Part 172

1.1K 98 0
                                    

172 01

အခန်း (၁၇၂)

နေ့ရက်တွေကုန်ဆုံးသွားတာနဲ့ အစ်မျှ အစွန်းပိုင်းဆီကနေ ကောင်းမွန်တဲ့ သတင်းကို ရခဲ့တယ်။ ရှောင်ရှို့က ကျင်းရီရဲမက်တွေကို ဦးဆောင်ပြီးတော့ အစွန်းပိုင်းကို သွားပြီးတဲ့နောက် သူက စစ်တပ်ရဲ့ ဗျူဟာတွေအကုန်လုံးကို ပြောင်းလဲပြီးတော့ ထျန်ကျင်းကို ပြန်ပြီးတော့တွန်းလှန်တိုက်ခိုက်ခဲ့တယ်။

ထျန်ကျင်းနိုင်ငံတော်က ပြန်ပြီးတော့ မခုခံနိုင်ခင်မှာပဲ သူက တိုက်ပွဲနှစ်ခုကို အနိုင်တိုက်ယူနိုင်ခဲ့တယ်။ ပြီးတော့ ရန်သူရဲ့ ရှေ့တန်းအခြေအနေကလည်း သိပ်ပြီးတော့ မကောင်းတော့ဘူးဖြစ်တယ်။ ဒီတော့ ကြီးမြတ်တဲ့ ကျန်းနိုင်ငံတော်က စစ်သားတွေက အနားယူဖို့ အချိန်ရခဲ့တာဖြစ်တယ်။

ပြီးတော့ ရှောင်ရှို့ရဲ့လူတွေက ကျောက်ကွမ်းကို ကြီးမြတ်တဲ့ကျန်းနိုင်ငံတော်ကို ပြန်ပြီးတော့ ပို့ပေးလိုက်တယ်။ သူက ခဏတာ အနားယူရမှာဖြစ်တယ်။ သတင်းနှစ်ခုက ကြီးမြတ်တဲ့ကျန်းနိုင်ငံတော်ထဲက တင်းမာနေတဲ့ အခြေအနေနှစ်ခုကို ဖျောက်ဖြတ်ခဲ့ပြီးတော့ ဒီနေ့မှာ လင်ဇီရှန်းနဲ့ ဝမ်ဖေးဖေး ကျင်းရင်းဝမ်အိမ်တော်ကို သွားပြီးတော့ ကျန်းယွမ်ဆီကို သွားလည်ကြတယ်။ သူတို့က ပျော်ရွှင်နေခဲ့တယ်။ အရင် ကျင်းရင်းဝမ်တို့ လင်မယားရှိတုန်းက ကျင်းရင်းဝမ်သခင်မက ကြင်နာပြီးတော့ သူမမှာလည်း အရာရှိမိန်းမပျိုလေးတော်တော်များများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။ ပြီးတော့ ကျင်းရင်းဝမ်အိမ်ကို လာလည်တဲ့ လူတွေကလည်း အဆုံးမရှိပဲ။ နေ့တိုင်းကျင်းရင်းဝမ်အိမ်တော်က အလုပ်ရှုပ်နေတယ်။ အရင်ကျင်းရင်းဝမ်လင်မယားဆုံးသွားကတည်းက ရှောင်ရှို့က အေးစက်တဲ့စိတ်ထားရှိပြီးတော့ ကျင်းရင်းဝမ်အိမ်တော်ကို ဘယ်အစ်မျိုးသမီးကမှ ခြေမချခဲ့ဘူး။ ပြီးတော့ ကျင်းရင်းဝမ်အိမ်တော်က နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့တာဖြစ်တယ်။ ကျန်းယွမ် ကျင်းရင်းဝမ်အိမ်တော်ကို ရောက်ကတည်းက ကျင်းရင်းဝမ်အိမ်တော်က ပြန်ပြီးတော့ စည်စည်ကားကားဖြစ်လာတာဖြစ်တယ်။ အခု သူမရဲ့ သူငယ်ချင်းတို့က လာလည်တာဖြစ်တယ်။ ပြီးတော့ ဝမ်ဖေးဖေး လင်ဇီရှန်းတို့ကလည်း ကြီးမြတ်တဲ့ကျန်းနိုင်ငံတော်မှာ ထင်ရှားတဲ့ အစ်မျိုးသမီးတွေဖြစ်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now