Part 149

1.4K 151 2
                                    

149 01

အခန်း (၁၄၉)

နောက်ရက်မှာ ရှောင်ရှို့ အရက်မူးပြီး ကျန်းယွမ်ကို ဖက်တာ နမ်းတာတွေက ကျင်းရင်ဝမ်အိတ်တော်တစ်ခုလုံး ပြန့်သွားတယ်။ အစေခံတွေက သူတို့သခင်ရဲ့အပြုအမူကို ထပ်မံ လေးစားကြပြန်တယ်။ ကြည့်စမ်း.. ဒါက သတ္တိရှိတာလို့ ခေါ်တယ်။ သူတို့ထဲက ဘယ်သူမှ ရှောင်ရှို့အရက်မူးတာကို မတွေ့ဖူးဘူး။ အားလုံးက သူတို့သခင်ရဲ့ဉာဏ်ကောင်းတဲ့အကွက်ကို အံ့အားသင့်နေကြတယ်။

ကျန်းယွမ်ကတော့ ဒါတွေ တစ်ခုမှ မသိဘူး။ မနေ့ညက ရှောင်ရှို့ အိပ်ပျော်သွားချိန်မှာ ထျန်ကျူးကို သူ့အခန်းထဲ လိုက်ပို့ပေးဖို့ အကူအညီ တောင်းခဲ့တယ်။ တစ်ညလုံး သူမစိတ်ထဲမှာ အတွေးတွေ ခံစားချက်တွေက ရုန်းကန်နေခဲ့ပြီးတော့ သူမကို

အိပ်မပျော်စေခဲ့ဘူး။ ဒါကြောင့် နောက်ရက်မှာ ကျင်းရင်ဝမ်အိမ်တော်က ထွက်သွားတော့ သူမမျက်လုံးအောက်မှာ မျက်ကွင်းလေးက ညိုနေခဲ့တယ်။

သူမ ကျင်းရင်းဝမ်အိမ်တော်ကနေ ထွက်လာပြီးတော့ နန်းတော်ကို မပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအစား ကျန်းအိမ်တော်ဘက်ကို သွားဖို့ ရထားလုံးမောင်းသမားကို အမိန့်ပေးလိုက်တယ်။ အခု ကျန်းရှင်းကျီကိစ္စက မြို့တော်ထဲမှာ ပြန့်နေပြီ ဆိုတော့ ကျန်းအိမ်တော်က ဘာမှမသိတာ မဖြစ်နိုင်ဘူး။ ဒါအပြင် သူမ ထောင်ထားတဲ့ ပိုက်ကွန်ထဲကို ဘယ်သူတွေ ဝင်လာမလဲဆိုတာ သူမ သိချင်သေးတယ်။

အံ့ဩဖို့ကောင်းစွာနဲ့ ကျန်းချွမ်က အိမ်တော်ထဲမှာ ရှိနေတယ်။ စာကြည့်ခန်းထဲမှာ ကျန်းချောင်က သူ့ဆန့်ကျင်ဘက်မှာ ထိုင်နေပြီးတော့ သူ့မျက်နှာက မှုန်ကုပ်နေတယ်။

"မင်း ပြောတာက မင်းသား(၈)က ကျန်းယွမ်ကို လက်ထပ်ချင်တယ်လို့ ပြေတာလား"

ကျန်းချွမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

"မင်းသား(၈)က ဘယ်လို လုပ်ပြီး သူ့ကို သဘောကျသွားတာလဲ"

တကယ်တော့ ဒီမေးခွန်းထဲက မိန်းကလေးကသာ ကျန်းစုစု ဖြစ်နေခဲ့ရင် ကျန်းချွမ်က ဘာအတွန့်မှ တက်မှာ မဟုတ်ဘူး။ ပြီးတော့ အဲဒါသာဆိုရင် သူ မျှော်လင့်ထားသလိုမျိုးပဲ ဖြစ်တယ်။ ဒါပေမဲ့ အခုတော့ ရွှမ်းလီက ကျန်းယွမ်ကို လက်ထပ်ချင်နေတယ်။ ဒါက သူ့ကို ပိုပြီး ဒုက္ခရောက်စေတယ်လို့ ခံစားမိစေတယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now