အခန်း (၂၀၇)
ဟုန်ရှီအိမ်ရှေ့စံနဲ့ ကျင်းမန်နဲ့ ဘယ်လိုလက်ထပ်ဖြစ်သွားလဲတော့မသိဘူး။ ဧကရာဇ်က အတော်လေး ကြိုးစားလိုက်ရမှာဖြစ်ပေမဲ့ အဲ့နေ့မှာ ရှောင်ယွမ်က သူတို့ထင်ထားသလောက် ဒေါသထွက်မနေခဲ့ဘူး။ သူမက ရယ်မောနေခဲ့ပြီး ကျင်းမန်ကို ဘာမှတောင်မပြောဘဲ ပြန်သွားခဲ့တယ်။
ရှန်းရှောင်ယွမ်ရဲ့စိတ်က ပြတ်သားပြီး သူမက ခံစားချက်တွေကို ထိန်းချုပ်တဲ့နေရာမှာ အတော်လေး တော်ပေမဲ့ အဆုံးမှာတော့ သူမက မိန်းကလေးတစ်ယောက်ပါပဲ။ သူမက ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးအတွက် သူမ ရင်ထဲက ခံစားချက်တွေကို မြိုသိပ်ထားခဲ့တယ်။
ဟုန်ရှီအိမ်ရှေ့စံက သူ့ညီရဲ့ အတင်းစီစဉ်မှုကို ခံလိုက်ရတာဖြစ်တယ်။ သူက ကျင်းမန်ကို စက်ဆုပ်ခဲ့တယ်။ သူ ရှောင်ယွမ်ကို အကြိမ်ကြိမ်တောင်းပန်ခဲ့တယ်။ သူတို့ကြားမှာ ပြဿနာတွေ ဖြစ်ရမယ့်အစား သူတို့က ပိုပြီးတော့တောင် နီးစပ်လာတယ်။
ဟုန်ရှီအိမ်ရှေ့စံက တောင်ပိုင်းရှင်းကျန်းက မင်းသမီးကို အထင်သေးခဲ့တဲ့ပုံပဲ။ အမျိုးသမီးတစ်ယောက်ရဲ့ မနာလိုစိတ်က အရမ်းဆိုးရွားမှန်း ဘယ်သူသိမလဲ။ ကျင်းမန်က သူမ ချစ်တဲ့သူက သူမကို အထင်သေးသလိုနဲ့ ဆက်ဆံတာကို ခံရတဲ့အချိန်မှာ သူမက တောင်ပိုင်းရှင်းကျန်းက အောက်လမ်းပညာကို ကောင်းကောင်းအသုံးချခဲ့ပြီး ရှန်းရှောင်ယွမ်ကို နှိပ်စက်ခဲ့တယ်။ သူမက ရှန်းရှောင်ယွမ်ကို အသုံးပြုပြီး ဟုန်ရှီအိမ်ရှေ့စံကို အသုံးချချင်ခဲ့တာဖြစ်ပေမဲ့ ရှန်းရှောင်ယွမ်က စိတ်ဓာတ်ကြံ့ခိုင်တဲ့သူဖြစ်နေတယ်။ သူမက ဟုန်ရှိအိမ်ရှေ့စံကို အသုံးချမခံရအောင် သူမကိုယ်တိုင် နန်းတော်ကနေ ထွက်လာခဲ့တယ်။ အဲဒါ သူမ ကိုယ့်ဘာသာ ဆေးကုသဖို့ဖြစ်ပြီး တကယ်လို့ သူမ ကုသတာက အလုပ်မဖြစ်ရင် သူမ အပြင်မှာ သေသွားမှာဖြစ်ပြီး ဘယ်သူမှ မသိစေဖို့ဖြစ်တယ်။
ကံကြမ္မာက လူတွေိကို တိတ်ဆိတ်စွာနဲ့ပဲ ထိုးနှက်နေတာဖြစ်ပြီးနောက်ဆုံးမှာ သူမ ဟုန်ရှီအိမ်ရှေ့စံနဲ့ ခွဲခွာခဲ့ရတယ်။ အဆုံးမှာ သူမက အဲဒါကို မကုသနိုင်ခဲ့ဘူး။ ရှောင်ယွမ်ရဲ့ ပြာအိုး နန်းတော်ကို ရောက်လာဖို့ သိပ်မကြာခဲ့ဘူး။ ပြီးတော့ အဲ့လူက ဆရာပကျီဖြစ်တယ်။ ဆရာပကျီက ရှောင်ယွမ်ထက် အသက်ကြီးပေမဲ့ သူက ရှောင်ယွမ်ရဲ့တပည့်ဖြစ်တယ်။ ရှောင်ယွမ် မြို့တော်ကို မဝင်ခင်တုန်းက သူမက ဆရာပကျီနဲ့အတူ တောင်ထဲမှာ နေခဲ့တာဖြစ်တယ်။ ရှောင်ယွမ်က သူမရဲ့ ပညာတွေအကုန်လုံးကို ဆရာပကျီကို သင်ပေးခဲ့တာဖြစ်ပြီး ဆရာပကျီက သူမကို သူ့ဆရာအဖြစ် သတ်မှတ်ခဲ့တယ်။
