Part 155

1.5K 145 7
                                    

အခန်း (၁၅၅)

တော်ဝင်စာကြည့်ခန်းထဲမှာ ဧကရာဇ်က သူ့ရှေ့က လျိုမင်ကို ကြည့်လိုက်တယ်။

"မဟာနည်းပြ လျိုက ဘယ်တုန်းကစပြီးတော့ ဟောင်အန်းကျွမ်းကျူ့ရဲ့ ကိစ္စတွေကို စပြီး ဂရုစိုက်သွားတာတုန်း"

"ဒီကိစ္စမှာ သံသယတချို့ ရှိသေးတယ်။ ဒီတော့ အပြစ်သားကို ထပ်ပြီးတော့ စစ်ဆေးကြရအောင်"

လျိုမင်က ဘယ်တုန်းကမှ ဘယ်ဘက်ကိုမှ ပါခဲ့တာမဟုတ်ဘူး။ ဒါက ပထမဆုံးအကြိမ် သူဧကရာဇ်ကို ပြောတာဖြစ်တယ်။

ဧကရာဇ်က တည်ငြိမ်သွားပြီး ပြောလိုက်တယ်။

"ကောင်းပြီလေ။ မင်းကိုမေးရဦးမယ်။ မင်းဘယ်တုန်းက ဟောင်အန်းကျွမ်းကျူ့ကို ဂရုစိုက်သွားတာတုန်း"

ဒီတိုင်းပြည်ရဲ့ ဘုရင်တစ်ပါးအနေနဲ့ သူ့ရဲ့ နန်းတော်ထဲမှာ မျက်လုံးတွေ နားတွေရှိပြီးတော့ သူက ဒီသတင်းတွေကို မကြားနိုင်တာမဟုတ်ဘူး။ ဧကရာဇ်က လျိုမင်လာပြောကတည်းက မပျော်ရွှင်တာဖြစ်တယ်။ လျိုမင်သူကရှေ့မှာ မတ်တပ်ရပ်နေပြီး သူ့ရဲ့ မျက်နှာက ပြောင်းလဲမသွားဘူး။သူကပြောလိုက်တယ်"

"ဒါက ကျွန်တော့်မျိုးအတွက် မပါပါဘူး"

သူနဲ့ ဆန့်ကျင်ဘက်မှာ ရှိတဲ့ လီကောင်းကောင်းက သူ့ကို ကြည့်လိုက်တယ်။ သူရှေ့က လူငယ်က လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး သူက ခေါင်းမာပြီး အဲဒီအကျင့်က အရိုးထဲထိ စွဲနေတယ်။ သူက အလျော့ပေးမှာ မဟုတ်ဘူးဆိုတာကို သူသိတယ်။ လီကောင်းကောင်းရဲ့ စိတ်ထဲမှာ စိတ်ရှုပ်ထွေးနေတယ်။ နေ့လည်ခင်းတုန်းက ဗိုလ်ချုပ် ကျောင့်က လာပြီးပြီဖြစ်ပြီးတော့ မယ်တော်ရိကျယ်ကလည်း လာပြောသွားပြီးပြီ။ ရှောင်ရှို့ဘက်က ဘာမှမပြောခဲ့ပေမယ့် သူ့ရဲ့ စိတ်အခြေအနေက အရမ်းဆိုးနေပြီဖြစ်ပြီးတော့ အခုလျိုမင်ကတောင်မှ တိုက်ရိုက်လာပြောပြီဖြစ်တယ်။ ဟောင်အန်းကျွမ်းကျူ့က တကယ်ပဲ သာမာန်လူတစ်ယောက်မဟုတ်ဘူးပဲ။

ဧကရာဇ်က လျိုမင်ကို အချိန်အတော်ကြာ အေးစက်စွာ စိုက်ကြည့်နေပြီဖြစ်ပြီးတော့ စားပွဲကို ရိုက်လိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Dove le storie prendono vita. Scoprilo ora