အခန်း (၂၁၀)
ကျောက်ကျင်း ဒီလိုမျိုးပြောပြီးတော့ သူမ ပြောမိတာမှားသွားပြီလို့ တွေးနေခဲ့ပြီး သူမ ကျန်းရှင်းကျီကို မကြည့်ရဲခဲ့ဘူး။ ဒီလိုအချိန်မျိုးမှာ ဒီလိုမျိုး အခြေအနေနဲ့ ကြုံတွေ့ရတော့ ကျောက်ကျင်း ငိုတောင်ငိုချင်ခဲ့တယ်။ သူမ ဝက်ဝံနက်ကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ဘာပဲဖြစ်ဖြစ် အခု နောက်ကျနေပြီ။ ကျွန်မ ရှင့်မေးခွန်းကို ဖြေပြီးပြီပဲ။ ရှင်ဒီကနေ ထွက်သွားပြီးရင် မြို့တော်ထဲက မိန်းမပျိုလေးတစ်ယောက်ကိုလက်ထပ်ပြီး သူမနဲ့အတူ အိုမင်းတဲ့အထိ နေသွားလို့ရပြီ"
သူမက စာလေ့လာရတာကို အမုန်းဆုံးသူဖြစ်တယ်။ ကျန်းရှင်းကျီက အခု ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီးတော့ သူက ငယ်ရွယ်ပြီး ခန့်ညားတယ်။ သူ့ကိုလက်ထပ်ချင်တဲ့ မိန်းကလေးတွေ ဘယ်လောက်တောင်ရှိနေမယ်မှန်း မသိရဘူး။ သူမ သူမအစ်ကိုနှစ်ယောက်နဲ့ အတူနေခဲ့ရပြီး မိန်းကလေးမဆန်ဘူး။ သူမ အစ်ကိုတွေ ပြောတာကို သူမ ကြားဖူးတယ်။ မိန်းကလေးတွေက နူးညံ့သိမ်မွေ့ရမှာဖြစ်ပြီး လက်ရေးလှနဲ့ ပန်းချီမှာ ကျွမ်းကျင်ရမယ်တဲ့။ ကျောက်ကျင်း အဲ့အကြောင်းကို တွေးမိတိုင်း သူမ ပိုပြီးတော့ စိတ်ဆင်းရဲလာလေပဲ။ အခု ကျန်းရှင်းကျီကို အမြန်ထွက်သွားဖို့ စည်းရုံးသိမ်းသွင်းဖို့ကို သူမ စဉ်းစားနေပေမဲ့ ကျန်းရှင်းကျီက သူမကို အားနည်းတဲ့ မိန်းကလေးတစ်ယောက်လို့ မမြင်မှာကို တွေးမိပြီး သူမ ပိုပြီး ဝမ်းနည်းသွားခဲ့မိတယ်။ သူမ မျက်လုံးတွေ တဖြည်းဖြည်း နီလာခဲ့တယ်။ ဒါပေမဲ့လည်း သူမ သူမမျက်ရည်တွေကို ထိန်းထားပြီး ပြောလိုက်တယ်။
"ဒီဘဝ ရှင်နဲ့ကျွန်မကြားမှာ ဘာအခွင့်အရေးမှ မရှိမှတော့ ကျွန်မတို့ သူငယ်ချင်းလိုပဲ နေတာကောင်းပါတယ်။ ဒီဘဝမှာ ကျွန်မ ရှင့်အတွက် သေပေးရမှာပဲ။ ကျွန်မမှာ ဘာနောင်တမှ မရှိပါဘူး။ ကျွန်မတို့ တောင်ပိုင်းရှင်းကျန်းက လူတွေရဲ့ စခန်းမှာ အတူရှိနေခဲ့ပြီးတော့ အခု ဒီလိုမျိုး အခြေအနေကို အတူကြုံတွေ့နေရတယ်။ ကျွန်မတို့ကို ကံကြမ္မာက မဆုံစည်းစေချင်ဘူးနဲ့တူတယ်"
