။ ဆေးရဲအာနိသင်က အထွတ်အထိပ်ကို ရောက်နေတာကြောင့် ကျန်းယွမ်က ပုံမှန်မဟုတ်ဘဲ သန်မာနေတယ်။ သူမကရှောင်ချုံးကို သတိလက်လွတ် ဖြစ်စေခဲ့ပြီး သူ့ကိုသူမပေါ် ဆွဲခဲ့ပြီး သူ့ကိုသူမအပေါ်မှာ ကျလုနီးပါး ဖြစ်စေခဲ့တယ်။ သူကသူ့လက်ကို အလိုလျောက် ခေါင်းပေါ်မှာထားလိုက်ပြီး သူ့ရဲ့အလေးချိန်ကို လျော့ချလိုက်တယ်။ ကျန်းယွမ်က သူမရုတ်တရက် မျက်စိဖွင့်လာပြီး ရှောင်ချုံးကို ကြည့်နေတယ်။ သူမရဲ့မျက်ဝန်းတွေက နဂိုကတည်းက လှပေမဲ့ အခုဆေးအာနိသင်အောက်မှာတော့ သူတို့က ပိုပြီးဆွဲဆောင်မှု ရှိနေတယ်။ သူ့ရဲ့တစ်ဘဝလုံးမှာ ရှောင်ချုံးက မရေမတွက်နိုင်အောင် လှပတဲ့အမျိုးသမီးတွေ တွေ့ခဲ့ပေမဲ့ သူကဒီနေ့လိုမျိုး တစ်ခါမှ မတွေးကြည့်ဖူးဘူး။ ဘာလို့လဲဆိုတော့ ကျန်းယွမ်ရဲ့ အကြည့်တစ်ချက်နဲ့ သူ့ရဲ့နှလုံးသားက အရမ်းခုန်တာ မြန်လာပြီး သူ့ရဲ့မျက်နှာတစ်လျှောက် နီရဲလာတယ်။ ကျန်းယွမ်သတိပြန်ဝင်လာတာကို တွေးမိပြီး တိုးတိုးလေး ပြောလိုက်တယ်။
“ကျန်းယွမ် ”
ဒါပေမဲ့ ကျန်းယွမ်က သူ့ကိုပဲကြည့်နေပြီး သူမရဲ့မျက်ဝန်းတွေက အာရုံစူးစိုက်မှု ပျောက်ဆုံးလာတယ်။ ရှောင်ချုံးက ပြောလိုက်တော့မဲ့ အချိန်မှာ ကျန်းယွမ်က ရုတ်တရက် လက်ဆန့်လိုက်ပြီး ရှောင်ချုံးရဲ့ လည်ပင်းကိုဖက်လိုက်ပြီး သူ့ကိုသူမဆီကို ရုတ်တရက် ဆွဲသွင်းလိုက်တယ်။ ရှောင်ချုံးက ဒီတစ်ကြိမ်တော့ လုံးဝဟန်ချက် ပျက်သွားခဲ့တယ်။
သူ့ရဲ့နှုတ်ခမ်းကို ပျော့ပြောင်းတဲ့ အရာတစ်ခုခု ဖိတာကို ခံလိုက်ရပြီး သူမရဲ့ပုံမှန် အေးစက်ပြီး ဂရုမစိုက်တဲ့ ပုံနဲ့မတူဘဲ အဲ့ဒါက ပန်းရနံ့သင်းနေတယ်။ ရှောင်ချုံးရဲ့ ရှည်လျားတဲ့ မျက်တောင်တွေက ဂယောင်ဂတမ်းဖြစ်နေတဲ့ မိန်းမပျိုလေးကို ကြည့်လိုက်တယ်။
“မကောင်းဆိုးဝါးကြီး…. ”
ကျန်းယွမ်က သူမရဲ့လက်ကို ဖြေလျော့လိုက်ပြီး မရေမရာနဲ့ တိုးတိုးလေး ပြောခဲ့တယ်။
ရှောင်ချုံးက မျက်လုံးဖွင့်လိုက်တယ်။ သူမက သူ့အကြောင်း ပြောနေတာလား။ ကျန်းယွမ်က ဒီအချိန်မှာ သူဘယ်သူလဲဆိုတာကို မသိတာ ထင်ရှားတယ်။ သူမက ရေရွတ်လိုက်တယ်။
“ရှင့်ရဲ့ခန္ဓာကိုယ်က အရမ်းအေးတာပဲ။ ” သူမကပြောပြီးတာနဲ့ ရှောင်ချုံးရဲ့လက်မောင်းတွေထဲကို တိုးဝင်လိုက်တယ်။ ရှောင်ချုံးက အကျဉ်းအကြပ်ထဲကို ရောက်နေတယ်။ သူကကျန်းယွမ် သူ့လက်မောင်းထဲကို တိုးဝင်တာကို ဖြေရှင်းနိုင်ပေမဲ့ သူမကဘာလို့ သူ့ရဲ့ခါးပတ်ကို ဆောင့်ဆွဲနေတာလဲ။ သူကငယ်ငယ်ထဲက အထီးကျန်စွာနဲ့ နေလာပြီး ပျော်ရွှင်မှု ဒါမှမဟုတ် ဒေါသကိုလည်း မပြခဲ့ဘူး။ ဒါကတကယ်ပဲ စိတ်ရှုပ်စရာ အခြေအနေပဲ။ သူကသူ့ရဲ့ခါးပတ်ကို လက်တစ်ဖက်နဲ့ထိန်းပြီး ကျန်းယွမ်ကို အကူအညီမဲ့စွာနဲ့ ဖိထားလိုက်တယ်။ ဆေးသောက်မိတဲ့ တစ်ယောက်ယောက်က တကယ်ပဲ လုံးဝပြောင်းလဲသွားတာပဲ။ ကျင်းစမ်းကဘာလို့ ပြန်မလာသေးတာလဲ။
