အခန်း (၁၃၈)
ကျောက်ဖေးကျောင်းက ထွားကြိုင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ဒီနေ့သူက ကျန်းယွမ်ကူညီခဲ့တာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ အဲ့တုန်းကသူက အရမ်းစိတ်တိုနေခဲ့တယ်။ အဲ့အချိန်မှာ ကျန်းယွမ်က ထျန်ကျူးကို ကောင်မန်ကို ရေကန်ဘေးက တောင်အတုပေါ်မှာ ထားခဲ့ဖို့ ညွှန်ကြားခဲ့တယ်။ ထျန်ကျူးက သူမရဲ့အမြန်ပဲ သူမတာဝန်ကို လုပ်ဆောင်ခဲ့လို့ ကောင်မန်ရဲ့ ခေါင်းက တောင်အတုနဲ့ တိုက်မိပြီးတော့ မကြာခင်မှာ သွေးစီးကြောင်း ကျလာတယ်။
အဲ့အချိန်မှာ ရှိတဲ့လူတွေက ခဏလန့်သွားကြပြီး ဘယ်သူမှဘာမှ မပြောရဲကြဘူး။ ကျောက်ကျင်းက နောက်ကျောဓားနဲ့ ထိုးတဲ့လူတွေကို အမြဲတမ်း ရွံ့ရှာခဲ့တာဖြစ်တယ်။ ဒီလိုပဲ ကျောက်ဖေးကျောင်းလည်း အဲ့တိုင်းပဲဖြစ်တယ်။ ထျန်းကျူးက သူမရဲ့အင်္ကျီထဲက ကြွေပုလင်းလေးကို ထုတ်ပြီ ကောင်မန်ရဲ့နှာခေါင်းနားမှာ ယမ်းလိုက်ပြီး သူမက မတ်တပ်ရပ်ပြီး ပြောလိုက်တယ်။
"သခင်မလေး သူမက နောက်ထပ်လေးနာရီ ကြာတဲ့တိုင်အောင် နိုးလာမှာ မဟုတ်ပါဘူး"
ကျောက်ဖေးကျောင်းက ကောင်မန်ကို စေ့စေ့စပ်စပ် စစ်ဆေးပြီးတော့မှ သူကစိတ်အေးသွားပြီး ပြောလိုက်တယ်။
"မင်းရဲ့အစေခံက ကိုယ်ခံပညာ တတ်တာပဲလား။ မင်းသူ့ကို ဘယ်မှာရှာခဲ့တာလဲ"
ကျောက်ဖေးကျောင်း ကိုယ်တိုင်က ကိုယ်ခံပညာကျင့်ခဲ့တဲ့ လူတစ်ယောက်ဖြစ်ပြီးတော့ သူကထျန်ကျူးရဲ့ ပညာက အရမ်းမနိမ့်ကျဘူးဆိုတာ သိတယ်။
ကျန်းယွမ်က သတင်းဖြန့်ပြီး ပြန်လာတဲ့ လျူကျူးကို ကြည့်လိုက်တယ်။
"သခင်မလေး ရှမိသားစုရဲ့ အစေခံနှစ်ယောက်နဲ့ တခြားသခင်မလေးက ဒီကိုရောက်လာနေကြပါပြီ။"
ဒါပေါ့ အဲ့ဒါရှမိသားစု။ ကျန်းယွမ်ရဲ့ မျက်ဝန်းတွေက တောက်ပသွားတယ်။
"ကောင်းတယ်။ ငါတို့သူတို့ကို လှောင်ပေးလိုက်ရအောင်။"
သူမပြောပြီးတာနဲ့ လူအုပ်တစ်အုပ်ကို စီရင်စုအရာရှိရဲ့ သခင်မက ဦးဆောင်လာပြီး သူတို့က တောထဲကို ဝင်လာတယ်။ ရှန်ရုံက စကားပြောနေတဲ့အချိန်မှာ ယုယရဲ့အကြည့်တွေက တောလယ်မှာ ရောက်သွားတယ်။ သူမက တစ်ခုခုကို ရှာနေသလိုပဲ။
![](https://img.wattpad.com/cover/344006526-288-k561366.jpg)