Part 193

961 109 0
                                    

အခန်း (၁၉၃)

တောနက်ထဲမှာ ခရမ်းရောင်ဝတ်ရုံနဲ့လူက မြင်းပေါ်က ဆင်းလိုက်ပြီးတော့ လူငယ်ကိုကြည့်ပြီး ပြောလိုက်တယ်။

"သုံးယောက်မြောက်အစ်ကို ခင်ဗျား ဒီလောက်နှစ်တွေအများကြီး ကြာတာတောင်မှ အမဲလိုက်တာမှာ ကျွမ်းကျင်နေတုန်းပဲနော်"

ရှောင်ရှို့က သူ့ဘက်လှည့်ကြည့်လိုက်ပြီး မြင်းပေါ်က ဆင်းလိုက်တယ်။ သူ့ပုခုံးမှာတော့ သားကောင်တွေ တွဲလောင်းချိတ်ထားပြီး အဲ့ထဲကတစ်ကောင်က အဖြူရောင်မြေခွေးဖြစ်ပြီး အရမ်းလူစိတ်ဝင်စားမှု ရစေတဲ့အရာဖြစ်တယ်။ သူ့တစ်ကိုယ်လုံးက နှင်းလိုဖြူဖွေးနေပြီးတော့ အဲဒီသားကောင်ရဲ့လည်ပင်းမှာ မြှားတစ်ချောင်း စိုက်ဝင်နေတယ်။ ဒီလိုမျိုးသားကောင်ကို ဒီလိုနှင်းတောထဲမှာ ဖမ်းရတာက အရမ်းခက်ခဲပြီး ဒီအဖြူရောင်မြေခွေးရဲ့အမွှေးက နှင်းနဲ့ရောပြီး သူကပတ်ဝန်းကျင်နဲ့အတူ ကိုယ်ရောင်ဖျောက်နေတတ်တာဖြစ်ပြီး မင်းရဲ့အမြင်အာရုံက အရမ်းမကောင်းမွန်ရင် အဲဒီလိုသားကောင်ကို ဖမ်းနိုင်မှာမဟုတ်ဘူး။ ဒီဝံပုလွေက အရမ်းကြီးမားပြီးတော့ သန်မာတယ်။ ဒါပေမဲ့ ကံဆိုးတာကသူက ရှောင်ရှို့နဲ့ တွေ့ခဲ့တာပဲ။

"အဲဒါက သားကောင်တစ်ကောင်ပဲကို။"

ရှောင်ရှို့က ဂရုမစိုက်သလို ပြောလိုက်တယ်။

"သုံးယောက်မြောက်အစ်ကိုက ဒီအဖြူရောင်ဝံပုလွေကို သုံးယောက်မြောက်အစ်မအတွက် အနွေးထည် လုပ်ပေးဖို့အတွက် ဖမ်းခဲ့တာလား။ ဒီအဖြူရောင်ဝံပုလွေရဲ့ အရေခွံက ရှာဖို့အတွက် အရမ်းခက်တယ်။ သုံးယောက်မြောက်အစ်မက အခုအရမ်းဆိုးဝါးတဲ့ ရောဂါကနေ ပြန်ပြီးသက်သာလာတာဆိုတော့ သူ့ကိုယ်သူ ဂရုစိုက်ဖို့ လိုမှာပဲ"

ရှောင်ရှို့ကသူ့ကို ဘာမှမပြောဘဲနဲ့ ကြည့်နေတယ်။ မော့ချောင်က သူ့ကိုဒီလိုမျိုး အေးစက်စွာ ကြည့်နေတာကိုမြင်တော့ ခေါင်းခါလိုက်ပြီး ပြုံးလိုက်တယ်။

"အဖြူရောင်မြေခွေးရဲ့ အရေခွံက အရမ်းကောင်းပေမဲ့ သုံးယောက်မြောက်အစ်မက အဖြူရောင်ကို အမုန်းဆုံးပဲ။ တကယ်လို့ အဲဒါက အနီရောင် မြေခွေးအမွှေးဆိုရင်တော့ သူမပိုပြီးတော့ ပျော်မှာ။"

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Dove le storie prendono vita. Scoprilo ora