Part 139

2K 151 1
                                    

အခန်း (၁၃၉) (က)

"အိပ်ဆေးခတ်ထားတာ ဟုတ်လား"

ရုမိန်က အော်ပြောလိုက်တယ်။

"ဒါဆိုရင် သူမရဲ့ခေါင်းပေါ်က ဒဏ်ရာက ဘာအတွက်လဲ။ ဘာကြောင့်ဖြစ်လာလဲ"

"ဒါက... "

သမားတော်က သူ့ဘာသာ ရေရွတ်လိုက်ပြီး

"အဲ့ဒါသူမက အိပ်ဆေးမိနေတဲ့အချိန်မှာ သူမခေါင်းနဲ့ တစ်နေရာရာမှာ တိုက်မိတာနေမှာ။ ဒါမှမဟုတ် တစ်ယောက်ယောက်က သူမကိုတမင် တစ်ခုခုနဲ့ ရိုက်လိုက်တာနေမှာ။ ကံကောင်းတာက အားကသိပ်မပြင်းဘူး။ သူမ အနားယူရုံပဲ လိုအပ်ပြီးတော့ ဆေးတစ်ချို့လိမ်းရုံပဲ လိုအပ်တယ်။ သူမက နောက်ထပ် ရက်အနည်းငယ်ကြာရင် ကောင်းလာမှာပါ"

"ဒါဆိုရင် ကျွန်မရဲ့သမီးက ဘယ်တော့ နိုးလာမှာလဲ"

ရုမိန်က မေးလိုက်တယ်။

"အဲ့ဒါတော့ သိပ်မသေချာဘူး"

သမားတော်က အိပ်ယာပေးမှာ လဲနေတဲ့ ကောင်မန်ကို ကြည့်လိုက်တယ်။

"ငါတို့ အိပ်ဆေးအာနိသင် ပျယ်တဲ့အထိ စောင့်ရမှာ။ ပြီးတော့မှသူမက ဒီတိုင်း နိုးလာမှာ"

စီရင်စုအရာရှိ ဌာနမှူးရဲ့သခင်မက မြန်မြန်ခေါင်းညိတ်လိုက်ပြီး သူမက သမားတော်ကို ကျေးဇူးတင်လိုက်ပြီးတော့ သမားတော်ကို အပြင်လိုက်ပို့ဖို့ အစေခံကို အမိန့်ပေးလိုက်တယ်။ ရုတ်တရက် လေထုက တည်ငြိမ်လာတယ်။

ကျန်းယွမ်က တခစ်ခစ် ရယ်လိုက်တယ်။

"ကောင်းပြီ တတိယသခင်လေးကျောက်က နှစ်မီတာလောက်ရှည်တဲ့ လူငယ်ဖြစ်ပြီးတော့ သူကတကယ်ပဲ တစ်ယောက်ယောက်ကို ဒုက္ခပေးဖို့ လက်ကိုင်ပဝါကို ယူလာဖို့ဆိုတာက ပြောရဖို့ ခက်ခဲတယ်။ ဒါ့အပြင် အဲ့ဒီအပေါ်မှာ ပန်းပုံစံတွေ ထိုးထားတာဖြစ်ပြီးတော့ ဘယ်လိုပဲကြည့်ကြည့် အဲ့ဒါက မိန်းကလေးတစ်ယောက် လက်ကိုင်ပဝါဆိုတာ သိသာတယ်"

ဒါကို ရှိနေတဲ့လူတွေ ကြားတဲ့အခါမှာ အဲ့ဒါက လက်ခံနိုင်ဖွယ်ရှိတဲ့ အကြောင်းပြချက်ဆိုတာ သူတို့က လက်ခံလိုက်ကြတယ်။ ကျောက်ဖေးကျောင်းလိုမျိုး လူငယ်တစ်ယောက်က လက်ကိုင်ပဝါတစ်ထည်ကို သူ့ရဲ့ကိုယ်ပေါ်မှာ ရှိနေမှာမဟုတ်ဘူး။ ပြီးတော့ သေသေချာချာကြည့်ရင် ပန်းပုံစံတွေ သစ်ရွက်ပုံစံတွေကို လက်ကိုင်ပဝါပေါ်မှာ ပန်းထိုးထားတာဖြစ်လို့ အဲ့ဒါကတကယ်ပဲ ယောကျာ်းလေးတစ်ယောက်နဲ့ မသက်ဆိုင်ဘူးဆိုတာက ငြင်းလို့မရတဲ့ အချက်ပဲ။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)حيث تعيش القصص. اكتشف الآن