အခန်း (၂၂၃)
ဒုတိယနေ့ နေ့လည်ခင်းမှာ ကျင်းအာ ကျင်းရင်ဝမ်အိမ်တော်ကို ပြန်ရောက်လာတယ်။ အိမ်တော်ထိန်းလင်းက အဲဒါကိုမြင်တော့ ချက်ချင်းပဲ သူ့ကိုခေါ်ခဲ့တယ်။ အိမ်တော်ထိန်းလင်းက ဘာဖြစ်နေမှန်းမသိပေမဲ့ ကျင်းအာက တစ်ချိန်လုံး ပျော်ပျော်ရွှင်ရွှင်နေနေတဲ့ လုကျူးလို ကောင်မလေးကို တစ်ညလုံးငိုအောင်လုပ်ခဲ့တာကိုတော့ သူ သိတယ်။ လန်ချောင်က ဘာမှမပြောပေမဲ့ လုကျူးမျက်နှာပေါ်က လက်ရာကြီးက အထင်းသားကြီးပဲ။ မြင်တဲ့သူတိုင်းက နည်းနည်းပါးပါးတော့ ခန့်မှန်းမိကြတယ်။ အဲဒါ မယုံကြည်နိုင်လောက်စရာကောင်းပေမဲ့ သူတို့ အဲ့အကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ကြဘူး။ ကျင်းအာပြန်လာတော့ အိမ်တော်ထိန်းလင်းကို သူ့ကို ချက်ချင်းပဲ သူ ဘယ်ကိုရောက်နေလဲဆိုတာကို ခေါ်မေးခဲ့တယ်။
ကျင်းအာမျက်နှာက အိမ်တော်ထိန်းလင်းထက်တောင် ပိုအိုစာနေတဲ့ပုံပေါ်တယ်။ အိမ်တော်ထိန်းလင်း သူ့ကို မေးခွန်းတွေ ထိုင်မေးနေခဲ့ပေမဲ့ ကျင်းအာ ဘာမှမပြောခဲ့ဘဲ စာကြည့်ခန်းဘက်ကိုပဲ ထွက်သွားတယ်။ အိမ်တော်ထိန်းလင်း ပြောလိုက်တယ်။
"သခင် ပြန်မရောက်သေးဘူး။ သခင်မလေးပဲ အထဲမှာရှိတယ်"
ကျင်းအာ ဆက်လျှောက်သွားတယ်။ အိမ်တော်ထိန်းလင်း တစ်ခုခုကို သတိရသွားပြီး လှမ်းပြောလိုက်တယ်။
"မင်း သွားတောင်းပန်ရမယ်နော်။ လုကျူးနဲ့ လန်ချောင်တို့က သခင်မလေးဘေးက လူတွေနော်။ မင်း သူတို့ကို အနိုင်ကျင့်တာက သခင်မလေးကို စော်ကားတာနဲ့ အတူတူပဲ။ မင်း တောင်းပန်ရမယ်။ ဒီအဘိုးကြီးကို မင်းကို သတိမပေးဘူးလို့ မပြောနဲ့နော်။ မိန်းကလေးတွေက ငါတို့နဲ့မတူဘူး။ မင်း သူတို့ကို ဒီနေ့တစ်နေ့တည်း တောင်းပန်ရုံနဲ့ ပြီးမသွားဘူးနော်။ မဟုတ်ရင် မင်းပဲ ခံစားရလိမ့်မယ်"
ကျင်းအာ မျက်နှာက ရှုံ့မဲ့နေတော့ သူ နောင်တရနေတယ်လို့ အိမ်တော်ထိန်းလင်းထင်ခဲ့တာဖြစ်တယ်။ ကျင်းအာရဲ့ ခြေလှမ်းတွေက မြန်လာပြီး အိမ်တော်ထိန်းလင်းကို နောက်မှာ ချန်ခဲ့တယ်။ ကျင်းဆန်းက အိမ်တော်ထိန်းလင်းနားကို ရောက်လာတယ်။ အိမ်တော်ထိန်းလင်း သက်ပြင်းချလိုက်တယ်။