အခန်း (၁၉၇) (က)
ကျန်းယွမ်က ရယ်လိုက်တယ်။ သူမက ရွှမ်ဖေးရဲ့နဖူးကို အသာလေး တောက်လိုက်ပြီး ပြုံးပြီးပြောလိုက်တယ်။
"လျှောက်ပြောမနေနဲ့"
ဒါပေမဲ့ သူမရင်ထဲမှာ အဲ့အကြောင်းကို လေးနက်စွာနဲ့ တွေးနေတယ်။ ရှောင်ရှုံးက သူမက နှစ်ဘဝ နေခဲ့ရတယ်ဆိုတာကို မသိခဲ့ဘူး။ သူမရဲ့ အရင်ဘဝနဲ့ အခုဘဝ ပေါင်းလိုက်ရင် သူမရဲ့အသက်က ရှောင်ရှုံးထက် အများကြီး ကြီးတယ်။ ဒီမိန်းမပျိုလေးက သူ့ရဲ့ခင်ပွန်းထက် အသက်အများကြီး ကြီးတာ သိပ်ပြီတော့ အကျိုးအကြောင်းတော့ မသင့်ဘူး။
ကျန်းယွမ်ကဒါကို လေးလေးနက်နက် တွေးနေတာကိုမြင်တော့ ရွှမ်ဖေးရဲ့ မျက်ဝန်းထဲမှာ နည်းနည်း မကျေနပ်တဲ့ အရိပ်အယောင် ဖြတ်သွားတယ်။ ပြီးတော့ သူက ကျန်းယွမ်ရဲ့လက်ကို ဆွဲလိုက်ပြီး ပြောလိုက်တယ်။
"သူနဲ့မယ်တော်ရဲ့ ဆက်ဆံရေးက ဘာလဲတော့ ကျွန်တော်မသိဘူး။ ကျင်းရီဝမ်နဲ့ မယ်တော် လက်ထပ်လိုက်တာက ကျွန်တော်ကို ရုတ်တရက် အံ့အားသင့်သွားစေတယ်။ သူနဲ့မယ်တော် လက်ထပ်လိုက်တာက ကောင်းတဲ့အရာ မဟုတ်ဘူးလို့ ကျွန်တော် တွေးခဲ့သေးတယ်။ ဒါပေမဲ့ အခု ဒီလိုမျိုးဆိုတော့လည်း ရွှမ်းလီနဲ့ ယှဉ်လို့ရပြီဖြစ်ပြီးတော့ ကျင်းရီဝမ် အိမ်တော်ထဲကို လက်ထပ်လိုက်တာက ရွှမ်းလီနဲ့ ရန်များနေရတာထက်တော့ ပိုပြီးတော့ ကောင်းပါတယ်"
ရွှမ်ဖေးက ငေ့ါပြောလိုက်တယ်။ သူကရှောင်ရှုံးနဲ့ ကျန်းယွမ်တို့ လက်ထပ်လိုက်တာကို အသိအမှတ် မပြုပေးသေးဘူးဖြစ်တယ်။ ဒါပေမဲ့လည်း ကျင်းရီဝမ်အိမ်တော်က အာဏာရှိပြီးတော့ အနာဂတ်မှာ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က ဘယ်လိုပဲ ပြောင်းလဲသွားပါစေ ရှောင်ရှုံးရဲ့ အဆင့်အတန်းကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ဒါပေမဲ့ တကယ်လို့ သူသာကျန်းယွမ်က ဒီဘဝမှာ ပြန်ပြီးတော့ ဝင်စားတယ်ဆိုတာကိုသိရင် သူကရှောင်ရှုံးနဲ့ ကျန်းယွမ်ကို လက်ထပ်ခွင့် ပေးမှာမဟုတ်ဘူး။
ကျန်းယွမ်က ရယ်လိုက်ပြီး သူ့ခေါင်းကို သာသာလေး ပုတ်လိုက်တယ်။