အခန်း (၂၁၅)
လူတွေက သူတို့ကိုယ်သူတို့ တခြားသူတွေ အသုံးချတာ ခံနေရတာကို မသိဘူး။ ကျန်းတန်က ကျင်းရင်ဝမ်အိမ်တော်ကို ချောက်ချဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ ကျန်းယွမ်က အခြေအနေထဲကို ကိစ္စတစ်ခုနှစ်ခု ထည့်လိုက်တာနဲ့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ဖြေလို့မရနိုင်တဲ့ ကြိုးထုံးတစ်ခုဖြစ်သွားတယ်။
ချန်းရှက ကျန်းတန်ရဲ့ သွေးခုန်နှုန်းကို တိုင်းလိုက်တဲ့အချိန်မှာ ကျန်းတန်ဘဝ ပျက်သွားတာပဲ။ နန်းတေ်ာထဲမှာ မင်းသားတစ်ယောက်နဲ့ ဧကရာဇ်ရဲ့ကိုယ်လုပ်တော်တစ်ယောက်ရထားတဲ့ကလေးကို သတ်ဖို့က ဝန်မလေးကြဘူး။ နန်းတော်ထဲမှာ မိသားစုအချင်းချင်း ချစ်ကြိုက်တာကို သဘောမတူဘူးဖြစ်တယ်။ ဒီနန်းတော်က ဒီလိုအရာတွေကို အမုန်းဆုံးဖြစ်တယ်။
ဧကရာဇ်က ရွှမ်းဟွာကိုကြည့်လိုက်တယ်။ ဒီအချိန်မှာ ဧကရာဇ်ရဲ့ အကြည့်တွေက အဖေတစ်ယောက်က သားတစ်ယောက်ကို ကြည့်တဲ့အကြည့်မဟုတ်ဘဲ ပုန်ကန်တဲ့သူတစ်ယောက်ကို ကြည့်တဲ့ ရက်စက်စွာတဲ့အကြည့်ဖြစ်သွားတယ်။ သူက ဖြည်းဖြည်းချင်းပြောလိုက်တယ်။
"ငါးယောက်မြောက်သား မင်း အိမ်ရှေ့စံကို လုပ်ကြံခဲ့ပြီး ငါ့ရဲ့ ကိုယ်လုပ်တော်နဲ့ လက်ထပ်ချင်တယ်ပေါ့။ မင်း ကောင်းကင်ဘုံရဲ့ဆန္ဒကို လွန်ဆန်ချင်နေတာလား"
ရွှမ်းဟွာ နဖူးပေါ်မှာ ချွေးတွေစီးကနေပြီး သူ ဧကရာဇ်ကို ကြည့်နေရင်း ရုတ်တရက် ပြုံးလာတယ်။ ဒီကစားပွဲမှာ သူ ရှုံးနိမ့်သွားခဲ့ပြီဖြစ်တယ်။ ရွှမ်းလီက သူ့ကို နှစ်ပေါင်းများစွာ စခဲ့ပေမဲ့ ဉာဏ်ကောင်းခဲ့လို့ နန်းတော်ထဲမှာ ရှင်သန်နေရတာဖြစ်တယ်။ ဒီနေ့ သူဘာလို့ ကျန်းတန်နဲ့ ပူးပေါင်းလုပ်ဖို့ လက်ခံခဲ့လဲဆိုတာကို တွေးမိခဲ့တယ်။ သူ့ရဲ့ အနာဂတ်ကို မြှုပ်နှံလိုက်ရလို့ သူ အရမ်းဒေါသထွက်နေခဲ့တယ်။ သူ ကျန်းတန်ကို ကြည့်လိုက်ပြီးပြောလိုက်တယ်။
"အရူးမ တကယ်လို့ နင့်ကြောင်သာ မဟုတ်ရင် ငါ ဒီအခြေအနေကို ရောက်မှာမဟုတ်ဘူး"
