Part 167

1.4K 154 5
                                    

အခန်း (၁၆၇)

ကျန်းစုစု ကြက်သေသေသွားပြီး သူမက နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။

"ရှင်ဘယ်သူလဲ"

အဲ့လူက ပြုံးပြီးပြောလိုက်တယ်။

ဒီမိန်းမလှလေးက ဘယ်ကနေပြီး ဒီတောထဲကို ရောက်လာတာလဲ။ ဒီလိုညကြီးမင်းကြီးထဲမှာ တောကြီးမျက်မဲထဲမှာ မလုံခြုံဘူးဆိုတာ သိရဲ့လား။ ဒါမှမဟုတ် မင်းရဲ့ချစ်သူက မင်းဆီကို မလာတာလား။ ကိုယ်မင်းကို နှစ်သိမ့်ပေးရမလား။ ကျန်းစုစု လန့်သွားပြီးတော့ ဒီလူက သူမကို စာပို့တဲ့သူမဟုတ်ဘူးဆိုတာသိသွားတယ်။ ဒီလူရဲ့ အဝတ်ကို ကြည့်ရတာသူက ကြမ်းတမ်းပြီးတော့ မကောင်းတဲ့လူပဲ။ သူမက ပြောလိုက်တယ်။

"ရှင်ဘာလိုချင်တာလဲ။ ကျွန်မဘယ်သူလဲဆိုတာ သိရဲ့လား။ မြို့တော်ဝန်အရာရှိရဲ့ သမီးပဲ။ အခုကျွန်မရဲ့ အစောင့်တွေက ဒီကိုလာတော့မှာ။ ရှင်အခု သွားလို့ရပြီ"

အဲ့လူက သူမကို တစ်ချက်ကြည့်ပြီးတော့ သူက မလှုပ်ခဲ့ဘူး။ သူက ပြုံးပြီးပြောလိုက်တယ်။

"ကိုယ်ဒီတောထဲမှာ ဘယ်အရာရှိရဲ့ သမီးကိုမှ မတွေ့ဘူးဘူး။ မင်းက မင်းသမီးတစ်ယောက်လို့ပြောရင်တောင် ငါယုံပေးပါမယ်။ ကျန်းစုစုက သူပြောတာကို မြင်တော့ စိုးရိမ်သွားပြီး နောက်ကိုလှည့်ပြီးတော့ ကျယ်လောင်စွာနဲ့ အော်လိုက်တယ်။

" လာကူညီကြပါဦး"

ဒီတောထဲမှာ ရဲမက်တွေလိုက်လာလို့ မရအောင် အချိန်တော်ကြာပြေးခဲ့တာဖြစ်ပြီး သူမက တောနက်ကြီးထဲ ရောက်လာတာဖြစ်တယ်။ ဒီတော့ သူမက တောထဲကနေ ဘာသံမှ မကြားရဘူး။ အဲ့အချိန်မှာ အဲ့လူက သူမကို တစ်ချက်ရိုက်လိုက်တယ်။ သူရဲ့ အားက အရမ်းပြင်းလို့ ကျန်းစုစုက လဲတောင်ကျသွားတော့ မလိုပဲ။

အဲဒီလူက သူ့ကို ကြည့်ပြီး ပြောလိုက်တယ်။ တော်တော်လှတာပဲ။ ဒီနေ့ ငါတော်တော်ကောင်းတဲ့သူကို ရှာတွေ့တာပဲ။ မင်းကို တောင်ထဲကို ပြန်ခေါ်သွားရမယ်။ ဒီညတော့ ငါ့ရဲ့ ဘဝက ပြီးပြည့်စုံပြီပဲ။

ကျန်းစုစုက ရုန်းကန်ပေမယ့် သူမက ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူမကို အဲဒီလူက တောထဲကို ခေါ်သွားခဲ့တယ်။ အဲ့ဒီလူကကျန်းစုစုနဲ့ထွက်သွားတဲ့ အချိန်မှာ လရောင်အောက်မှာ အသွင်အပြင်တစ်ခုက ပေါ်ထွက်လာတယ်။ အဲဒါက ရဲ့ချန်းပဲ။ သူက ကျန်းယွမ်ရဲ့ ကိစ္စပြီးပြီဆိုတာကို သိလိုက်တယ်။ သူက ကျန်းစုစုလက်ထဲကို ကျန်းယွမ်ရဲ့ အမိန့်နဲ့ ပေးလိုက်ရတာဖြစ်တယ်။ ဒီတောက ဓားပြတွေနေတဲ့ တောဖြစ်တယ်။ ရဲ့ချန်းက ကျင်းရီရဲမက်တစ်ယောက်ဖြစ်ပေမယ့် ကျန်းယွမ်က ဒီလိုနေရာကို သိမယ်လို့ ထင်မထားဘူး။ ကျန်းစုစုက ကျန်းအိမ်တော်ရဲ့ အငယ်ဆုံးသမီးတစ်ယောက်ဖြစ်ပြီး သူမက ကျန်းစုစုရဲ့ စိတ်ထားကို အသိဆုံးဖြစ်တယ်။ သူမက ဒီစာကို ကျန်းစုစုဆီပေးလိုက်တာနဲ့ ကျန်းစုစုက ထောင်ချောကထဲရောက်လာမယ်ဆိုတာ သိတယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now