Part 121(2)

2.1K 178 3
                                    

Unicode

Part 166

အခန်း ၁၂၁ (ခ)

ဒါတွေက လန့်စရာကောင်းနေပြီလို့ ပြောနိုင်ပေမဲ့ နောက်တစ်နေ့ကျ
မြို့တော်ထဲမှာ ပိုပြီးကြီးမားတဲ့ သတင်းတစ်ခု ထွက်ပေါ်လာတယ်။ ဒါက
ရွှမ်းရုံရဲ့ သေဆုံးခြင်းပဲ။ ရွှမ်းရုံက သူ့ရဲ့အိမ်တော်မှာ သေခဲ့ပြီးတော့
အိမ်တော်တစ်ခုလုံးမှာ ဘယ်သူမှ အသက်မရှင်ဘူး။ အကုန်လုံးက
ဓားရာတစ်ချက်နဲ့ပဲ သေဆုံးခဲ့ရပြီး ရွှမ်းရုံက ပိုပြီးတော့တောင်မှ ဆိုးခဲ့တယ်။
ဘာလို့လဲဆိုတော့ သူ့ခန္ဓာကိုယ်ကို အစိတ်စိတ်အပိုင်းပိုင်း ခုတ်ထားပြီးတော့
သူ့ရဲ့ခေါင်းက ဘာသဲလွန်စမှမရှိဘဲ ပျောက်နေတယ်။ တကယ်လို့သာ သူ့ရဲ့ခန္ဓာကိုယ်က တော်ဝင်တံဆိပ်တုံးနဲ့ သူ့ရဲ့အဝတ်တွေကြောင့်သာ မဟုတ်ရင်
ဘယ်သူမှအဲ့ဒါက ရွှမ်းရုံဆိုတာကို ခန့်မှန်းမိမှာ မဟုတ်ဘူး။ ဒီလိုမျိုး
ရက်စက်ပြီး ကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ လူတွေကိုသတ်တာက အဲ့ဒါရွှမ်းရုံရဲ့
ရန်သူကပြန်ပြီး ကလဲစားချေတာဖြစ်ရမယ်။ ရဲငှာနကလူတွေက စုံစမ်းပေမဲ့
ကံမကောင်းစွာနဲ့သူတို့က ဘာမှမရှာတွေ့ခဲ့ဘူး။ တတိယမင်းသား ရွှမ်းရုံက
တဏှာရာဂ ကြီးတဲ့လူတစ်ယောက်ဖြစ်တယ်။ သူကသူ့ရဲ့ မင်းသားဆိုတဲ့
အဆင့်အတန်းကို အသုံးပြုပြီး မြို့တော်ထဲက မြို့သူမြို့သားတွေကို
လုပ်ချင်ရာလုပ်ခဲ့ပြီး သမီးပျိုလေးတွေနဲ့ ချွေးမတွေကို စော်ကားခဲ့တယ်။
သူကလူတိုင်းရဲ့ ပစ်မှတ်ဖြစ်နေပြီး အကုန်လုံးကလည်း သူ့ကိုတွေ့တိုင်း
ပြောကြတယ်။ သူသေဆုံးသွားတဲ့ သတင်းကို သာမာန်လူတန်းစားတွေ
ကြားတဲ့အချိန်မှာ အကုန်လုံးက ပျော်ရွှင်သွားကြပြီး မြို့တော်ထဲမှာ
မကောင်းတဲ့ အရောင်အဝါက ပျောက်ကွယ်သွားသလိုတောင်
ခံစားကြရတယ်။ ဒါပေမဲ့ ရွှမ်းရုံက ရန်သူတွေအများကြီး ရှိခဲ့လို့ ဘယ်သူက
ဒီပစ်မှတ်ကို ပြုလုပ်တာလဲဆိုတာ မသိခဲ့ဘူး။ ဒါကြောင့်ဒီနည်းနဲ့ ရွှမ်းရုံက
အရှက်ကွဲခဲ့ရတဲ့ ကျောင်းကျန်းက အကြီးမားဆုံး သံသယရှိသူ ဖြစ်လာတယ်။
ကျောင်းကျန်းကလည်း ရွှမ်းရုံသေသွားလို့ တော်ဝင်ကြင်ယာတော် ချန်က
