Unicode
Part 171
အခန်း(၁၂၄)(က)
နန်းတော်ထဲမှာ လက်ရှိအခြေအနေတွေက ရှုပ်ထွေးနေပေမဲ့ အပြင်မှာတော့ သာယာနေတယ်။ တကယ်လို့ ငလျှင်လှုပ်ရင်တောင်မှ သာမာန်လူတန်းစားတွေက တစ်ခြားကိစ္စကို ပြောမှာဖြစ်တယ်။ တစ်ချိန်ထဲမှာပဲ ကျန်းလီရဲ့အခြေအနေက လူတစ်ချို့ကို တက်ကြွစွာနဲ့ ပြောစရာစကားတွေ အများကြီးမေးပြီး နောက်ထပ် အခြေအနေတစ်ခုက အသေးအဖွှဲ ကိစ္စတစ်ခုဖြစ်တယ်။
မြို့တော်ဝန်အိမ်တော်မှာ အရင်တုန်းက ပျော်ရွှင်စရာကောင်းတဲ့ လေထုရှိပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတယ်။ အခုလေထုကတော့ မှိုင်းညို့နေတယ်။
အစေခံတွေက သူတို့ရဲ့ တာဝန်တွေကို အရမ်းဂရုတစိုက် လုပ်နေကြတယ်။ ဘာလို့လည်းဆိုတော့ တကယ်လို့ သူတို့က တစ်ခုခုမှားပြီး လုပ်လိုက်မယ်ဆိုရင် သူတို့အပေါ်ကို ကံဆိုးမှုတွေက ကျရောက်လာမှာဖြစ်လို့ဖြစ်တယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲ့ဒီမြို့တော်ဝန် အိမ်တော်က အရင်တုန်းကနဲ့ မတူတော့တာကို သိသာတယ်။
မြို့တော်ဝန်တုန်က သိမ်မွှေ့ပြီး ခေတ်ဆန်တယ်လို့ ထင်ရပေမဲ့ တကယ်တော့သူက အရမ်းရှေးကျပြီး ခေါင်းမာတယ်။ ကံကောင်းစွာနဲ့ လုံသခင်မက ညင်သာပြီး အေးအေးဆေးဆေးဖြစ်လို့ အိမ်တော်ထဲမှာ နေ့ရက်တိုင်းက ဒေါသထွက်စရာ အခြေအနေကို ရှောင်ရှားနိုင်တာဖြစ်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်ခုခုထူးဆန်းတာ ဖြစ်ခဲ့သလိုပဲ။ လေထုက ထူးဆန်းနေတယ်။
အစေခံတစ်ယောက်က ခြံထဲမှာထိုင်နေပြီး အတွေးထဲမှာ နစ်မြောနေတဲ့ တော်ဝင်သခင်မကို ကြွေခွက် ကမ်းပေးလိုက်တယ်။
သူမကပြောတယ်။
“သခင်မ မီးဖိုချောင်က လတ်လတ်ဆတ်ဆတ် ပြင်ထားတဲ့ ငှက်သိုက်စွပ်ပြုတ်ပါ။ နည်းနည်းလောက် သောက်ကြည့်ပါအုံး။ ”
“ဒီအချိန်မှာ ဘယ်လိုလုပ်ပြီး ငါကဒါကို သောက်နိုင်မှာလဲ။ ”
တော်ဝင်သခင်မက ကြွေခွက်ကို ဘေးကိုတွန်းလိုက်တယ်။ သူမရဲ့မျက်နှာမှာ စိတ်ပူပန်တဲ့ အရိပ်အယောင် ရှိနေတယ်။
“ဒီလိုမျိုးအခြေအနေတွေနဲ့ တုန်မိသားစုက ချန်မိသားစုရှေ့မှာ ဘယ်လိုလုပ်ပြီး မျက်နှာပြရတော့မှာလဲ။ သခင်ကြီးက ထပ်ပြီးတော့ ဒေါသထွက်နေတယ်။ ပြီးတော့ ငါကလည်း အဲ့ကောင်မလေးက ဘာတွေဖြစ်နေမှန်း မသိဘူး။ ယင်းအာက အရမ်းခေါင်းမာပြီး ဒီလိုမျိုးအရာကို လုပ်ခဲ့တယ်။ အိုက်ယား။ ”
