Part 187

1.4K 132 1
                                    

အခန်း (၁၈၇)

အဲ့နေ့ညတုန်းက ကျန်းယွမ် အိပ်ပျော်ဖို့အတွက် အရမ်းခက်ခဲခဲ့တယ်။ ကျောက်မိန် သေဆုံးသွားပြီးကတည်းက သူက ဒီလိုမျိုး တစ်ယောက်ယောက်နဲ့ မအိပ်ခဲ့ဖူးဘူး။ ဒီလိုမျိုး ကျယ်ပြန့်တဲ့ အိပ်ယာပေါ်မှာ လှဲနေရင်း တစ်ယောက်ယောက်က သူမဘေးနားမှာ အိပ်နေတာက အရမ်းနိုးနိုးကြားကြား ရှိနေရမဲ့ အရာဖြစ်တယ်။ ဒါပေမဲ့သူမက ရှောင်ရှုံးသူမကို ပေးထားတဲ့ ဓားမြှောင်ကို သူမရဲ့ခေါင်းအုံးအောက်မှာ ထားမထားဘဲ ဘေးကသေတ္တာထဲမှာ ထားထားတာဖြစ်တယ်။ အိပ်ယာအတူတူ မျှအိပ်တာက သူမအတွက်တော့ တစ်မျိုးဖြစ်နေတယ်။ ပြီးတော့သူမက အရင်ဘဝတုန်းက ရွှမ်းလီနဲ့အတူ အိပ်ရဖို့အတွက် မျှော်လင့်ခဲ့ပေမဲ့ အဲ့လူက သူမတစ်ဘဝလုံးစာ လှည့်စားသွားခဲ့တာဖြစ်တယ်။

သူမကအရမ်း စိတ်လှုပ်ရှားနေပေမဲ့ ရှောင်ရှုံးကတော့ အမြန်ပဲ အိပ်ပျော်သွားတယ်။ သူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ ကျန်းယွမ်က အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ဘူး။ ကျင်းရီရဲမက်တွေရဲ့ ခေါင်းဆောင်က ဒီလိုမျိုး နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်တတ်တဲ့လူ ဖြစ်လိမ့်မယ်လို့ သူမထင်မထားဘူး။ ဒါပေမဲ့ ဒီလူငယ်ကတော့ သူမဘေးမှာ အိပ်ရတာ အလုံခြုံဆုံးလို့ သတ်မှတ်ထားတဲ့အတိုင်းပဲ အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တယ်။ အဲ့ဒါကိုကြည့်ရင်း ကျန်းယွမ်က ဖြေးဖြေးချင်း တည်ငြိမ်လာပြီးတော့ သူမရဲ့ ရှုပ်ထွေးတဲ့ ခံစားချက်တွေက ဖြေးဖြေးချင်း ပျောက်ကွယ်သွားတော့တယ်။ ပြီးတော့ သူမရင်ထဲမှာ ဘယ်တုန်းကမှ မခံစားဖူးတဲ့ ငြိမ်းချမ်းမှုတစ်မျိုးကို ခံစားနေရတယ်။

အချိန်တွေတစ်ရွေ့ရွေ့ ကုန်ဆုံးလာတာနဲ့အမျှ အနီရောင် ဖယောင်းတိုင်းက တဖြည်းဖြည်း အရည်ပျော်လာတယ်။ ဒီအိပ်ခန်းက ဘာမီးအလင်းရောင်မှ မရှိတော့ဘဲ လမင်းရဲ့ အလင်းရောင်တစ်ခုတည်းသာ ကျန်ရှိတော့တယ်။

နောက်တစ်နေ့ မနက်ခင်း ရောက်လာတဲ့အချိန်မှာ ကျန်းယွမ်က မျက်လုံးဖွင့်လိုက်တယ်။ သူမအရမ်း အံ့အားသင့်သွားတာက သူမမနေ့ညက တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တာကိုပဲ။ သူမဘေးကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့အကြည့် ကျရောက်သွားတဲ့နေရာက ဒီသူမဘေးက ခန့်ညားတဲ့လူရဲ့ မျက်နှာပေါ်ကိုပဲ ဖြစ်တယ်။ ရှောင်ရှုံးကအရမ်း လွတ်လွတ်လပ်လပ် နေနေတဲ့ပုံပဲ။ ကျန်းယွမ်ကိုယ်တိုင်က ဘာကြောင့်မှန်းမသိ သူမသူ့မျက်နှာပေါ်ကနေ အကြည့်မလွှဲနိုင်ခဲ့ဘဲ သူမရှေ့က ဒီလူငယ်ကိုပဲ တိတ်ဆိတ်စွာနဲ့ ကြည့်နေခဲ့တယ်။ ရှောင်ရှုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိပ်နေတာဖြစ်ပြီး သူကသူအိပ်ပျော်နေတဲ့ အချိန်မှာတောင်မှ မြင့်မြတ်တဲ့ ရောင်ဝါကို ထုတ်လွင့်နေတယ်။ သူမက သူ့ကိုမနိုးလိုက်ဘဲ သူ့ကိုပဲ သေသေချာချာ စိုက်ကြည့်နေခဲ့တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now