သူ့ကို သံသယရှိနေခဲ့တာ ဖြစ်တယ်။ သူမက ရက်စက်တဲ့လူဖြစ်လို့ သူမကျေနပ်တာကို
ပြရင်သူက သူမဆီကနေ ဘာမှကောင်းတာ မျှော်လင့်လို့ ရတာမဟုတ်ဘူး။
သူကအကြီးမားဆုံး သံသယရှိသူ ဖြစ်နေလို့ သူ့ရဲ့လှုပ်ရှားမှုတိုင်းကို
စောင့်ကြည့်ခံနေရပြီး အမြဲတမ်းသူ့ကို တိတ်တဆိတ်နဲ့ စောင့်ကြည့်နေတဲ့
မျက်လုံးတွေရှိတယ်။ ဘယ်လိုလုပ်ပြီးသူက အလျင်စလို ပြုမှုရမှာလဲ။
ကျန်းယွမ်နောက်ဆုံးမှာ မြို့တော်ထဲမှာ ဖြစ်ခဲ့တာတွေ အကုန်လုံးကို
ကြားခဲ့ရတယ်။ သူမက နည်းနည်း အံ့အားသင့်သွားတယ်။ သူမက
ကျင်းရီဝမ်အိမ်တော်မှာ နေခဲ့ပြီးတော့ ရှောင်ချုံးက သူ့ရဲ့အိမ်တော်ကို
ကျန်းယွမ်က တစ်ယောက်ယောက် လှည့်စားတာ ခံခဲ့ရပြီး အခုသူ့အိမ်တော်ကို
နားနေတယ်ဆိုတာကို ပို့ခဲ့တယ်။ အပြင်လူတွေအတွက်တော့ ကျန်းယွမ်က
ဗိုလ်ချုပ်အိမ်တော်ကို ကျောင်းကွမ်းနဲ့ သူကမိန်းမဆီကို သွားလည်တယ်လို့
ဖြန့်ထားခဲ့တယ်။ ကျင်းရီဝမ်အိမ်တော်က လျို့ဝှက်ချက်တွေ သိမ်းတဲ့နေရာမှာ
အရမ်းကောင်းမွန်လို့ ဘယ်သူကမှ အမှန်တရားကို ရှာမတွေ့ခဲ့ဘူး။
ထျန်ကျူးဆီကနေ ပြန်ကြားရတာကို နားထောင်ပြီး ကျန်းယွမ်က ပြန်ပြောလိုက်တယ်။ မြို့တော်ထဲမှာ ကျင်းရီရဲမက်တွေကလွဲပြီး ဘယ်သူကမှ
လုပ်ရဲမှာ မဟုတ်ဘူး။ ဒီလိုမင်းသားတစ်ယောက်ကို သတ်တာက ဒီလိုမျိုး
ရက်စက်တဲ့နည်းလမ်းတွေနဲ့ မင်းသားတစ်ယောက်ကို သတ်တာက
ရှောင်ချုံးရဲ့ အစီအစဉ်အတိုင်းပဲ ဆက်သွားနေတာပဲ။ သူမက
လန်ကျောင်းအိမ်တော်နဲ့ ရွှမ်းရုံကို လွှတ်ပေးဖို့ စိတ်မကူးခဲ့ပေမဲ့
ရှောင်ရှုံးကအရင် ပြုမူလိုက်ပြီးတော့ အဲ့ဒါကသူမကို အရမ်းအလုပ်ရှုပ်
သက်သာသွားစေတယ်။ ပြီးတော့သူမက သူမရဲ့ဒေါသကို အဲ့ဒီအပေါ်မှာ
ပုံချလိုက်နိုင်တယ်။ ဒါပေမဲ့ အဲ့ဒါကသူ့ကို ဒုက္ခရောက်မှာ မဟုတ်ဘူးလား။
ကျင်းရီ၊ ကျင်းအာနဲ့ ကျင်းစမ်း၊ ကျင်းစီတို့က သိပ်မဝေးတဲ့ နေရာမှာထိုင်ပြီး
ကျန်းယွမ်ကို အကဲခတ်နေကြတယ်။ လန်ကျောင်းအိမ်တော်က အဖြစ်အပျက်က
ရှောင်ချုံးကို သတိကြီးကြီး ထားခဲ့စေတယ်။ ပြီးတော့
ထျန်ကျူးတစ်ယောက်ထဲက မလုံလောက်ဘူးဆိုတာ ထင်ရှားတယ်။
