အခန်း (၁၃၇)
ကျောင်းကျန့်က စစ်တပ်မိသားစုဖြစ်ပြီး သူမကသတိကြီးကြီးထားပြီးတော့ ကျန်းယွမ်နဲ့ယှဉ်ရင် သူမက တချို့အကွက်တွေ ပိုပြီးတော့တတ်တယ်။ သူမက ကျန်းယွမ်ကို ကြည့်လိုက်ပြီးတော့ သူမရဲ့လက်တွေနဲ့ လှုပ်ရှားပြီးတော့ သူမက တိတ်ဆိတ်စွာနဲ့ ရှေ့ကို လျောက်သွားတယ်။ ကျန်းယွမ်က ထျန်းကျူးကို ကျောင်းကျန့်ဘေးနားမှာနေဖို့ အမိန့်ပေးခဲ့တယ်။ တစ်ခုခုဖြစ်ရင် ကူညီလို့ရအောင် ဖြစ်တယ်။
သူတို့က သူတို့ရဲ့ ရှေ့က နှစ်ယောက်ရဲ့ခြေသံကြားရပြီး တောအစွန်းရောက်တော့ သူတို့က မိန်းကလေးတစ်ယောက်အသံကို ကြားလိုက်ရတယ်။
"နင် အရှက်မရှိဘူးလား။"
နောက်ထပ်အသံတစ်သံကလည်း ချက်ချင်းပဲ ထွက်လာတယ်။ အဲဒါက ယောကျာ်းတစ်ယောက်ရဲ့အသံ ဖြစ်တယ်။သူ့ရဲ့အသံက ဒေါသနဲ့ စိတ်ပျက်မှုတို့ ပါဝင်နေတယ်။
"မင်းက ထူးဆန်းတဲ့လူပဲ။ဘာလို့ငါ့ရှေ့မှာ အဝတ်အစားတွေချွတ်ရတာလဲ။အရှက်ကို မရှိဘူး။"
ကျောက်ကျင်းက ကျန်းယွမ်ကို အကြည့်ချင်းဖလှယ်လိုက်ပြီး ဂရုတစိုက်နဲ့သူတို့ကို ကြည့်နေတယ်။သူတို့မြင်တာက သူတို့ကိုကျောပေးထားတဲ့ ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ယောကျာ်းလေးက ရွှေရောင်ဂန္ဓမာပန်း ဂုဏ်ပြုညစာစားပွဲကို တက်ရောက်တဲ့ လူငယ်တစ်ယောက်ဖြစ်ပုံပေါ်ပြီးတော့ သူ့ရဲ့ပုံကိုကြည့်ရတာ သူကဂုဏ်သရေရှိတဲ့သခင်လေးတစ်ယောက်ပဲ ဖြစ်ရမယ်။ရှေ့က အမျိုးသမီးက မရင်းနှီးတဲ့သူစိမ်းတစ်ယောက်ပဲ။သူမရဲ့ အဝတ်အစားတွေက ပြေလျော့ပြီး သူမရဲ့ ပုခုံးပေါ်ကျနေပြီး သူမရဲ့ ဖြူဖွေးတဲ့ အသားအရောင်ကိုပြနေတယ်။သူမက သနားစရာကောင်းတဲ့အသွင်အပြင်ရှိတယ်။
"အဲဒါကောင်မိသားစုရဲ့ ငါးမြောက်သခင်မလေး ကောင်မန်ပဲ။ ပြီးတော့ သူမက လက်ထောက်ဝန်ကြီးကောင်ရဲ့ အငယ်ဆုံးသမီးပဲ။"
"ကျောက်ကျင်းက သေသေချာချာကြည့်လိုက်ပြီး ကျန်းယွမ်နားကို တိုးတိုးကပ်ပြီး ပြောလိုက်တယ်။ ဒီနေ့ သူမက သူမရဲ့ အကြီးဆုံးအမကို အခမ်းအနားကို အဖော်ပြုပြီးလာတာပဲ။နင်..."
