အခန်း (၂၂၅)
လုကျူး ကျန်းယွမ်နဲ့အတူ အိမ်ထဲကို ပြန်လိုက်လာပြီးတော့ သူမ ဒီတိုင်းပဲ အချိန်အတော်ကြာ ရပ်နေခဲ့တယ်။ ကျန်းယွမ် သူမနားသွားလိုက်တော့ လုကျူး မျက်လုံးတွေက နီနေပြီး သူမ တိုးတိုးပြောလိုက်တယ်။
"ဒီအစေခံမှားသွားပါတယ်။ ကျေးဇူးပြုပြီး သခင်မလေး ဒီအစေခံကို အပြစ်ပေးပါ"
"ဘာဖြစ်လို့လဲ"
ကျန်းယွမ် သူမကို ကြည့်လိုက်ပြီး မေးလိုက်တယ်။ လန်ချောင် သူမ နှုတ်ခမ်းတွေ လှုပ်လာပေမဲ့ သူမ ဘာမှမပြောခဲ့ဘူး။ လုကျူးပြောလိုက်တယ်။
"ဒီအစေခံ တခြားသူတွေနဲ့ ကျင်းရင်ဝမ်အိမ်တော်ရှေ့မှာ စကားမများသင့်ခဲ့ဘူး။ ကျင်းရင်ဝမ်အိမ်တော်ကို တခြားသူတွေ ပြောစရာဖြစ်ကုန်ပြီ"
"မင်း မှားတယ်။ မင်း အဲ့လိုမိန်းမမျိုးကို ကြင်နာနေကတည်းက မှားတာ။ မင်း ငါနဲ့ အချိန်အတော်ကြာရှိနေပြီဆိုတော့ မင်း စိတ်ဓာတ်က မာကျောမယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ ငါမင်းကို အပြစ်တင်လို့လည်း မရပါဘူးလေ"
ကျန်းယွမ်ပြောလိုက်တယ်။
"သူက ကျင်းရင်ဝမ်အိမ်တော်ရှေ့ကိုတောင် လာရဲတယ်ဆိုတော့ သူ့မှာ လှည့်ကွက်တချို့ရှိဦးမှာပဲ။ မင်း နောက်ထပ် ရက်နည်းနည်းလောက် အပြင်ကိုမထွက်နဲ့ဦး"
ဒီစကားတွေကြားတော့ လုကျူး ငိုချင်ခဲ့ပြီးတော့ သူမ ရင်ထဲက မကျေနပ်ချက်တွေကိုတောင် ဖွင့်ချချင်ခဲ့ပေမဲ့ ကျန်းယွမ်ရဲ့စကားတွေက သူမကို တစ်ခဏအတွင်း အားအင်တွေပေးခဲ့တယ်။ သူမ တုံ့ဆိုင်းစွာနဲ့ပြောလိုက်တယ်။
"ဒီကိစ္စက... သခင်မနဲ့ ကျင်းရီရဲမက်တွေကြားမှာ ပြဿနာဖြစ်စေမှာလားဟင်"
ကျန်းယွမ် ကျင်းအာကို လူတိုင်းရှေ့မှာ ဆူခဲ့တာဖြစ်တယ်။ ဒါက ကျင်းရီရဲမက်တွေကို နည်းနည်းမသက်မသာဖြစ်စေခဲ့တယ်။ ဒါက ရှောင်ရှို့နဲ့ကျန်းယွမ်ကြားမှာ နားလည်မှုလွဲတာတွေ ဖြစ်စေနိုင်တယ်။
"စိတ်အေးအေးထားစမ်းပါ"
ကျန်းယွမ် ပြုံးလိုက်တယ်။