ရှောင်ချုံးက ကျန်းယွမ်ကို နောက်ထပ်ရက်အနည်းငယ် တင်းတင်းကြပ်ကြပ်
စောင့်ရမယ်လို့ အမိန့်ပေးခဲ့တယ်။
ကျင်းရီနဲ့ကျင်းအာက တတိယမင်းသားကို မနေ့တုန်းက သတ်ခဲ့တဲ့တာဝန်ကို
ယူခဲ့တာဖြစ်ပြီး သူတို့အတွေးထဲမှာအထိ သွေးဆာနေတဲ့
လူသတ်သမားဖြစ်တယ်။ ရှောင်ချုံးက သူကိုယ်တိုင် ရွှမ်းရုံကို သတ်ခဲ့တယ်။
ဓားချက်တစ်ရာ့နဲ့ရှစ်ချက်နဲ့ တစ်ချက်ချင်းစီက အရိုးတောင် ပြတ်တယ်။
ပြီးတော့ ရွှမ်းရုံက နောက်ဆုံးဓားချက်ကို ခံရပြီးမှ သေဆုံးခဲ့ရတာဖြစ်တယ်။
ကျင်းရီရဲမက်တွေက နှိပ်စက်တဲ့နည်းလမ်းတွေ ဘယ်တော့မှ မပျက်လပ်ဘူး။
ဒါပေမဲ့ အရင်ညက ရှောင်ချုံးက သူ့ရဲ့မျက်ဝန်းထဲက အေးစက်မှုက
သူ့ရဲ့စိတ်အမာဆုံး ရဲမက်ကိုတောင် ကြက်သိမ်းထသွားစေတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရှောင်ချုံးက ရင့်ကျက်စွာနဲ့ နေလာတာဖြစ်ပြီး
သူ့ကိုဒီလိုမျိုး လူသတ်ချင်တဲ့ အကြည့်မျိုးပြတာ အရမ်းရှားတယ်။
ရွှမ်းရုံမသေခင် သူကကမ္ဘာပေါ်က အနာကျင်ရဆုံး နှိပ်စက်မှုကို
ခံသွားရတာဖြစ်ပြီး သူကရှောင်ချုံးလက်ထဲမှာသေရတာ
ဂုဏ်ယူဖွယ်ကောင်းတယ်လို့ ပြောလို့ရတယ်။ ကျင်းစမ်းက သူမရဲ့ဆံပင်နဲ့
ဆော့နေပြီး ပြောလိုက်တယ်။
“သခင်က ယဲ့ဖမ်းကို ပြန်ခေါ်လိုက်ပြီတဲ့။ သူကသူ့ကို ထပ်ပြီးသုံးချင်တာ။ ”လွန်ခဲ့တဲ့သုံးနှစ်က ယဲ့ဖမ်းက ရိပေါင်ဆိုင်ကို အပို့ခံလိုက်ရတာဖြစ်တယ်။
ရှောင်ချုံးကသူ့ကို အသုံးချဖို့အတွက် ရပ်ဆဲလိုက်တာဖြစ်ပြီး အကုန်လုံးက
ယဲ့ဖမ်းက အကြီးဆုံးအမှားကို ကျူးလွန်မိတာကိုသိတယ်။ သူက
အနာဂတ်သခင်နဲ့ သခင်လေးကို ခပ်တန်းတန်းဖြစ်သွားအောင်
လုပ်လိုက်မိတော့မလို ဖြစ်သွားလို့ သခင်လေးကသူ့ကို ဒေါသထွက်ပြီး
မသတ်ခဲ့တာတောင် ကံကောင်းတယ်။ ဒါကြောင့် သူယဲ့ဖမ်းကို
ပြန်သုံးမှာဆိုတာက တကယ်ပဲအရမ်း ခေါင်းခြောက်စရာကောင်းတယ်။
ကျင်းစီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
“သူ့ကိုထပ်မသုံးတာ ကောင်းမယ်လို့ ငါထင်တယ်။ ယဲ့ဖမ်းကအရမ်း တုံးတယ်။

ကျင်းစမ်းနဲ့ကျင်းစီတို့က တူပေမဲ့ သူတို့ရဲ့အကျင့်တွေက အရမ်းကွဲပြားတယ်။
ဒီတော့သူတို့က အကီၤျတူတူ ဝတ်ထားရင်တောင်မှ သူတို့ကိုလွယ်လွယ်နဲ့
