Part 159

1.7K 167 2
                                    

အခန်း (၁၅၉)

တုန်ဖန်းအဆောက်အအုံထဲမှာ ရှောင်ရှို့ မော့ချောင်နဲ့ ချန်းရှတို့က အတူတူထိုင်နေကြတယ်။ မော့ချောင်က အပြင်ကနေ ခုမှဝင်လာတာဖြစ်ပြီး သူက ဝင်လာပြီးတော့ ထိုင်ပြီးတော့ စားပွဲပေါ်က လက်ဘက်ရည်အိုးကို ယူပြီး ကိုယ်တိုင်ငှဲ့ပြီး သောက်လိုက်တယ်။ လက်ဘက်ရည်ကိုသောက်ပြီးတော့ သူက ရှောင်ရှို့ကို ကြည့်ပြီး ပြောလိုက်တယ်။

" တတိယ အစ်ကို သူတို့တွေအကုန်လုံးက စီစဉ်စရာရှိတာ စီစဉ်ပြီးပြီ။ ပြီးတော့ တရားစီရင်ချက်ကလည်း ချပြီးပြီ။ ဒီတော့ ဘာပြဿနာမှ မရှိလောက်တော့ဘူး။ ခင်ဗျား ခင်ဗျားရဲ့ အမျိုးသမီးပြန်လာတာကို စောင့်ရုံပဲ"

သမားတော်ချန်းက သူကြားလိုက်ရတာကြောင့် အရမ်းစိတ်ရှုပ်ထွေးသွားတယ်။ သူက အမြန်မေးလိုက်တယ်။

"ဘာကြီး ။ ဘာပြောတာ။ တတိယမြောက်အစ်ကိုရဲ့ ရင်ထဲမှာ ကောင်မလေးတစ်ယောက်ရှိတယ်ပေါ့ ။ အဲဒါဘယ်သူလဲ။ သူမက ဘယ်လိုလုပ်ပြီး ရွှမ်းလီနဲ့ ဆက်စပ်နေတာလဲ"

"မင်းက စောက်ရူးပဲ"

မော့ချောင်က သူ့ခေါင်းကို ခေါက်လိုက်တယ်။

"တတိယ အစ်ကိုက လက်ထပ်ပွဲတောင်မှ တောင်းဆိုပြီးပြီ ။ မင်းက ခုထိ ဘာမှမသိသေးဘူး။ ဒါပေမယ့် ဆိုးတာက သူ့ရဲ့ ရင်ထဲက မိန်းကလေးက အရမ်းအေးစက်တာပဲ"

မော့ချောင်က အဲလိုပြောလိုက်တယ်။ ရှောင်ရှို့က လက်ဘက်ရည်သောက်နေပေမယ်ပ သူက မော့ချောင်စကားတွေကို စိတ်ထဲ မထားခဲ့ဘူး။

ချန်းရှက ဒီစကားတွေ ကြားတဲ့အချိန်မှာအော်ပြောလိုက်တယ်။

ဘာ တတိယ အစ်ကို ကြိုက်တဲ့ ကောင်မလေးက အရမ်းအေးတိအေးစက်နိုင်မယ်ဟုတ်လား။ ခုနှစ်ယောက်မြောက် အစ်ကို ခင်ဗျားကျွန်တော့်ကို အလိမ်နဲ့ ။ ဒါတော့ မဖြစ်နိုင်ပါဘူး။

"ပြီးတော့ တတိယ အစ်ကိုက လက်ထက်တော့မှာ ဟုတ်လား"

ရှောင်ရှို့က ဘယ်လိုလဲ။ သူက ဆယ်ကျော်သက် အရွယ်မှာတုန်းကတောင်မှ သူက မိန်းကလေးတွေ သူ့အပေါ် စိတ်ဝင်စားရင်တောင် သူက ပြန်စိတ်မဝင်စားဘူး။ ခလန်းတောင်ပေါ်တုန်းက ဆရာ ပတ်ကျီအောက်မှာ သင်ကြားတုန်းက ဆရာပတ်ကျီအောက်မှာ သင်ကြားတဲ့ လူတွေတော်တော်များများက ရှောင်ရှို့ရဲ့ အေးတိအေးစက်နိုင်မှုကြောင့် သူ့ကို လျစ်လျူရှုထားကြတယ်။ အဲဒီတုန်းက ချန်းရှနဲ့ မော့ချောင်တို့က ငယ်ရွယ်သေးပြီးတော့ သူတို့လုပ်တာက တောထဲတောင်ထဲသွားပြီး ငါးမျှားတာပဲ။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now