Part 195

1.3K 124 0
                                    

အခန်း (၁၉၅)

ကျန်းယွမ်က သူမရှေ့ကို ရောက်လာတဲ့လူကို ကြည့်လိုက်တယ်။ သူတို့အချင်းချင်း ကြည့်နေတာကို ရဲမက်တွေက အံ့အားသင့်နေကြတယ်။ ကျန်းယွမ်က အဲ့လူကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ပြောလိုက်တယ်။

"ပိုင်ကျီ နင်ငါ့ကို မော့မကြည့်ရဲဘူးလား"

ဘေးမှာရှိနေတဲ့ ရဲမက်တွေက လန့်သွားကြတယ်။ သူတို့က ကျင်းရင်ဝမ်နန်းတော်က လူတွေဖြစ်ပြီး ပိုင်ကျီဆိုတဲ့နာမည်ကို မကြားဖူးတဲ့လူတွေ မဟုတ်ဘူး။ သူတို့က သူတို့သခင်မလေးရဲ့ အစေခံတွေ အကုန်လုံးကို သိကြတာဖြစ်ပြီးတော့ သူတို့ထဲမှာ ထျန်ကျူးကလွဲပြီး ကျန်တဲ့လူတွေ အကုန်လုံးက ကျင်းရင်ဝမ်နန်းတော်မှာ အတော်လေး နာမည်ကြီးကြတယ်။ ပိုင်ကျီက သူမသခင်မလေးရဲ့ အစေခံတွေထဲကမှ အတည်ငြိမ်ဆုံးနဲ့ အတိတ်ဆိတ်ဆုံး ဖြစ်တယ်။ သူမကလည်း လှပပြီး သိမ်မွေ့တယ်။ ပိုင်ကျီက ကျန်းယွမ်ရဲ့ ယုံကြည်မှုကို ရထားပြီးတော့ ကျန်းယွမ် ကလေးဘဝကတည်းက ကျန်းယွမ်ကို အလုပ်အကျွေးပြုခဲ့တဲ့ အစေခံတစ်ယောက်လည်း ဖြစ်တယ်။ ဒီနေ့ ပိုင်ကျီရဲ့နာမည်ကို ကြားလိုက်တော့ ရဲမက်တွေက အံ့အားသင့်သွားကြတယ်။

ကျန်းယွမ်ရှေ့ကလူက ဒီတိုင်းပဲရပ်နေပြီး ဘာတုန့်ပြန်မှုမှ မပြခဲ့ဘူး။ ကျန်းယွမ်ကလည်း အလျင်မလိုဘဲနဲ့ တည်ငြိမ်စွာနဲ့ မတ်တပ်ရပ် စောင့်နေခဲ့တယ်။ ခဏအကြာမှာ သူမရှေ့ကလူက သူမရဲ့အပေါ်ရုံကို ချွတ်လိုက်ပြီး ဖြေးဖြေးချင်း ရင်းနှီးတဲ့မျက်နှာကို ပြလာတယ်။

ပိုင်ကျီရဲ့ မျက်နှာထားက ထုံးစံအတိုင်း တည်ငြိမ်နေတုန်းပဲ။ သူမက အခုကိစ္စတွေ အကုန်လုံးကို ကျန်းယွမ်ကို ရှင်းပြထားတဲ့အတိုင်းပဲ သူမမျက်နှာပေါ်မှာ အံ့အားသင့်တဲ့ အရိပ်အယောင် တစ်စက်မှမရှိဘူး။ သူမက ကျန်းယွမ်ကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။

"သခင်မလေးက ထက်မြတ်သားပဲ။ ဒီအစေခံက မအံ့သြတော့ပါဘူး။ ဒါက... "

အဲ့လူက ပိုင်ကျီဖြစ်နေတဲ့အချိန်မှာ ဘေးကရဲမက်တွေ အကုန်လုံးက အံ့အားသင့်သွားကြတယ်။ သူတို့က ပိုင်ကျီကို ထူးဆန်းစွာနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။ ဘာလို့လည်းဆိုတော့ သူမက ကျန်းယွမ်အတွက် မကောင်းတဲ့အရာတစ်ခုခုကို လုပ်ခဲ့သလိုပဲ။ ဒီအချိန်မှာ လန်ချောင်တို့က သတင်းကိုကြားပြီး ချက်ချင်း ရောက်လာကြတယ်။ လုကျူးကလည်း သတင်းကိုကြားပြီး စိတ်မရှည်စွာနဲ့ ပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now