အခန်း (၁၃၆) (က)
ညရောက်တဲ့အထိ မယ်တော်ရိကျယ်က စကားတစ်လုံးမှ မပြောခဲ့ဘူး။ အရမ်းအကင်းပါးတဲ့ ကျန်းယွမ်က မယ်တော်ရိကျယ်က လျို့ဝှက်ချက်တစ်ခုကို သိမ်းထားတယ်လို့ ခံစားလိုက်ရပြီး အဲ့ဒါကတောင်ပိုင်း ရှင်းကျန်းရဲ့ ပန်းချီကားနဲ့ ဆိုင်တယ်လို့ထင်တယ်။ ဒါပေမဲ့ မယ်တော်ရိကျယ်က သူမနဲ့ ပတ်သတ်စေလိုတဲ့ ရည်ရွယ်ချက် မရှိတဲ့ပုံပေါ်တယ်။ သူမရဲ့ အရင်ဘဝမှာ သူမက နန်းတော်ထဲမှာ နှစ်တွေအများကြီး နေလာခဲ့ပေမဲ့ မယ်တော်ရိကျယ်က လျို့ဝှက်ချက်ရှိတယ်ဆိုတာကို တစ်ခါမှ မကြားဖူးဘူး။ အဲ့ဒါက ရွှမ်းလီလည်း အဲ့ဒါကိုမသိဘူးလို့ ဆိုလိုတာပဲ။
တကယ်လို့ သတင်းတစ်ခုခု ရှိတယ်ဆိုရင် အဲ့ဒါက ထျန်ကျင်းနိုင်ငံတော်နဲ့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကြားက စစ်ပွဲကိစ္စပဲ ဖြစ်မှာဖြစ်တယ်။ အစက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က ရဲစွမ်းသတ္တိ အရမ်းရှိပြီး ထျန်ကျင်းကိုနိုင်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ ဒါပေမဲ့ ထျန်ကျင်းနိုင်ငံတော်က ရုတ်တရက်ကြီး ပြန်ပြီးနလန်ထူလာပြီး စစ်ပွဲကို ပြောင်းပြန်လှန်ပစ်လိုက်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အဲ့ဒါတင်မကဘူး သူတို့က ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကို နောက်ဆုံးပေါ် လက်နက်တွေကို ပြန်ပြီးတော့ တန်ပြန်တိုက်ခိုက်နိုင်တဲ့ အရည်အချင်း ရှိလာခဲ့တယ်။ အဲ့ဒါက စစ်ပွဲအခြေအနေဖြစ်လို့ ထွက်ပေါက်မရှိတဲ့ အခြေအနေ ဖြစ်လာတယ်။
ကျန်းစုစုက ဒီကိစ္စကိုသိတော့ ပျော်ရွှင်နေပြီးတော့ သူမက ဒါကို ကျန်းယွမ်နဲ့တွေ့တိုင်း ခဏခဏပြောတယ်။ ဒါပေမဲ့ ကျန်းယွမ်ကသူမကို ခွေးရူးတစ်ကောင် ဟောင်နေသလိုပဲ သတ်မှတ်ထားတယ်။ နည်းနည်းမခံချင်အောင် ထိကပါးရိကပါး ပြောပေမဲ့ ဘာတုန့်ပြန်မှုမှမရတော့ ကျန်းစုစုက နောက်ဆုံးမှာ စိတ်မဝင်စားတော့ဘဲ ရွှေရောင်ဂန္ဓာမာပန်း ဂုဏ်ပြုညစာ စားပွဲအတွက် ပြင်ဆင်တာကိုပဲ သူမက အာရုံစိုက်တော့တယ်။
ရွှေရောင်ဂန္ဓာမာပန်း ဂုဏ်ပြုညစာ စားပွဲက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ လူမှုရေးပွဲတစ်ပွဲဖြစ်ပြီး ဂန္ဓာမာပန်းတွေပွင့်တဲ့ လပြက္ခဒိန်ရဲ့ နှစ်လမြောက်လမှာ ကျင်းပတယ်။ အဲ့ဒါကို စီရင်စုအရာရှိရဲ့ သခင်မတွေက ကျင်းပတာဖြစ်ပြီး မြို့တော်ရဲ့ အသက်ပြည့်တဲ့ အခမ်းအနား ကျင်းပပေးတဲ့ မိန်းမပျိုလေးတွေကို ဖိတ်ခေါ်ထားပြီး လူကြီးလူကောင်းလေးတွေကိုတော့ တခြားတစ်ဖက်မှာထားပြီး စကားပြောပြီး အဆက်အသွယ် လုပ်နိုင်စေဖို့ပဲဖြစ်တယ်။ အပြင်ဘက်မှာတော့ အဲ့ဒါက ရိုးရိုးသာမာန် တွေ့ဆုံပွဲလို့ ဖြစ်ပုံပေါ်ပေမဲ့ တကယ်တော့ အဲ့ဒါက မြင့်မြတ်တဲ့မိသားစုတွေ အနာဂတ်ချွေးမတွေ ဒါမှမဟုတ် သမတ်တွေရှာဖို့အတွက် မြင့်မြတ်တဲ့မိသားစုက သခင်မတွေအတွက် အခွင့်အရေးပဲ။ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ ပွဲတွေကအဲ့လောက် ပွင့်လင်းတာမဟုတ်ဘူး။ ညစာစားပွဲမှာ အချင်းချင်းတွေ့ကြပြီး နောက်ကျလက်ထပ်သွားတဲ့ စုံတွဲတွေလည်း ရှိတယ်။ ဒါက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ထဲမှာ လူငယ်တွေရဲ့ အာရုံကိုဖမ်းစားတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့တယ်။