145 01
အခန်း (၁၄၅)
ကောင်းမွန်တဲ့ စကားဝိုင်းက စိတ်ပျက်စရာနဲ့ ပြီးဆုံးသွားတယ်။ ရွှမ်းလန် ထွက်သွားတော့ မျက်နှာတစ်ခုလုံး ဖြူဖွေးနေပြီး ကျန်းယွမ်ရဲ့အကြည့်ကို မခံစားနိုင်တဲ့ပုံပဲ။ ထွက်သွားတဲ့ အချိန်မှာတောင်မှ သူက နည်းနည်း ကြက်သီးထနေတုန်းပဲ။
သူ အဲ့လူရဲ့ အိမ်တော်ကို ရောက်တဲ့အချိန်မှာ ထင်ထားတဲ့အတိုင်းပဲ။ သူရဲ့မျက်နှာထားက မပျက်ယွင်းသွားပေမဲ့ သူ့အပြုံးတွေက တောင့်တင်းသွားတယ်။ မသိနိုင်တဲ့အချိန်တစ်ခု ကြာပြီးနောက်မှာ အဲလူက ခွက်ကို မပြီးတော့ သောက်လိုက်တယ်။ သူက အေးစက်တဲ့ လေသံနဲ့ ပြောတယ်။
"ငါ အစက သူမကို ဂရုစိုက်ချင်ပေမဲ့ သူမက ဘယ်ဟာကောင်းလဲ ဘယ်ဟာဆိုးလဲ မသိတော့ ငါလည်း တုံ့ဆိုင်းနေဖို့ မလိုတော့ဘူး"
သူ့မျက်ဝန်းထဲမှာ ရက်စက်တဲ့ အလင်းရောင်က ဖြတ်သွားတယ်။
"ဆက်သွယ်မှုကို ထားလိုက်တော့"
မြို့တော်ရဲ့ ဒီညနေခင်းကလည်း အရင်နေ့တွေနဲ့ မကွာခြားဘူး။ ဆောင်းဝင်စမို့နေဝင်တာက နည်းနည်းစောပြီး မြို့တော်ကို အမှောင်ထုက မြန်မြန် ဖုံးလွှမ်းသွားပေမဲ့ ကျင်းရီဝမ်အိမ်တော်ကတော့ တောက်ပထိန်လင်းနေတယ်။ ရှောင်ရှို့က ထိုင်ခုံအမြင့်ပေါ်မှာ ထိုင်နေပြီးတော့ သူ့မျက်နှာမှာ မသိသာတဲ့ အပြုံးစစ ရှိနေတယ်။
ရှောင်ရှို့က လက်ထဲက အစကို မီးရှို့လိုက်တဲ့အချိန်မှာ ကျင်းယီ၊ ကျင်းစီနဲ့ ရဲ့ဖန်တို့က သူ့အနားမှာ ရပ်နေကြတယ်။ သူ့မျက်လုံးတွေက နက်မှောင်နေပြီး မီးတွေတောက်လောင်နေတာက မျက်ဝန်းမှာ ပုံရိပ်ထင်ကာ သူတို့ကို နည်းနည်း ထိတ်လန့်သွားစေတယ်။
"လေးယောက်မြောက်ညီလေးရဲ့ သတင်းက ဘယ်တုန်းကမှ မမှားဘူး။ ရွှမ်းလီက စပြီး လှုပ်ရှားလာပြီ"
"မင်းသားရှစ်က အတင့်ရဲလွန်းတယ်။ ဒါက သူ့အိမ်ထဲကို မြေခွေးတွေ ဖိတ်နေသလိုမျိုး ဖြစ်မှာ သူ မစိုးရိမ်ဘူးလား"
ကျင်းစီက မနေနိုင်ဘဲ ထုတ်ပြောလိုက်တယ်။ သူက မဟာကျင်းတိုင်းပြည်ရဲ့ တော်ဝင်မိသားစုက သားတစ်ယောက်ဖြစ်ပေမဲ့ သူရဲ့အပြုအမူက မကောင်ဆိုးဝါးတွေနဲ့တောင် ယှဉ်လို့မရဘူး။ သူက သူ့တစ်ကိုယ်ကောင်းအတ္တအတွက် နယ်စပ်က လူတစ်ထောင်ကျော်ကို အသေးအဖွဲ့ကိစ္စလို ဆက်ဆံနေတယ်။ အဲလိုလူတွေက သူတို့လိုချင်တာအတွက် ဘယ်အရာကိုမှ ဂရုမစိုက်ကြဘူး။