တုန်ယင်းအားနဲ့ ရှားကော်မရှင်အဖွဲ့ဝင်ချန်နဲ့ မိသားစုက တတိယမြောက် သခင်လေးတို့က အချင်းချင်း ကြီးလာရင် လက်ထပ်မယ်လို့ ကတိပေးခဲ့ကြပြီး သူတို့မိသားစုကလည်း သူတို့ အရွယ်ရောက်လာဖို့အတွက်ကို စောင့်နေကြတယ်။ ကလေးအချင်းချင်းက ငယ်ငယ်ကတည်းက တစ်ယောက်ကိုတစ်ယောက် ချစ်ကြပြီးတော့ တုန်မိသားစုနဲ့ ချန်မိသားစုကလည်း အချိန်အတော်ကြာ သူငယ်ချင်း ဖြစ်ခဲ့တာဖြစ်တယ်။ သူတို့ငယ်ငယ်တုန်းက လက်မထပ်ရသေးခင်က တုန်သခင်မနဲ့ ချန်သခင်မတို့က သူတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကို ပိုပြီးခိုင်မာလာဖို့အတွက် လက်ကိုင်ပုဝါကို အချင်းချင်းလဲလှယ်ခဲ့ကြတယ်။ ဒီလက်ထပ်မှုက သူတို့ကို ယောက္ခမ ဖြစ်လာစေမှာမို့ သူတို့ရဲ့ဆက်ဆံရေးကို ပိုပြီးနက်ရှိုင်းလာစေမှာ ဖြစ်တယ်။
အစက လက်ထပ်ဖို့ကို ဒီနှစ်ကုန်မှာ စီစဉ်မယ်လို့ ကြံထားတာဖြစ်ပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရုတ်တရက်ကြီး အကြောင်းအရင်း တစ်ချို့ကြောင့် တုန်ယင်းအာက ချန်မိသားစုထဲကို လက်မထပ်ချင်ဘူးလို့ ပြောခဲ့တယ်။ အစကတော့ အကုန်လုံးက တုန်ယင်းအာက အရွယ်ရောက်လာလို့ ရှက်ပြီးပြောတာလို့ ထင်ခဲ့တယ်။ သူတို့က သူမရဲ့စကားတွေကို ဂရုမစိုက်ခဲ့ကြဘူး။ သူမက ဒီတိုင်းပဲ စနောက်ပြောတာလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တုန်ယင်းအာက ချန်အပ်နဲ့ သူမကိုယ်တိုင် စကားပြောဖို့ အခွင့်အရေးကို အရယူပြီး သူကအိမ်တော်ကို လာလည်တဲ့အချိန်မှာ သူမကသူ့ကို သူမရင်ထဲမှာ တစ်ယောက်ယောက် ရှိနေပြီဖြစ်တယ်လို့ ပြောခဲ့ပြီး သူမမိသားစုကို လက်ထပ်ပွဲကို ဖျက်သိမ်းပေးဖို့ ပြောခဲ့တယ်။
ချန်မိသားစုရဲ့ တတိယသခင်လေး ချန်အပ်က ရိုးသားပြီး ဟန်မဆောင်တတ်တဲ့လူမျိုး ဖြစ်တယ်။ သူက တုန်ယင်းအာရဲ့ စကားတွေကို ကြားတဲ့အချိန်မှာ သူကသူမကို သူ့ကိုအတင်း လက်မထပ် ခိုင်းစေခဲ့ဘူး။ သူကအိမ်တော်ကိုပြန်ပြီး သူ့မိသားစုကို သူကသူမကို လက်မထပ်ချင်တော့ဘူးလို့ ပြောခဲ့တယ်။ အခုချန်မိသားစုက အဲ့လောက်လည်း မတုံးဘူး။ သူတို့က ချန်အပ်က ရုတ်တရက်ကြီး လက်ထပ်ပွဲကို ဘာအကြောင်းမှမရှိဘဲ ဖျက်သိမ်းဖို့ ပြောတဲ့အချိန်မှာ သူတို့က သူ့ဆီက အဖြစ်အပျက်တစ်ခုလုံးကို ရခဲ့တယ်။ သူတို့က အရမ်းဒေါသထွက်သွားပြီး မြို့တော်ဝန်အိမ်တော်ကို တစ်ယောက်ယောက်ကို ချက်ချင်းပဲ ပို့လိုက်တယ်။