သူ့အသက်ကို စွန့်စားပြီး ပန်းပြတင်းပေါက်ကနေ ကြည့်နေတဲ့ အိမ်တော်ထိန်းက လုံးဝမျက်နှာ နီရဲသွားတယ်။ တစ်ဖက်မှာသူက အနာဂတ်သခင်မလေးရဲ့ ရဲတင်းမှုကို မြင်နေရပြီး တစ်ဖက်မှာ ရိုးသားဖြောင့်မတ်တဲ့ အကျင့်နဲ့ သူ့ရဲ့သခင်လေးက ဒီတိုင်းကြီးပဲ နေနေတာကို မြင်နေရတယ်။ သခင်မလေးက အရင်ဆုံး ဒီလိုမျိုးအပြုအမူနဲ့ လှုပ်ရှားခဲ့ပေမဲ့ သခင်လေးက ယောက်ကျာ်းတစ်ယောက်အနေနဲ့ ကြောက်ရွံ့မှု ကင်းမဲ့သင့်တယ်။ အိမ်တော်ထိန်းယိမ်းက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်တယ်။ သူ့ရဲ့သခင်လေးက အရာရာတိုင်းမှာ အရမ်းကောင်းမွန်ပြီး သူ့ရဲစာရိတ္တပိုင်းမှာလည်း အရမ်းကောင်းမွန်နေတဲ့ ယောကျာ်းတစ်ယောက် ဆိုပေမဲ့ သူကကျန်းယွမ်အတွက် ဖြေဆေးအနေနဲ့ သူ့ကိုယ်သူ ပေးပြီးသား ဖြစ်နေမှာဖြစ်တယ်။ မြို့တော်ရဲ့ အကောင်းဆုံး ဆောင်ကြာမြိုင် (၁၂)အိမ်ထဲမှာ ပိုင်ဝလူက အကျော်ကြားဆုံးဖြစ်တယ်။ လှပပြီး ထက်မြတ်တဲ့ အမျိုးသမီးတွေကိုတော့ ပြောမနေနဲ့။ သူတို့အကုန်လုံးက လူထုရဲ့ အမျိုးမျိုးသော အသွင်အပြင်ကို တွေ့ခဲ့ပြီးပြီဖြစ်တယ်။ ဒါကြောင့် အဆင့်မြင့်အရာရှိတွေနဲ့ မြင်မြတ်တဲ့ အိမ်တော်ကလူတွေက သူတို့ကမ်းလှမ်းမှုကို ယူချင်ကြပြီး သူတို့ကို ချီးမွန်းချင်ကြတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ပုံမှန်မဟုတ်တဲ့ ဧည့်သည်တစ်ယောက်က ရောက်လာခဲ့တယ်။
ဧည့်သည်က အကီၤျအရှည်နဲ့ အစိမ်းရောင် အဝတ်ဖိနပ်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို ထုံးထားတယ်။ သူ့ရဲ့အသွင်အပြင်က ယောကျာ်းတစ်ယောက်လိုမျိုး ဖြစ်ပေမဲ့ သူကအမျိုးသမီး ဖြစ်နေတယ်။ ဆောင်ကြာမြိုင်ရဲ့ သခင်မက သူမကို ပြင်းထန်တဲ့အကြည့်နဲ့ ကြည့်နေတယ်။ တစ်ချက်ကြည့်ရုံနဲ့ သူမရဲ့မျက်နှာသွင်ပြင်က အရမ်းလှပပြီး သူမရဲ့ အဝတ်တွေက ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ သူတို့က မိုးကာချည်သားတွေနဲ့ ချုပ်ထားတာဖြစ်တယ်။ အဲ့ဒါက အမျိုးသမီးတစ်ယောက် ဆောင်ကြာမြိုင်ထဲကို ဝင်လာတာက လုံးဝထူးဆန်းနေပေမဲ့ သခင်မက သူမကိုကြိုဆိုပြီး ပြောလိုက်တယ်။
“ဘာလို့သခင်မလေးက ကျွန်မတို့ရဲ့ ပိုင်ဝါးလုကို လာလည်တာလဲ။ ”
ကျင်းစမ်းက သခင်မကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။ “ကောလဟာလတွေအရ ပိုင်ဝါးလုက အတွေ့အကြုံရှိပြီး နှံ့စပ်တယ်ဆို ရှင်ချန်ဖမ်းလူအကြောင်း သိလား။ ”
သခင်မရဲ့မျက်နှာက ချက်ချင်းပဲ ပြောင်းလဲသွားပြီး သူမကျင်းစမ်းကို လေးနက်မှုနဲ့ လေးလေးနက်နက် ကြည့်လိုက်တယ်။ အတွေးတစ်ချို့တွေးပြီး သူမကမေးလိုက်တယ်။
“ငါတို့သခင်မလေးက ချန်ဖမ်းလုအကြောင်း မေးတာဘာလဲ။ ”
“ကျွန်မသူငယ်ချင်းက ဂရုမစိုက်မိလို့ အဲ့ဆေးကို သောက်မိသွားတယ်။ ပိုင်ဝါးလုက မြို့တော်ရဲ့ အကြီးဆုံး မိန်းမလှလေးတွေ ရှိတဲ့နေရာဖြစ်ပြီး ရှင်တို့က ဒီအကြောင်းကို သိမှာသေချာတယ်။ ”
![](https://img.wattpad.com/cover/344006526-288-k561366.jpg)