အခန်း (၁၉၉)
ဘေးနားကလူတွေက အံ့အားသင့်စွာနဲ့ ကျန်းယွမ်ကို ကြည့်နေကြတယ်။ ကမ္ဘာပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသမီးတွေ ရှိကြပေမဲ့ သူတို့ထဲက ဘယ်သူကမှ ကျန်းယွမ်လောက်တော့ မရက်စက်ဘူး။ သူက သူမရဲ့အဖေဖြစ်ပေမဲ့ ကျန်းယွမ်က ဒီလိုမျိုးလုပ်တာ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ ပထမဆုံး မိန်းကလေးဖြစ်တယ်။
ကျင်းစမ်းနဲ့ ထျန်ကျူးတို့က ကျန်းယွမ်နောက်ကနေပြီး တိတ်ဆိတ်စွာနဲ့ ရပ်ကြည့်နေကြတယ်။ သူတို့အကြည့်တွေက နည်းနည်း စိုးရိမ်နေကြတဲ့ပုံပဲ။ ဒါပေမဲ့ ဘယ်သူကမှ သူမကို လာမတားကြဘူး။ ကျန်းယွမ်ကသူတို့ကို သူမရဲ့အကြံကို ပြောခဲ့ပြီးပြီဖြစ်တယ်။ ဒါကြောင့် သူတို့ကလည်း ရှောင်ရှုံးကို အဲ့အကြောင်း အကြောင်းမကြားခဲ့ကြဘူး။ ရှောင်ရှုံးက ဒီအကြောင်းကိုသိတာနဲ့ ချက်ချင်းပဲ သူမကို တားမှာဖြစ်တယ်။ ကျင်းစမ်းက ရှောင်ရှုံးလက်အောက်ကဆိုပေမဲ့ သူမက ကျန်းယွမ်ကို သူမရင်ထဲကနေ လေးစားခဲ့တာဖြစ်ပြီး ခင်ပွန်းတစ်ယောက်အနေနဲ့ ရှောင်ရှုံးက သူ့ရဲ့ဇနီးတစ်ယောက်ကို ကာကွယ်ချင်တာ သဘာဝပဲ။ ဒါပေမဲ့ ကျင်းစမ်းက ကျန်းယွမ်က သူမ မလုပ်နိုင်တာကို လုပ်မှာမဟုတ်ဘူးဆိုတာကို သိတယ်။ ဒါကသူမ ကျန်းမိသားစုရဲ့ အဆက်အသွယ်ဖြတ်ဖို့ နည်းလမ်းတစ်မျိုးပဲဆိုတာကို သူမသိတယ်။ ကျန်းချွမ်က သူမကို သူ့သွေးပါတယ်ဆိုပြီး ချုပ်ချယ်ချင်တာဖြစ်တယ်။ ဒီတော့ သူမက ဒီလူ့ရဲ့ စကားတွေကို ထပ်ပြီးမကြားချင်တော့လို့ ဒီလိုမျိုး အဆင့်ထိပါ လုပ်ခဲ့တာဖြစ်လို့ သူမက သူမရဲ့မိသားစုနာမည် ကျန်းကို ဘယ်လောက်တောင် မုန်းနေလဲဆိုတာကို ဘေးကလူတွေကြည့်တာနဲ့ မြင်နိုင်တယ်။
ကျန်းချွမ်က တင်းကြပ်စွာ အံ့ကြိတ်ထားပြီး သူ့မျက်နှာက နီရဲပြီး ပေါက်ကွဲထွက်တော့မလိုပဲ။ တကယ်လို့သာ ဘေးမှာဘယ်သူမှမရှိရင် သူကကျန်းယွမ်ကိုတောင်မှ ရိုက်ပြီးနေလောက်ပြီ။ ကျန်းယွမ်ရဲ့ အပြုအမူတွေက သူ့ကိုလန့်သွားစေရုံသာမကဘဲ သူ့မျက်နှာကိုပါ ပြောင်းလဲသွားစေတယ်။ ကျန်းယွမ်ရဲ့အကြည့်က အမုန်းတရားတွေ ပါနေတယ်ဆိုတာ သိသာတယ်။ သူမကို ဂရုမစိုက်တဲ့ ကျန်းမိသားစုက သူမဒီလိုမျိုး လုပ်တော့လည်း ဂရုစိုက်လို့လား။