ခွဲနိုင်တယ်။ ကျင်းစမ်းက ကျက်သရေရှိပြီး ကျင်းစီက သူရဲကောင်းဆန်တဲ့
စိတ်ဓာတ်ရှိတယ်။ ကျင်းစီနဲ့ယဲဖမ်းတို့က ဘယ်တုန်းကမှ မသေခဲ့ဘူး။ ကျင်းစီက
ယဲ့ဖမ်းကို ရှောင်ချုံးရဲ့ တာဝန်တွေကိုထပ်ပြီး မထမ်းဆောင်စေချင်ခဲ့ဘူး။
လက်ကိုနောက်ပစ်ပြီး မှီလိုက်ပြီး ကျင်းအားက ပျင်းရိစွာ ပြောလိုက်တယ်။
“ဒီတစ်ကြိမ်တော့ ယဲ့ဖမ်းက တာဝန်ကြီးကြီး ပေးခံလိုက်ရတယ်။ ”
“ဘာတာဝန်လဲ။ ”
ကျင်းအာကပြုံးပြီး ပြောလိုက်တယ်။
“တော်ဝင်ကြင်ယာတော် ချန်ကို လက်ဆောင်ကြီးကြီး သွားပေးရတာ။ ”
ဒီနေ့ စီမံနန်းတော်ရဲ့ လေထုကအရမ်း ထူးဆန်းနေတယ်။အဲ့ဒါက အရင်နေ့တွေကနဲ့
အရမ်းကြီး မတူဘူး။ သူတို့ရဲ့လေထုက စိုးရိမ်မှုတွေနဲ့ ပြည့်နေတယ်။
ဒါကဘာကြောင့်လဲဆိုတော့ အလယ်ကထိုင်ခုံမှာ လက်ရှိစိတ်မရှည်စွာနဲ့
စာအိတ်ကိုဖတ်နေတဲ့ လူကြောင့်ဖြစ်တယ်။
“တော်ဝင်ကြင်ယာတော်ချန် မနေ့ကအဝတ်တွေက ရောက်လာတယ်။ ”
နန်းတွင်းအစေခံကပြောပြီး သူမရဲ့ သေတ္တာအသေးလေးကို လက်နှစ်ဖက်နဲ့
ကမ်းလိုက်တယ်။ တော်ဝင်အိမ်တွင်းငှာနက စီမံနန်းတော်ကို
အဝတ်ပို့လိုက်တာဖြစ်တယ်။ နန်းတော်ထဲမှာ တော်ဝင်ကြင်ယာတော်ချန်က
အရမ်းအလေးအမြတ် ထားခံရပြီး အရမ်းအချစ်ခံရတာကို လူတိုင်းသိလို့
အကုန်လုံးကသူမကို အာရုံစိုက်ကြတယ်။ ဒီနေ့လည်း သိပ်မထူးခြားဘူး။
နန်းတွင်းအစေခံက သေတ္တာကို ပေးပြီးတော့ ပင်မခန်းမထဲကို
ပြန်သွားတယ်။
သေတ္တာကိုမြင်တော့ တော်ဝင်ကြင်ယာတော်ချန်ရဲ့ မျက်နှာထားက
နည်းနည်းရွှင်ပြပြ ဖြစ်လာတယ်။ သူမက နန်းတွင်းအစေခံကို ရှေ့ကိုယူလာဖို့
အမိန့်ပေးလိုက်ပြီး သေတ္တာကို ညင်ညင်သာသာဖွင့်ဖို့ အမိန့်ပေးလိုက်တယ်။
အဲ့ဒါက ပုံမှန်အပြုအမူ ဖြစ်ပေမဲ့ သူမကအော်လိုက်တယ်။
“အား ”
သူမလက်ထဲကသေတ္တာက အောက်ကိုကျသွားပြီး သေတ္တာထဲက တစ်ခုခုက
လိမ့်လာပြီး မြေပြင်ပေါ်ကို တစ်ခုခုကျသွားသံ ကြားလိုက်ရတယ်။
လုံးလုံးဝန်းဝန်း အရာဝတ္ထုတစ်ခုက လိမ့်လာပြီး သူ့နောက်မှာ
အနီရောင်အကြောင်းတစ်ခု ချန်ခဲ့တယ်။
ဘာဖြစ်တာလဲဆိုတာမသိဘဲ နန်းတွင်းအစေခံတွေနဲ့ မိန်းမဆိုးတွေက
