Part 194

1.3K 124 1
                                    

အခန်း (၁၉၄)

အပြန်လမ်းက သူမခနန်းတောင်ပေါ်ကို သွားခဲ့တဲ့ နည်းလမ်းထက် ပိုပြီးတော့ လွယ်ကူခဲ့တယ်။ ဆရာပကျီက ကျန်းယွမ်ကို အဆိပ်ဖြေပြီးတဲ့နောက်မှာ ရှောင်ရှို့က မြို့တော်ကို ခိုတစ်ကောင် ပြန်လွှတ်ပြီး စာပို့ခိုင်းလိုက်တယ်။

ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကို ပြန်ရောက်သွားတော့ သူမတို့ ကျင်းရင်ဝမ်အိမ်တော်ကိုပဲ ဝင်ခဲ့ကြတယ်။ အိမ်တော်ထိန်းလင်းက သူမတို့ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေတာဖြစ်ပြီး ကျန်းယွမ် လုံလုံခြုံခြုံနဲ့ ပြန်လာခဲ့တော့ သူအရမ်း ပျော်ရွှင်ခဲ့ပြီးတော့ မျက်ရည်တောင် ကျခဲ့တယ်။ ပြီးတော့ သူမတို့နှစ်ယောက်လုံးကို ဘိုးဘေးခန်းကိုသွားပြီးတော့ သူတို့အတွက် ကံကောင်းမှုတွေရစေဖို့ ဝတ်ပြုခိုင်းခဲ့တယ်။

လျူကျူးနဲ့ တခြားလူတွေက ကျင်းရင်ဝမ်အိမ်တော်မှာပဲ နေခဲ့ရတာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ရှောင်ရှို့က အလျင်လိုနေတာဖြစ်ပြီး သူတို့ကသူ့အတွက် အချိန်ပိုကြာစေမှာပဲဖြစ်လို့ သူတို့ကို အိမ်မှာပဲ စောင့်ခိုင်းခဲ့တာဖြစ်တယ်။ ဒီရက်ပိုင်းတွေမှာ သူတို့က ကျန်းယွမ်နဲ့ မတွေ့ခဲ့ရဘူးဖြစ်ပြီး ကျန်းယွမ် ရထားလုံးထဲကနေ ထွက်လာတဲ့အချိန်မှာ သူတို့က သူမနားကို ဝိုင်းအုံလာကြတယ်။ လျူကျူးက ရယ်လိုက်တယ်။

"သခင်မလေးက အသက်အန္တရာယ် ကျရောက်တာကနေ ကင်းလွတ်လာတာဆိုတော့ ကျွန်မတို့ သခင်မလေးအတွက် ဂုဏ်ပြုပွဲ ကျင်းပပေးရမယ်"

ပိုင်ကျီက စိုးရိမ်စွာနဲ့ ပြောလိုက်တယ်။

"အဆိပ်ဖြေပြီးတော့ ဘာမှဆိုးကျိုးတွေမရှိတာ တော်ပါသေးတယ်။ ဒီအဆိပ်က သခင်မလေးရဲ့ ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေတာဖြစ်ပြီးတော့ အခုတော့ သခင်မလေး စိတ်အေးလက်အေး နေလို့ရပြီလေ"

"နင်တို့ဘာတွေ လုပ်နေတာလဲ"

လန်ချောင်က ပိုင်ကျီတို့ကို ကြည့်လိုက်တယ်။

"သခင်မလေးက အခုမှ ပြန်ရောက်လာတာ။ ဒီတော့သူမကို အနားပေးလိုက်ကြပါအုံး"

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Donde viven las historias. Descúbrelo ahora