အခန်း (၁၈၀)
သိုးမွှေးစောင်ပေါ်မှာ ကျက်သရေရှိတဲ့ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက ထိုင်နေတယ်။ ကြက်သွေးရောင် မျက်နှာလွှားဇာနဲ့ သူမရဲ့မျက်နှာကို အုပ်ထားပြီးတော့ သူမက သူမရဲ့ တောက်ပပြီး လှပတဲ့ မျက်ဝန်းတစ်စုံကိုပဲ ဖော်ထားခဲ့တယ်။
မီးခိုးရောင် ဝတ်ရုံနဲ့လူက အဲ့ဒီအမျိုးသမီးရဲ့ရှေ့မှာ ဒူးထောက်နေပြီးတော့ သူ့ရဲ့အသံက နည်းနည်း တင်းမာနေတဲ့ပုံပါတယ်။
"သခင်မ ကျန်းရှင်းကျီ လွတ်မြောက်သွားပြီ။ ပြီးတော့ သူ့ကိုလိုက်ဖမ်းခိုင်းခဲ့ပေမဲ့ မမှီခဲ့ဘူး"
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးတော့ ပျင်းရိနေတဲ့ အမျိုးသမီးက နောက်ဆုံးမှာ ပြောခဲ့တယ်။
"ဟုတ်လား။ ဒါကိုတောင်မှ မင်းကောင်းကောင်းမလုပ်နိုင်ဘူး ယွမ်ချမ်း နောက်ကျရင် မင်းဘယ်လိုလုပ်မလဲ"
"သခင်မပြောတာက "
ယွမ်ချမ်းက ခေါင်းငုံ့ပြီးပြောလိုက်တယ်။
"ငါကျန်းရှင်းကျီကို ဖမ်းမိပေမဲ့ ငါတို့ရဲ့ စစ်ဆေးမှုက ဒီတစ်ကြိမ်မှာ မပြီးမြောက်ခဲ့ဘူး။ မြို့တော်ကလာတဲ့ သတင်းတွေကလည်း ရိက္ခာတွေ မီးရှို့ခံလိုက်ရတယ်ဆိုတဲ့ သတင်းတစ်ခုပဲဖြစ်ပြီးတော့ သူတို့ကငါတို့ရဲ့ သူလျိုတွေကို ရှာမတွေ့သေးဘူး။ ငါတို့လူတွေက ကျင်းရီဝမ်နန်းတော်ထဲမှာ ဝင်ပြီးတော့ ရောနှောနေဖို့အတွက် အခွင့်ကောင်းကို စောင့်နေကြတယ်"
ကျင်းရီဝမ်နန်းတော်ဆိုတဲ့ နာမည်ကို ကြားလိုက်တဲ့အချိန်မှာ အဲ့ဒီအမျိုးသမီးက နည်းနည်း တုန့်ပြန်သွားခဲ့တယ်။ သူမက ခေါင်းမော့လိုက်ပြီးတော့ ပြုံးပြီးပြောလိုက်တယ်။
"အို ဟုတ်လား။ အဲ့ဒါဘယ်သူများလဲ"
"ကျင်းရီဝမ်မြို့တော်ကနေ ထွက်မသွားခင်မှာ သူကသူ့ရဲ့ လက်အောက်ငယ်သား ကျင်းစီနဲ့ကျင်းရီကို မြို့တော်ကို ပြန်ခိုင်းလိုက်တယ်။ ပြီးတော့ သူတို့နှစ်ယောက်က ကျင်းရီဝမ်နန်းတော်နားမှာ နေနေခဲ့တယ်။ ဒါပေမဲ့ ကျင်းရီဝမ်က သူတို့နှစ်ယောက်ကို ကျင်းရီဝမ်ကတော် ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်မလေး ကျန်းယွမ်ကို စောင့်ရှောက်ခိုင်းထားတယ်။ ပြီးတော့သူမက ဟောင်အမ်းကျွမ်းကျူ့ပဲ။ ဒီတစ်ကြိမ်မှာ အဲ့ဒီရိက္ခာတွေ မီးလောင်တဲ့သတင်းက ကျွန်တော်ရဲ့ အတွင်းလူတွေ ပြောချက်အရဆိုရင် အဲ့ဒီကျင်းရီဝမ်ကတော်ကြောင့်ပဲ"