ကြည့်လိုက်ပြီး သူတို့က အဲ့ဒီအရာဝတ္ထုကိုမြင်တော့ အော်လိုက်ကြတယ်။
အဲ့ဒီသေတ္တာထဲက အရာဝတ္ထုက မကြာသေးခင်ကမှ သတ်ခံရတဲ့
ရွှမ်းရုံရဲ့ခေါင်းပဲ။ ရွှမ်းရုံရဲ့မျက်နှာက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေပြီး
ကြောက်ရွံ့မှုနဲ့ ဒေါသထွက်မှုနဲ့ ပြည့်နေတယ်။ သူ့ပါးစမ်က
အကျယ်ကြီးဟနေပြီးတော့ သူကမသေခင်မှာ အရမ်းဆိုးဝါးတဲ့ အရာတစ်ခုကို
ကြုံတွေ့ခဲ့ရသလိုပဲ။ ခေါင်းက လည်ပင်းကနေ ဖြတ်ခံထားရတာဖြစ်ပြီး
သွေးတွေအများကြီး စွန်းနေပေမဲ့ မျက်နှာကတော့ အရမ်းသန့်ရှင်းနေတယ်။
ကြည့်ရတာ တစ်ယောက်ယောက်က အပင်ပန်းခံပြီး အဲ့ဒါကို
ဆေးထားရတဲ့ပုံပဲ။ ရွှမ်းရုံရဲ့မျက်လုံးတွေက ပြုးထွက်နေပြီး
တော်ဝင်ကြင်ယာတော်ချန်ကို ကြည့်နေသလိုမျိုး တော်ဝင်ကြင်ယာတော်ချန်က
ဖြူဖျော့သွားပြီး သတိမေ့တော့မလိုဘဲ။
“တော်ဝင်ကြင်ယာတော် ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့အသက်ကို
ကမ်းလိုက်တယ်။ တော်ဝင်အိမ်တွင်းငှာနက စီမံနန်းတော်ကို
အဝတ်ပို့လိုက်တာဖြစ်တယ်။ နန်းတော်ထဲမှာ တော်ဝင်ကြင်ယာတော်ချန်က
အရမ်းအလေးအမြတ် ထားခံရပြီး အရမ်းအချစ်ခံရတာကို လူတိုင်းသိလို့
အကုန်လုံးကသူမကို အာရုံစိုက်ကြတယ်။ ဒီနေ့လည်း သိပ်မထူးခြားဘူး။
နန်းတွင်းအစေခံက သေတ္တာကို ပေးပြီးတော့ ပင်မခန်းမထဲကို
ပြန်သွားတယ်။
သေတ္တာကိုမြင်တော့ တော်ဝင်ကြင်ယာတော်ချန်ရဲ့ မျက်နှာထားက
နည်းနည်းရွှင်ပြပြ ဖြစ်လာတယ်။ သူမက နန်းတွင်းအစေခံကို ရှေ့ကိုယူလာဖို့
အမိန့်ပေးလိုက်ပြီး သေတ္တာကို ညင်ညင်သာသာဖွင့်ဖို့ အမိန့်ပေးလိုက်တယ်။
အဲ့ဒါက ပုံမှန်အပြုအမူ ဖြစ်ပေမဲ့ သူမကအော်လိုက်တယ်။
“အား ”
သူမလက်ထဲကသေတ္တာက အောက်ကိုကျသွားပြီး သေတ္တာထဲက တစ်ခုခုက
လိမ့်လာပြီး မြေပြင်ပေါ်ကို တစ်ခုခုကျသွားသံ ကြားလိုက်ရတယ်။
လုံးလုံးဝန်းဝန်း အရာဝတ္ထုတစ်ခုက လိမ့်လာပြီး သူ့နောက်မှာ
အနီရောင်အကြောင်းတစ်ခု ချန်ခဲ့တယ်။
ဘာဖြစ်တာလဲဆိုတာမသိဘဲ နန်းတွင်းအစေခံတွေနဲ့ မိန်းမဆိုးတွေက
ကြည့်လိုက်ပြီး သူတို့က အဲ့ဒီအရာဝတ္ထုကိုမြင်တော့ အော်လိုက်ကြတယ်။
