အခန်း (၁၆၃) (က)
ဟုန်ရင်းက ရှောင်ရှို့ကို တံခါးဝကိုခေါ်လာပြီး ပြုံးပြီးပြောလိုက်တယ်။
"ဒါက လက်ဖက်ရည်သောက်တဲ့ အိမ်တော်ပါ။ ဒီအစေခံက လက်ဖက်ရည်နဲ့ တစ်ခြားသောက်စရာတစ်ချို့ သွားပြင်ဆင်လိုက်ပါအုံးမယ်။ ဝမ်လူကြီးမင်း ဒီမှာအရင်ဆုံး နားနေလိုက်ပါအုံး။ သိပ်မကြာခင်မှာ သခင်မလေး ရောက်လာပါလိမ့်မယ်"
ရှောင်ရှို့က ဘာမှမပြောခဲ့ဘူး။ ဟုန်ရင်းက ရှောင်ရှို့ကို အရိုအသေပေးပြီးတော့ ထွက်သွားခဲ့တယ်။ ထွက်မသွားခင်မှာ သူမက တံခါးပေါက်ကို ကြည့်သွားခဲ့တယ်။ ဟုန်ရင်းထွက်သွားပြီးတဲ့အချိန်မှာ ရှောင်ရှို့က ခဏလောက် တွေးနေပြီးတော့ တံခါးကို လှမ်းဖွင့်လိုက်တယ်။
တံခါးပွင့်သွားတဲ့အချိန်မှာ အထဲကနေ နည်းနည်းချိုမြတဲ့ ရနံ့တစ်ခု ထွက်လာတယ်။ ဒီအနံ့က အရမ်းပေါ့ပါးပြီး သိပ်မပြင်းဘူး။ ဒီအနံ့ကိုရှောင်ရှို့ ရှုလိုက်မိတဲ့အချိန်မှာ သူကအဲဒါ မိန်းကလေးသုံးတဲ့ ရေမွှေးနံ့ပဲဆိုတာ တွေးမိလိုက်တယ်။
အမွှေးတိုင်နံ့နဲ့မတူဘဲ အဲ့ဒါက ရေမွှေးနံ့ဆိုတာ မသိသာဘူး။ ရှောင်ရှို့က မျက်တောင်ပင့်လိုက်ပြီး စားပွဲမှာ ထိုင်လိုက်တယ်။ စားပွဲပေါ်မှာ ကျောက်စိမ်းခွက် နှစ်ခွက်သုံးခွက်ရှိတယ်။ ပြီးတော့ သလင်းကျောက်ပန်းကန်ပေါ်မှာ ခရမ်းရောင် စပျစ်သီးတွေလည်း တင်ထားတယ်။
ဒီကဧည့်ခံမှုက တော်တော်ကောင်းတာပဲ။ လက်ဖက်ရည်က ဘယ်မှာပြင်တာပါလိမ့်။
အိမ်ရဲ့အမိုးပေါ်မှာ လှပတဲ့ ပန်းချီကားတွေကို ထွင်းထုထားပြီးတော့ နံရံပေါ်မှာလည်း ကခုန်နေတဲ့ အမျိုးသမီးအုပ်စု တစ်စုကို ပန်းချီဆွဲထားတယ်။ အဲ့ဒီအရာတွေအကုန်လုံးက လက်ရာမြောက်တယ်။
ရုတ်တရက် ရှောင်ရှို့က အသံတစ်သံကို ကြားလိုက်ရတယ်။ သူကကိုယ်ခံပညာ အတော်တက်မြောက်ထားတာဖြစ်လို့ အဲ့ဒီအသံကို သူကြားခဲ့ရတယ်။
ရှောင်ရှို့က ဘာမှမလုပ်ဘဲ သူ့ရှေ့က ကျောက်စိမ်းလက်ဖက်ရည်ခွက်ကိုပဲ ကြည့်နေခဲ့တယ်။ ပြီးတော့ သူဘာတွေးနေလဲ မသိဘူး။ သူကလှုပ်ကို မလှုပ်ခဲ့ဘူး။ အိမ်ထဲမှာ ဘာသံမှမကြားရဘဲ တိတ်ဆိတ်နေခဲ့တယ်။ သူကကျန်းယွမ်ရောက်လာတာကိုလည်း မမြင်ခဲ့ရဘူး။ ဒီအချိန်မှာ သူတို့က အသံတစ်သံ ကြားလိုက်ရတယ်။ သူကချက်ချင်းပဲ လှုပ်ရှားလိုက်ပြီးတော့ ရုတ်တရက် သူ့မြင်ကွင်းရှေ့မှာ အသွင်အပြင်တစ်ခု ပေါ်လာတယ်။