Part 128

1.6K 139 6
                                    

မုန်းမာန်ဖွဲ့ ရန်ငြိုး

Part 179

အခန်း(၁၂၈)

ကြယ်တွေက နက်မှောင်တဲ့ကောင်းကင်မှာ ထုံးစံအတိုင်း တောက်ပနေကြပေမဲ့ မြေကြီးပေါ်က အရာတွေကတော့ ပြောင်းလဲနေတယ်။ အပြင်ပန်းမှာတော့ နန်းတော်ထဲက အကုန်လုံးက ပုံမှန်လိုမျိုး ဖြစ်နေပေမဲ့ အတွင်းထဲမှာတော့ စတင်ပြီး ပြောင်းလဲနေပြီဖြစ်တယ်။

မဟာဆရာတော် ဟွိုင်ကျွဲ့က ထုံးစံအတိုင်း သူ့ရဲ့တာဝန်တွေကို ဆက်ပြီးထမ်းဆောင်နေပြီးတော့ အဲ့ဒီအဖြစ်အပျက်ပြီးတော့ ပိုပြီးခိုင်မာလာတယ်။ ငါးယောက်မြောက်မင်းသား ရွှမ်းဟွာနဲ့ တော်ဝင်ကြင်ယာတော်က သိပ်ပြီးမပျော်ဘူး။ ပြီးတော့ အရင်ကထက်ပိုပြီး ဆင်ဆင်ခြင်ခြင်နဲ့ နေနေသလိုပဲ။ ဧကရာဇ်ကအခု စိတ်မချမ်းမြေ့ ဖြစ်နေပြီးတော့ ဘယ်သူကမှ သူတို့အပေါ်ကို ကံဆိုးမှု ကျရောက်မလာဖို့ ဘာမှမလုပ်ကြဘူး။

ဒါ့အပြင် ယောကျာ်းပီသပြီး အရည်အချင်းရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ ရွှမ်းလီက သူ့ကိုယ်သူ ဆက်ပြီးတော့ တာဝန်ကျေတဲ့ သားအနေနဲ့ ပြသနေအုံးမှာဖြစ်တယ်။ သူ့ကိုယ်သူ ကျင်းရီနန်းတော်မှာ သုံးရက်လောက် ဒူးထောက်နေပြီးတော့ နောက်ဆုံးမှာသူ့ရဲ့ အတိုင်းအတာတစ်ခုကို ရောက်သွားပြီး သူကမေ့လဲသွားတယ်။ ဧကရာဇ်က ဒေါသပုန်ထပြီး ရွှမ်းလီကို နန်းတော်ထဲကိုဝင်ဖို့ တားလိုက်ပြီး သူ့အိမ်ကို ပို့လိုက်တယ်။

နန်းတော်ထဲမှာ ဒီလိုမျိုးအရာတွေ ဖြစ်နေတဲ့အချိန် ကျန်းယွမ်က ကျန်းလီသေဆုံးသွားလို့ ကျန်းအိမ်တော်ကို ပြန်သွားဖို့ တည်ငြိမ်စွာနဲ့ ပြင်ဆင်နေတယ်။

တကယ်လို့ တော်ဝင်ကြင်ယာတော်ချန်က အာဏာမဆုံးရှုံးဘူးဆိုရင် ကျန်းလီရဲ့ သေဆုံးခြင်းက ပိုပြီးတော့ကြီးမားတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်စေမှာ ဖြစ်ပေမဲ့ တော်ဝင်ကြင်ယာတော်ချန်က အေးစက်တဲ့နန်းတော်ကို ရောက်သွားပြီး ကျန်းလီရဲ့ သေဆုံးခြင်းက အောက်ခြေမှာ အနည်ထိုင်သွားခဲ့တယ်။ ဒါ့အပြင် သာမာန်လူတန်းစားတွေထဲမှာ ပြောဆိုနေကြတာတွေက တော်ဝင်ကြင်ယာတော်ချန်ဟာ မကောင်းတဲ့ကြယ်ဖြစ်ပြီး နိုင်ငံတော်ကို ပျက်သုန်းစေမယ်ဆိုတာက နေရာယူသွားခဲ့တယ်။ ဒါပေမဲ့ အပြင်လူတွေက ဘာပဲပြောပြော ကျန်းလီက ကျန်းမိသားစု သမီးတစ်ယောက်ပဲ။ သူမရဲ့ အကြီးဆုံးသမီးဆိုတဲ့ နေရာအရ ကျန်းယွမ်က နန်းတော်ထဲမှာဆက်ပြီးတော့ နေလို့မဖြစ်တော့ဘူး။ ဇာပနပွဲကို သွားရောက်ရမှာဖြစ်တယ်။ ကျန်းမိသားစုက ဘာမှမပြောပေမဲ့ ဒုတိယကိုယ်လုပ်တော်က အိပ်ယာထဲမှာ ဘုန်းဘုန်းလဲခဲ့တယ်။ ဒါကြောင့်သူမက သူမကို လန်ကျောင်းအိမ်တော်မှာ ရက်စက်စွာနဲ့ ဆက်ဆံခဲ့တဲ့ သူမရဲ့မိသားစုဝင်တွေကို ဂရုစိုက်ရအုံးမှာဖြစ်တယ်။ ဒါကြောင့်သူမက လန်ကျောင်းအိမ်တော်မှာ ဖြစ်ခဲ့တဲ့ပြဿနာကို ပြန်ပြီးတော့ ဖြေရှင်းရအုံးမှာဖြစ်တယ်။ လန်ကျောင်းအိမ်တော်ကလူတွေက ကျန်းလီကို မကောင်းတဲ့မိန်းမလို့ ပြောခဲ့လို့ ဒုတိယကိုယ်လုပ်တော်က လုံးဝကို ဆက်ပြီးတော့ သည်းမခံနိုင်ခဲ့ဘူး။ ကျန်းချွမ်က ဒါကိုကြားတဲ့အချိန်မှာ သူကလန်ကျောင်းအိမ်တော်ကို အမြန်သွားပြီး ဒုတိယကိုယ်လုပ်တော်ကို သွားခေါ်ဖို့ အမိန့်ပေးခဲ့ပြီး ကျန်းအိမ်တော်ထဲမှာ သူမရဲ့ အဆင့်အတန်းက ထိုးစိုက်ကျသွားခဲ့တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now