151 01
အခန်း (၁၅၁)
နှစ်တွေအများကြီး ကြာပြီးတာတောင်မှ ကျန်းကျူ့ယွမ်က သန့်ရှင်းနေတုန်းပဲ။
မင်းသမီးရွှမ်းရုံ ဆယ့်လေးနှစ်ပြည့်တုန်းက အရင်ဧကရာဇ်က နန်းတော်ထဲက ခြံတစ်ခြံကို လှပတဲ့ ခြံဝန်းတစ်ခုအဖြစ်ပြင်ခဲ့ပြီး သူမကို ပေးခဲ့တယ်။
အဲဒီခြံက ရှိနေသေးပေမယ့် လူတွေကတော့မရှိတော့ဘူး။ မင်းသမီးရွှမ်းရုံက ဒီမှာမရှိတော့ ဒီခြံကို လုံးဝမပြင်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီဥယျာဉ်ထဲက မြင်ကွင်းက တော်တော်လေးကောင်းနေတယ်။ အရင်ဧကရာဇ်ဆုံးသွားတော့ မယ်တော်ရိကျယ်က ဒီခြံကို ကောင်းကောင်းပြန်ပြင်ဖို့အတွက် စောင့်နေတာဖြစ်တယ်။
ဒါပေမဲ့ ဥယာဉ်ကကောင်းနေသေးပေမယ့် မယ်တော်ရိကျယ်က အဲဒီကို တစ်ခါမှ မလာခဲ့ဘူး။ သူမက အဲဒီခြံကို ကြည့်လိုက်တိုင်း အမြဲတမ်း စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒီတော့ ကျန်းကျူ့ယွမ်က နန်းတော်ရဲ့အတွင်းပိုင်းက ထူးခြားတဲ့တည်ရှိမှုဖြစ်လာခဲ့ပြီး နေ့တိုင်းသန့်ရှင်းရေးတွေလုပ်နေပေမယ့် အဲဒါက ဥယာဉ်ရိုင်းတစ်ခုပဲ ဖြစ်နေခဲ့တယ်။
ကျန်းယွမ်ရောက်ရှိလာတဲ့ အချိန်မှာတော့ ဒီကျန်းကျူ့ယွမ်ရဲ့ အနာဂတ်က ပြောင်းလဲလာခဲ့တယ်။ ကျန်းယွမ်က မင်းသမီးရွှမ်းရုံရခဲ့တဲ့ အရာတော်တော်များများကို အမွေဆက်ခံရရှိခဲ့တယ်။ အဲဒီထဲမှာ ကျန်းကျူ့ယွမ်လဲပါတယ်။ အဲဒီမှာ လူတွေအနားယူဖို့ စာကြည့်ခန်းတစ်ခန်းနဲ့ စာကြည့်တိုက်တစ်ခုတောင်ရှိနေတယ်။
ကျန်းယွမ်ရဲ့ နန်းတော်က ကျန်းကျူ့ယွမ်ကနေပြီး အတော်လေးဝေးကွာနေတာတစ်ခုပဲ။ ကျန်းယွမ်က အဲဒီကို မကြာခဏပဲရောက်ဖြစ်တယ်။
ဒီနေ့မှာ နန်းတွင်းအစေခံတစ်ယောက်က ပန်းခြင်းတောင်းတစ်ခုကို ကိုင်ပြီး ကျန်းကျူ့ယွမ်ကို သွားခဲ့တယ်။ လက်တလောမှာ ကျန်းယွမ်က ပန်းရနံ့တွေအကြောင်းလေ့လာနေပြီး နန်းတွင်းအစေခံတွေကို ပွင့်ဖက်တွေကောက်ဖို့ အကူအညီတောင်းတယ်။ ဒီနန်းတွင်းအစေခံမလေးက မကြာခဏသူမကို ကူညီခဲ့သလိုပဲ သူမကလည်း အကျိုးကျေးဇူးတချို့ ရခဲ့တယ်။ ဒီနေ့ဒီနန်းတွင်းအစေခံမလေးက အဲဒီကို သွားနေတုန်းမှာပဲ ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရတယ်။