အခန်း (၂၂၉)
ရှောင်ရှို့ အမှောင်ထဲမှာ တိတ်ဆိတ်စွာနဲ့ မတ်တပ်ရပ်နေတယ်။ ရုတ်တရက် တံခါးက ဘုန်းကနဲပွင့်လာပြီး ကျန်းယွမ်ရဲ့ အေးစက်တဲ့အသံ ထွက်ပေါ်လာတယ်။
"ဝင်မလာသေးဘူးလား"
"ဟေ့ သခင်မလေးက တကယ်သတ္တိရှိတဲ့ မိန်းကလေးပဲ"
ကျင်းဆန်း သက်ပြင်းချလိုက်တယ်"
ရှောင်ရှို့က တံခါးပွင့်သွားတာနဲ့ အထဲကို ဝင်သွားတယ်။ သူ အိမ်ထဲကို ရောက်တာနဲ့ လုကျူးလန့်သွားခဲ့ပြီး ပြောလိုက်တယ်။
"သခင်လေး"
"နင် အပြင်ကိုထွက်နှင့်"
ကျန်းယွမ် သူမကို ပြောလိုက်တယ်။ လုကျူး ကျန်းယွမ်ကို တုံ့ဆိုင်းစွာနဲ့ ကြည့်လိုက်ပြီး ထွက်သွားတယ်။ လုကျူးထွက်သွားပြီးတော့ သူတို့နှစ်ယောက်ပဲ အထဲမှာကျန်ခဲ့ပြီး ကျန်းယွမ် စားပွဲရှေ့မှာထိုင်လိုက်ပြီး ရှောင်ရှို့ စကားပြောမယ့်အချိန်ကို စောင့်နေတယ်။
ခဏလောက်တိတ်ဆိတ်နေပြီးတော့ ရှောင်ရှို့ သူမနဲ့ မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီး နောက်ဆုံးမှာ မေးလိုက်တယ်။
"မင်း ဘာတွေသိထားလဲ"
"ရှင်ဘာပြောတာလဲ"
ကျန်းယွမ် ပြန်မေးလိုက်တယ်။
ရှောင်ရှို့ ဒီမေးခွန်းကို ဘယ်လိုဖြေရမှန်း မသိဖြစ်သွားတယ်။
"ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မင်းကို အရင်မနှုတ်ဆက်လိုက်မိဘူး"
ကျန်းယွမ် သူ့ကိုကြည့်လိုက်တယ်။
"တကယ်လို့ ရှင် ကျွန်မကို အရင်နှုတ်ဆက်မယ်ဆိုရင် ရှင် ဘယ်လိုလုပ်ပြီး ဒီကစားပွဲကို ကစားနိုင်မှာလဲ။ ဒီကစားပွဲကို ရှင်လည်း မသိတာမဟုတ်ဘူး"
ရှောင်ရှို့ ဒီစကားကိုကြားတော့ ကျန်းယွမ်ကို နည်းနည်းအံ့အားသင့်စွာနဲ့ကြည့်လိုက်တယ်"
"ဒါဆိုရင် မင်း စိတ်ဆိုးမနေဘူးပေါ့"
"စိတ်ဆိုးတယ်ဟုတ်လား"