Part 156

1.5K 149 2
                                    

အခန်း (၁၅၆)

ရာသီဥတုက သာယာနေပြီးတော့ ဆောင်းဦးပိုင်းရဲ့ နေက အရမ်းကြီး မပူခဲ့ဘူး။ ရှုဖန်းနန်းတော်ထဲမှာ တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က တစ်ခဏအတွင်း သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အရိပ်ယောင်ကို ဖယ်ရှားလိုက်ပြီး လူသတ်ချင်တဲ့ အရိပ်ယောင်ပဲ ကျန်ရှိခဲ့တယ်။

ဘေးက နန်းတွင်းအစေခံတစ်ယောက်က လက်ဘက်ရည်ခွက်ကို ပေးလိုက်တယ်။

"ကြင်ယာတော်ရှု လက်ဖက်ရည်သောက်ပြီးရင် နန်းတော်ကို သွားဖို့ အချိန်ကျရောက်ပါပြီ"

တော်ဝင်ကြင်ယာတော်ရှုက နန်းတွင်းအစေခံရဲ့ လက်ထဲက လက်ဘက်ရည်ခွက်ကိုယူပြီး တစ်ကွပ်သောက်လိုက်တယ်။ သူမကလည်း ဒီနေ့ ကောင်းကောင်းဝတ်ဆင်ထားတာဖြစ်တယ်။ သူမအခုဝတ်ဆင်ထားတဲ့ အနီရောင်ဝတ်စုံက သူမက ပိုပြီး အာဏာရှိတယ်လို့ ထင်ရစေမှာဖြစ်တယ်။ မင်းသမီးဟယ်ရီသေဆုံးခြင်းက တော်ဝင်ကြင်ယာတော်ရှုအတွက် ကြီးမားတဲ့ ရိုက်ချက်တစ်ခုဖြစ်တယ်။

နန်းတော်ထဲမှာ နှစ်တွေအများကြီး နေလာခဲ့တာတောင်မှ တော်ဝင်ကြင်ယာတော်ရှုက မင်းသမီး ဟယ်ရီတစ်ယောက်ပဲ မွေးပြီးနိုင်တာဖြစ်ပြီး သူမက မင်းသားတစ်ယောက်ကိုတောင် မွေးမပေးနိုင်ဘူး။ သူမလွန်ခဲ့တဲ့ နှစ်တွေမှာ ကောင်းကောင်းနေလာခဲ့တာက ဧကရာဇ်ရဲ့ သဘောကျမှုကြောင့်ဖြစ်တယ်။ ဧကရာဇ်က သူမကို သမီးတစ်ယောက်ထဲ မွေးပေးခဲ့တာတောင်မှ သူမကို ချစ်ခဲ့ပြီးတော့ မင်းသမီးဟယ်ရီကလည်း ကြီးမြတ်တဲ့ ကျန်းနိုင်ငံတော်ကို ဒုက္ခမပေးနိုင်လို့ဖြစ်တယ်။ ဒါ့ကြောင့် ဧကရာဇ်ကလည်း စိတ်မပူခဲ့ဘူး။

တော်ဝင်ကြင်ယာတော်ရှုက မောက်မာပြီးတော့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူဖြစ်ပြီးတော့ ရွှမ်းလန်က ကျန်းယွမ်က မင်းသမီးဟယ်ရီကို သတ်တယ်လို့ အတည်ပြုခဲ့တဲ့ အချိန်မှာ သူမက ကျန်းယွမ်ကို သတ်ဖို့ မစောင့်နိုင်တော့ဘူး။ ဒါပေမယ့် ကျန်းယွမ်က အကျဉ်းကျသွားပြီဖြစ်လို့ သူမကလည်း အဲဒီအပိုင်းမှာ မကျွမ်းကျင်လို့ သူမဘာမှ မလုပ်နိုင်ခဲ့ဘူး။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now