အဲ့ဒီသေတ္တာထဲက အရာဝတ္ထုက မကြာသေးခင်ကမှ သတ်ခံရတဲ့
ရွှမ်းရုံရဲ့ခေါင်းပဲ။ ရွှမ်းရုံရဲ့မျက်နှာက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေပြီး
ကြောက်ရွံ့မှုနဲ့ ဒေါသထွက်မှုနဲ့ ပြည့်နေတယ်။ သူ့ပါးစမ်က
အကျယ်ကြီးဟနေပြီးတော့ သူကမသေခင်မှာ အရမ်းဆိုးဝါးတဲ့ အရာတစ်ခုကို
ကြုံတွေ့ခဲ့ရသလိုပဲ။ ခေါင်းက လည်ပင်းကနေ ဖြတ်ခံထားရတာဖြစ်ပြီး
သွေးတွေအများကြီး စွန်းနေပေမဲ့ မျက်နှာကတော့ အရမ်းသန့်ရှင်းနေတယ်။
ကြည့်ရတာ တစ်ယောက်ယောက်က အပင်ပန်းခံပြီး အဲ့ဒါကို
ဆေးထားရတဲ့ပုံပဲ။ ရွှမ်းရုံရဲ့မျက်လုံးတွေက ပြုးထွက်နေပြီး
တော်ဝင်ကြင်ယာတော်ချန်ကို ကြည့်နေသလိုမျိုး တော်ဝင်ကြင်ယာတော်ချန်က
ဖြူဖျော့သွားပြီး သတိမေ့တော့မလိုဘဲ။
“တော်ဝင်ကြင်ယာတော် ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့အသက်ကို ချမ်းသာပေးပါ။ ”
နန်းတွင်းအစေခံတွေက ကြီးမားတဲ့ ပစ်မှုကို ကျူးလွန်မိတယ်ဆိုတာကို
သိသွားပြီး ဒူးထောက်ပြီး ကန်တော့လိုက်တယ်။ စီမံနန်းတော်ထဲက
နန်းတွင်းအစေခံတွေ အကုန်လုံးက ဒူးထောက်ပြီးအမြန်
တော်ဝင်ကြင်ယာတော်ချန်ကို ကန်တော့လိုက်တယ်။
တော်ဝင်ကြင်ယာတော်ချန်က အော်ခေါ်လိုက်တယ်။
“လူအိုချန် လူအိုချန် ”
မိန်းမဆိုးချန်က အမြန်ဝင်လာပြီး သူကကြမ်းပြင်ပေါ်က ခေါင်းကိုတွေ့တာနဲ့
မျက်နှာဖြူဖျော့သွားတယ်။ သူကအမြန် အဲ့ဒါကိုကောက်ပြီးတော့
သေတ္တာထဲ ပြန်ထည့်လိုက်တယ်။ ပြီးတော့ နန်းတွင်းအစေခံတွေကို
အော်ပြောလိုက်တယ်။
“သွားကြတော့ ”
နန်းတွင်းအစေခံတွေက အမြန်ပြန်ထွက်သွားကြတယ်။ ပြီးတော့
တော်ဝင်ကြင်ယာတော်ချန်က မိန်းမဆိုးချန်ကို ပြောလိုက်တယ်။
“လူအိုချန် အဲ့ဒါသူပဲ အဲ့ဒါသူပဲ။ ” သူမရဲ့အသံထဲမှာ ရှားပါးတဲ့စိုးရိမ်မှု
ပါဝင်နေတယ်။
မိန်းမဆိုးချန်က သူမရဲ့မိသားစုက အစေခံဖြစ်ပြီး သူကနန်းတော်ထဲကို
သူ့ကိုခေါ်လာတာဖြစ်တယ်။ သူမနန်းတော်ထဲကို ဝင်ရောက်ခဲ့တဲ့ အချိန်ကစပြီး
သူကအဆင့်နိမ့် နန်းတွင်းမိန်းမဆိုးအဆင့်ကနေ သူ့ရဲ့လက်ရှိအဆင့်ကို
ကြိုးစားပြီး တင်ခဲ့တာဖြစ်တယ်။ သူကတော်ဝင်ကြင်ယာတော်ချန်ရဲ့