တုန်လူကြီးမင်းက ဘာတွေဖြစ်နေလည်းဆိုတာ သိသွားတဲ့အချိန်မှာ သူက ဒေါသအရမ်း ထွက်သွားတယ်။ သူတို့က သူမရဲ့သမီးကိုယ်စား တောင်းပန်ခဲ့ပြီး သူတို့က ကလေးတစ်ယောက်ပဲ ရှိသေးတယ်။ အဲ့တော့သူမက အခြေအနေတွေကို နားမလည်သေးဘဲ ဂရုမစိုက်ဘဲ ပြောလိုက်မိတာဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါ့ကြောင့်သူမက တုန်ယင်းအာကို ချန်မိသားစုကို တောင်းပန်ဖို့ ခေါ်ခဲ့တယ်။ တုန်ယင်းအာက သူမက သူမဆီမှာ သူမချစ်တဲ့လူရှိတယ်လို့ ချန်မိသားစုရှေ့မှာ ပြောလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ သူမက တည့်တန်းပြောခဲ့ပြီး အခြေအနေတွေကို အရင်အတိုင်း ပြန်လုပ်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး။
ဒီလိုမျိုး ချန်မိသားစုရဲ့မျက်နှာကို တိုက်ရိုက် ပါးချလိုက်သလိုမျိုး ဖြစ်သွားလို့ ချန်သခင်မက လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပြီး တုန်သခင်မနဲ့ ထပ်ပြီးစကားမပြောတော့ဘူး။ ဒါ့ကြောင့် အဲ့နေ့ကစပြီး တုန်မိသားစုနဲ့ ချန်မိသားစုတို့က ခပ်တန်းတန်း ဖြစ်သွားကြတယ်။
တုန်သခင်ကြီးက သူ့ရဲ့ဘဝကို အရာရှိအဖြစ်နဲ့ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီဖြစ်တယ်။ သူက လဒ်မြင်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီး ကိစ္စတွေကို စေ့စေေ့စပ်စပ်နဲ့ သေသေချာချာ ဖြေရှင်းခဲ့တယ်။ သူ့ရဲ့ရိုးသားတဲ့ လူတစ်ယောက်အဖြစ် ဂုဏ်သတင်းက ကျော်ကြားခဲ့ပြီး သူရဲ့အထက်လူကြီးတွေနဲ့ ဆက်ဆံရေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆက်ဆံရေးကလည်း အရမ်းကောင်းမွန်တယ်။ သူ့ရဲ့ဂုဏ်သတင်းကို သူ့ရဲ့သမီးကိုယ်တိုင်က ဖျက်ဆီးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူကတုန်ယင်းအာကို ချစ်ပေမဲ့ ဒီအခြေအနေက တကယ်ပဲသူ့အတွက် ဒေါသထွက်စေခဲ့တယ်။ သူကသူမကို အကျယ်ချုပ် ချထားပေမဲ့ သူမက သူမမှားတယ်ဆိုတာကို မြင်နေတုန်းပဲဖြစ်ပြီး အဖေနဲ့သမီးကြားက ဆက်ဆံရေးက ပိုပြီးဆိုးဝါးလာတယ်။ တုန်သခင်မက ကြားထဲမှာ ညပ်နေတယ်။
ဒီကိစ္စတွေကိုတွေးကြည့်ရင် တုန်သခင်မက ခေါင်းကိုက်လာတယ်။ သူမက သူမရှေ့က ကြွေခွက်လေးကိုကြည့်ပြီး လက်တလော တုန်ယင်းအာက နည်းနည်းလေးပဲစားတာကို သတိရလာတယ်။ ဒါ့ကြောင့်သူမက ပြောလိုက်တယ်။
“အဲ့ဒါကို ယင်းအာရဲ့ အခန်းထဲကို ယူလာခဲ့။ ငါသူမဆီသွားမယ်။ ”
