Part 173

1K 91 0
                                    

အခန်း (၁၇၃)

ရှကျွမ်းက ခဏလောက်တွေးပြီးတော့ သူကပြုံးပြီးပြောလိုက်တယ်။

"ဝမ်းကွဲ ဒါက ဘာကိုဆိုလိုတာလဲ"

"မင်းက နန်းတော်ထဲကို ဘာလို့ဝင်လို့ မရတာလည်းဆိုတာ မင်းသိပါတယ်။ အခု မင်းဒီလိုမျိုး နေနေရတာကို မင်းကျေနပ်ရဲ့လား။ အရှင့်မင်းသားအတွက် အလုပ်လုပ်ပေးမယ်ဆိုရင် မင်းဒီထက်ပိုပြီး ထိုက်တန်တာတွေရမှာပါ"

ကျန်းချောင်က ပြုံးပြီးပြောလိုက်တယ်။

" ငါဘာကို ဆိုလိုတာလဲ ဆိုတာ မင်းရောငါရော ကောင်းကောင်းသိပါတယ်"

ရှကျွမ်းက ကျန်းချောင်ကို ကြည့်လိုက်တယ်။ ရှကျွမ်းက ကျန်းချောင်ပြောတာကို သဘောပေါက်တယ်။ ကျန်းချောင်က ရွှမ်းလီအောက်မှာ အလုပ်လုပ်နေပေမယ့်။ ကြည့်ရတာ သူက အဲ့ဒီလိုမျိုး လုပ်ရတဲ့အတွက် ရတဲ့အကျိုးကျေးဇူးတွေကို သူ့ကို ပြောပြချင်နေတဲ့ ပုံပဲ။ ဒါပေမယ့် ရှကျွမ်းက သူ့ထက်ပိုပြီးတော့ သိတယ်။ ဒီအချိန်မှာ ရွှမ်းလီက ကောင်းကောင်းအသုံးပြုလို့ ရမယ်ထင်လို့ သူ့ကို ဒီတိုင်းထားထားတာဖြစ်တယ်။ ရှကျွမ်းက ရွှမ်းလီလက်အောက်မှာ အတူတူအလုပ်လုပ်ဖို့ပြောချင်နေတာကို သူသိပေမယ့် ဒီတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်နေနေခဲ့တယ်။

"အရှင် မင်းသားအတွက် အလုပ်လုပ်ရတာ ငါ့အတွက် ဂုဏ်ယူစရာပဲ။ ငါ ဘာမှ အတွန့် မတတ်ရဲပါဘူး"

ရှကျွမ်းက ပြောလိုက်တယ်။

ကျန်းချောင်က သူပြောတာကို ကြားတဲ့အချိန်မှာ သူက ရှကျွမ်းကို ကြည့်လိုက်တယ်။ အစကတော့ သူက ရှကျွမ်းကို သူနဲ့အတူ အရာရှိတစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ ခေါ်ချင်ပေမယ့် ရှကျွမ်းက အရာရှိတစ်ယောက်ဖြစ်လို့ မရသေးဘူးဖြစ်တယ်။ သူ့အပြစ်ဒဏ်က ခုထိ မပြီးမြောက်သေးဘူး။ ဒီတော့ ကျန်းချောင်က သူနဲ့ အတူ အလုပ်လုပ်နိုင်မယ့် အကြောင်းအရင်းကို စဉ်းစားရတော့တယ်။ ကျန်းချောင်ကအမြင်ကျဉ်းတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် သူက ရှကျွမ်းနဲ့တော့ အလုပ်တွဲမလုပ်ချင်ဘူး။ ဒါပေမယ့် အခုအခြေအနေနဲ့ ကွဲပြားနေတယ်။ သူက ရှကျွမ်းနဲ့တွဲပြီးတော့ အလုပ်လုပ်ကို လုပ်ရမယ့် အခြေအနေရောက်နေတာဖြစ်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now