အယုံကြည်ရဆုံး လူဖြစ်တယ်။ မိန်းမဆိုးချန်က ကျန်းယွမ်နဲ့ ပတ်သတ်တဲ့
အခြေအနေ အကုန်လုံးကိုသိပြီး သူကသူ့ရဲ့ သခင်မလေးရဲ့
ရှောင်ချုံးအပေါ်ထားတဲ့ သဘောထားကို အတည်မပြုနိုင်သေးပေမဲ့
မိန်းမဆိုးချန်က တော်ဝင်ကြင်ယာတော်ချန်ကို သူမလမ်းကြောင်းက ပိတ်နေတဲ့
အရာတွေကို ရှင်းလင်းတဲ့နေရာမှာ အမှားအယွင်း မရှိခဲ့ဘူး။
ကျန်းယွမ်လွတ်မြောက်သွားတာက အရမ်းဆိုးပေမဲ့ ရှောင်ချုံးကလည်း
မလွယ်ဘူး။ ဒီနေ့ အဖြစ်အပျက်ကို ကြည့်ရရင် သိသာတယ်။ သူမက ရွှမ်းရုံရဲ့ သေဆုံးခြင်းက သူလုပ်တာဆိုတာ သိပေမဲ့သူမက ရှောင်ချုံးဒီနေ့
ရွှမ်းရုံရဲ့ခေါင်းကို သူမကို ပို့လိုက်တဲ့အချိန်မှာ သူမကအဲ့ဒါကို
အတည်ပြုနိုင်သွားခဲ့တယ်။ ဒါက သတိပေးတာလား ဒါမှမဟုတ်
အချက်ပြတာလား။
တော်ဝင်ကြင်ယာတော်ချန်က သေတ္တာကို ကြည့်လိုက်ပြီး မိန်းမဆိုးချန်ရဲ့
လက်ထဲကသေတ္တာကို ကြည့်လိုက်တယ်။ ရုတ်တရက်သူမက ရယ်လိုက်ပြီး
ပြောလိုက်တယ်။
“သူကတကယ်ပဲ ငါ့ကိုစမ်းကြည့်ချင်တာပဲ။ ”
သူမက အံ့ကြိတ်လိုက်ပြီး သူမရဲ့ မျက်ဝန်းထဲက ရူးသွပ်မှုက
ပျောက်ကွယ်သွားပြီး သူမက သူမရဲ့ အေးစက်ပြီး လှပတဲ့ပုံစံ
ပြန်ဖြစ်သွားတယ်။ တကယ်လို့ သေသေချာချာကြည့်ရင် သူမရဲ့ မျက်ဝန်းထဲမှာ
မနာလိုမှုနဲ့ ကျစ်ကျစ်တောက်ပူတဲ့ မီးတောက်တွေကို တွေ့နေရအုံးမှာဖြစ်တယ်။
သူမက တိုးတိုးပြောလိုက်တယ်။
“ကောင်းပြီ။ သူကဒီလိုမျိုး လုပ်ချင်တယ်ဆိုတော့ ငါ့ကိုအကြင်နာတရား
မရှိဘူးဆိုပြီး အပစ်မတင်နဲ့။ ငါကသူ့ကို အဲ့မိန်းမအတွက် ဘယ်လောက်ဝေးဝေး
သွားနိုင်မလဲဆိုတာကို မြင်ချင်တယ်။ ”
မိန်းမဆိုးချန်ရဲ့ နှုတ်ခမ်းက ရွေ့သွားပေမဲ့ ဘာမှမပြောခဲ့ဘူး။
တော်ဝင်ကြင်ယာတော်ချန်က သူ့ကိုကြည့်လိုက်ပြီး အေးစက်စွာ
ပြောလိုက်တယ်။
“ခုနတုန်းက နန်းတွင်းအစေခံတွေကို ဘာလုပ်ရမလဲဆိုတာ နင်သိပါတယ်။
သူတို့ကို သတင်းပြန့်မသွားခင်မှာ သတ်ရမယ်။ ”
မိန်းမဆိုးချန်က အရိုအသေပေးပြီး ပြောလိုက်တယ်။
“ဒီအစေခံက အဲ့ဒါကို ကြည့်လုပ်လိုက်ပါ့မယ်။ ”

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now