အစေခံကအမြန်ပဲ လိုက်နာလိုက်တယ်။ သူတို့က တုန်ယင်းအာရဲ့ အခန်းကိုရောက်တော့ သူမက သူမစားပွဲရှေ့မှာ ထိုင်နေပြီး သူမရှေ့ကစာရွက်ကို ငေးကြည့်နေတာကို တွေ့လိုက်ရတယ်။ သူမက အတွေးထဲမှာ အရမ်းနစ်မြောနေလို့ သူမက တုန်သခင်မ အခန်းထဲဝင်လာတာတောင် သတိမပြုမိဘူး။ တုန်သခင်မက ကြည့်လိုက်တော့ စာရွက်ပေါ်မှာ စာကြောင်းကို တွေ့လိုက်ရတယ်။
“အံ့စာတုံးပေါ်မှာ အနီရောင်အစက်တွေ ထွင်းထားပြီးတော့ ကျွန်တော်ခင်ဗျားကို အရိုးထဲကထိ ချစ်တာ ခင်ဗျားမသိဘူးလား။ ”
တုန်သခင်မက စိတ်ဆင်းရဲပြီး ဒေါသထွက်သွားတယ်။ ဘယ်ကောင်မလေးက အချစ်မခံချင်လို့လဲ။ တုန်ယင်းအာက သူမလွယ်လွယ်နဲ့ စိတ်လှုပ်ရှားတတ်တဲ့အရွယ်ဖြစ်တယ်။ တကယ်လို့ အဲ့ဒါက တစ်ခြားတစ်ယောက်ဆိုရင် အဆင်ပြေပေမဲ့ သူမက လက်ထပ်ဖို့စာချုပ် ရှိပြီးသားဖြစ်တယ်။ ဒါကတကယ်ပဲ အရမ်းလွန်သွားပြီ။
ဒါပေမဲ့ အကုန်လုံးက ပြောပြီးတာတွေက ပြောပြီးပြီဖြစ်ပြီး လုပ်ပြီးတာတွေက လုပ်ပြီးပြီဖြစ်လို့ တုန်သခင်မက သူ့ရဲ့သမီးကို ချစ်နေတုန်းပဲ။ ဒီတော့သူမက အစေခံကို တုန်ယင်းအာဆီကို ကြွေခွက်ကိုပေးဖို့ ပြောလိုက်တယ်။
“ယင်းအာ ”
သူမအသံကိုကြားတော့ တုန်ယင်းအာက သတိပြန်ဝင်လာပြီး သူမရောက်လာတာကို သတိပြုမိပြီး အမြန်အပြုံးလေးနဲ့ ပြောလိုက်တယ်။
“အမေ ”
တုန်သခင်မက သူမကို ဂရုတစိုက် ကြည့်လိုက်တယ်။ သူမရဲ့မျက်ဝန်းတွေက အရမ်းနီရဲပြီး ငိုထားတာ သိသာတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ သူမက ပေါင်ချိန်တော်တော် ကျသွားပြီး သူမရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်က မရှိတော့ဘူး။ သူမက အရမ်းပိန်ပါးနေတယ်။
“နည်းနည်းလောက် စားလိုက်ပါအုံး။ ”
သူမက ငှက်သိုက်ကို တုန်ယင်းအာဆီကို ယူလာတယ်။
“ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါအုံး သမီးအရမ်း ပိန်သွားပြီ။ နောက်ကျ သမီးအဖေကိုသွားပြီး ကိုယ်တိုင် တောင်းပန်လိုက်နော်။ သမီးကို ဆူမှာမဟုတ်ပါဘူး။ ”
ယင်းအာက ဟိုဘက်ကိုလှည့်လိုက်ပြီး သူမရဲ့လေသံက အရင်ကထက်တောင် ပိုပြီးတော့ ချီတုံချတုံ ဖြစ်နေတယ်။
“သမီးတောင်းပန်မှာ မဟုတ်ဘူးအမေ သမီးက ဘာမှမှားတာမှ မလုပ်ခဲ့တာ။ ဘယ်လိုလုပ်ပြီး သမီးမချစ်တဲ့လူကို လက်ထပ်နိုင်မှာလဲ။ အဲ့လိုဆိုမှတော့ ဘဝကြီးက နေချင်စရာ မကောင်းတော့ဘူး။ ချန်အပ်က လူကောင်းတစ်ယောက်ပါ။ ပြီးတော့သမီးက သမီးချစ်တဲ့ လူတစ်ယောက် ရှိနေပြီ။ သမီးက ဘယ်လိုလုပ်ပြီးသူ့ကို လက်ထပ်နိုင်မှာလဲ။ ”
