Part 178

1.4K 153 6
                                    

178 01

အခန်း (၁၇၈)

တတိယနေ့ကိုတောင် မရောက်လိုက်ဘဲ ဒုတိယ နေ့လည်ခင်းမှာတင် အကျဉ်းသားတွေကို စောင့်ရတဲ့ စစ်သားတွေက ရှမိသားစုရဲ့ ရှကျွမ်းနဲ့ ကျန်းချောင်က အပြစ်ပေးမခံချင်လို့ သူတို့ဘာသာ သတ်သေသွားတယ်ဆိုပြီးတော့ သတင်းပို့လာခဲ့တယ်။

ဒီသတင်းက အမှန်လား အမှားလား ဘယ်သူမှမသိဘူး။ ဒါပေမဲ့ သူတို့ရဲ့အလောင်းတွေက အဲဒီမှာ ရှိနေသေးတုန်းပဲဆိုတော့ အဲဒါက မှန်မှန်မှားမှား ဘယ်သူကမှ ဂရုမစိုက်ကြဘူး။

ချန်းရှက သတင်းကိုကြားတော့ ကျန်းယွမ်ဆီကိုလာပြီးတော့ ပြောတယ်။

"သုံးယောက်မြောက်အစ်မ မင်းဒီကိစ္စကို ဘယ်လိုထင်လဲ။ သူတို့က ကျန်းချောင်တို့ကိုကယ်ဖို့အတွက် အရမ်းကြောက်နေတယ်လို့ ထင်လား"

"သူတို့ကအရမ်း ကောက်ကျစ်တယ်"

ကျန်းယွမ်က သူမလက်ထဲက စာအုပ်ကိုချပြီးတော့ ပြောလိုက်တယ်။

ကျန်းယွမ်က သူမရှေ့က စာအုပ်တွေကို စီနေတာဖြစ်ပြီးတော့ သူမ ကျင်းရင်ဝမ်အိမ်တော်ထိန်းကို ဝင်ခဲ့တဲ့အချိန်ကစပြီး အိမ်တော်ထိန်းလင်းက သူမကို ကျင်းရင်ဝမ်အိမ်တော်ရဲ့ သခင်မအဖြစ် သတ်မှတ်ထားတာဖြစ်တယ်။ ပြီးတော့ ကျန်းယွမ်ကိုသူက လုပ်ပိုင်ခွင့်တွေ အကုန်လုံးကိုလည်း ပေးအပ်ခဲ့တယ်။ ပြီးတော့သူမကို သိုလှောင်ခန်းသော့တွေနဲ့ စာရင်းဇယားတွေကိုလည်း အပ်နှံခဲ့တယ်။ သူမက ဒီကိစ္စတွေကို မဖြေရှင်းချင်ပေမဲ့ အဲဒါက ရှောင်ရှို့ရဲ့အိမ်တော်ဖြစ်လို့ သူမက ဒီတိုင်းလည်း မထားချင်ဘူး။ ဒီတော့သူမက နေ့တိုင်းဒီကိစ္စတွေကို ဆောင်ရွက်ခဲ့တယ်။ သူမကပြောတယ်။

"ရှမိသားစုက ရွှမ်းလီရဲ့ဓားအဖြစ်နဲ့ ရုံးတော်ထဲမှာ နှစ်ပေါင်းများစွာ ရှိလာခဲ့တာ။ အခုရွှမ်းလီက သူတို့ရဲ့သားကို လျစ်လျူရှု့လိုက်ပြီဆိုတော့ သူတစ်ခုခုတန်းပြီးတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ ကံဆိုးစွာနဲ့ ဒီတစ်ခါသူ စတေးလိုက်တာက သူ့အတွက်တော့ ဘာမှမဟုတ်ပေမဲ့ ရှမိသားစုအတွက်တော့ တော်တော်လေး အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေတယ်"

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Dove le storie prendono vita. Scoprilo ora