တုန်သခင်မက သူမကို စိုက်ကြည့်လိုက်ပေမဲ့ တုန်ယင်းအာရဲ့ ခေါင်းမာတဲ့ အမူအရာကြောင့် သူမက အရှုံးပေးလိုက်ရတယ်။ သူမက ပြောလိုက်တယ်။
“သမီးကိုဒီလိုမျိုး မျှော်လင့်ချက်တွေ ပေးသွားတာ ဘယ်သူတုန်း။ အကုန်လုံးက ချောချောမွေ့မွေ့နဲ့ သွားနေတာ။ ဘယ်လိုလုပ်ပြီးသူက လက်ထပ်ဖို့ စီစဉ်ပြီးသားဖြစ်တဲ့ မိန်းမပျိုလေးတစ်ယောက်ကို သူကလုယူနိုင်တာလဲ။ တကယ်လို့သူက ကောင်းတဲ့လူဆိုရင် သူကဒီလိုမျိုး အပြုအမူမျိုး လုပ်မှာမဟုတ်ဘူး။ ”
“သူကသူရဲကောင်း တစ်ယောက်ပါ။ ”
တုန်ယင်းအာက တုန်သခင်မ သူမချစ်တဲ့လူကိုပြောတာကို အမြန်ငြင်းလိုက်တယ်။
“သူကကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အငယ်ဆုံး သူရဲကောင်းတစ်ယောက်ဖြစ်ပြီးတော့ သူကလူဆိုးတစ်ယောက် မဟုတ်ဘူး။ အမေ အမေသူ့ကို လျှောက်ပြောလို့ မရဘူး။ ”
“သမီးဗိုလ်ချုပ်တစ်ယောက်ကို ကြိုက်နေတာလား။ ”
တုန်ယင်းအာက ထပ်ပြီးတော့ လှည့်သွားပြီး သူမရဲ့အောက်နှုတ်ခမ်းကို ကိုက်ထားပြီး ဘာမှမပြောတော့ဘူး။ သူကဒီလိုမျိုး ပြုမူနေတာကိုမြင်တော့ တုန်သခင်မက ရုတ်တရက် ခွန်အားမဲ့လာတယ်လို့ ခံစားလိုက်ရတယ်။ သူမက သူမကိုင်ထားတဲ့ ကြွေခွက်ကို စားပွဲပေါ်ထားခဲ့ပြီး တင်းမာစွာ ပြောလိုက်တယ်။
“ဒီလိုဆိုမှတော့ သမီးက သမီးစိတ်ကို ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့ အမေပြောသမျှအားလုံးကို သမီးနားဝင်မှာ မဟုတ်ဘူး။ ထားလိုက်ပါ။ ”
ဒါကိုပြောပြီးသူမက ထွက်လာခဲ့တယ်။
တုန်ယင်းအာရဲ့ အစေခံက သူမကိုအပြင်ကို လိုက်ပို့တယ်။ သူတို့ခြံအဝကိုရောက်တော့ တုန်သခင်မက သူတို့ကို တုန်ယင်းအာ မမြင်တော့ဘူးဆိုတော့မှ အစေခံကိုကြည့်ပြီး ပြောလိုက်တယ်။
“မင်းက တုန်ယင်းအာရဲ့ အစေခံမလား။ မင်းက သူမဘယ်ကိုသွားတယ်။ သူမသွားသမျှ နေရာတွေအကုန် မင်းသိမှာပဲ။ ယင်းအာဒီလိုမျိုးဖြစ်တာ မင်းရဲ့အပြစ်လည်း မကင်းဘူး။ ”
အဲ့ဒီအစေခံက လန့်သွားတယ်။ သူမကအမြန် ဒူးထောက်ပြီး ပြောလိုက်တယ်။
“ဒီအစေခံက သခင်မလေးကို ကောင်းကောင်းမကြည့်ခဲ့လို့ပါ သခင်မ ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေးပါ။ ”
“မင်းငါ့ကို မင်းကိုအပြစ်ပေးဖို့ ပြောနေတာလား။ ”
တုန်သခင်မက နဂိုကညင်သာပြီး ဖော်ရွေတဲ့လူဖြစ်ပေမဲ့ ဒီကိစ္စက တုန်ယင်းအာနဲ့ ပတ်သတ်နေတော့ သူမက ဒေါသထွက်နေတယ်။
“ငါမင်းကို အနိမ့်ဆုံးဈေးနဲ့ ရောင်းလိုက်မယ်။ မင်းဘယ်လိုထင်လဲ။ ”
“မလုပ်ပါနဲ့။ ”