Part 174

1.1K 82 0
                                    

အခန်း (၁၇၄)

ချန်းရှအံ့အားသင့်သွားတယ်။ ကျန်းယွမ်ပြောခဲ့တဲ့ စကားတွေ အကုန်လုံးက သူ့ကိုအရမ်း အံ့အားသင့်သွားစေပေမဲ့ သူမအဲ့စကားတွေကို ပြောတဲ့လေသံက သူ့ကိုပိုပြီးတော့တောင်မှ အံ့အားသင့်သွားစေတယ်။ သူမက အဲ့ဒါတွေကို ခက်ခက်ခဲခဲနဲ့ ပြောနေတာမဟုတ်ဘဲနဲ့ ပုံမှန်ထမင်းစားရေသောက် ပြောသလိုမျိုး ပြောနေတာပဲဖြစ်တယ်။ သာမာန်အရာရှိတစ်ယောက်ရဲ့ သမီးက ဒီလိုမျိုးစကားတွေကို ပြောရဲတာက အရမ်းသတ္တိရှိတာဖြစ်ပြီး ပုံမှန်ဆိုရင် အဲ့ဒါက ဘယ်သူမှ မပြောရဲတဲ့ စကားတွေဖြစ်တယ်။ အဲ့ဒီစကားတွေပြောရင်လည်း ပုန်ကန်တယ်ဆိုပြီးတော့ ပြောခံရမှာဖြစ်တယ်။

အချိန်အတော်ကြာ တိတ်ဆိတ်မှုက လွှမ်းမိုးသွားပြီးတော့ သူကနောက်ဆုံးမှာ ပြောလိုက်တယ်။

"တကယ်လို့ သူကဒါကို လုပ်ရဲတယ်ဆိုရင်တောင်မှ မြို့တော်ထဲမှာ လူတွေအများကြီး ရှိနေသေးတယ်။ ပြီးတော့ တကယ်ပဲ ရုံနဲ့ပတ်သတ်တဲ့ ပြဿနာတစ်ခု ရှိလာလိမ့်မယ်။ ဒီတော့ မြို့တော်ကဒါကို နောက်ကျမှ သိသွားပြီး အဖြေဖော်ထုတ်မှာဖြစ်ပေမဲ့ အဲ့ဒါကအရမ်း နောက်ကျသွားလိမ့်မယ်။ ပြီးတော့ မင်းသားရှစ်ကလည်း အရူးမဟုတ်ဘူး။ ဒီတော့ ဘယ်လိုလုပ်ပြီးသူက ဒီကိစ္စကို အဲ့လိုမျိုးလွယ်လွယ်နဲ့ ဖော်ထုတ်ခံမှာတုန်း"

ကျန်းယွမ်က ပြုံးလိုက်တယ်။

"ဒီလူကိုထုတ်တာက အရမ်းသံသယရှိစရာ ကောင်းပေမဲ့ သူကဒီလိုမျိုး ဆိုးတဲ့နည်းလမ်းကိုတော့ သုံးမှာမဟုတ်ဘူး။ ဒါ့အပြင်သူက ဒီပြဇာတ်ကိုပြတာက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတဲ့နည်းလမ်းနဲ့ ကပြနေတာဖြစ်ပြီးတော့ သူ့ရဲ့နောက်ဆုံး ရည်မှန်းချက်က အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ရဖို့ပဲဖြစ်နိုင်တယ်"

"မင်း... "

ချန်းရှက မျက်မှောင်ကြုတ်လိုက်တယ်။

"ကြည့်ရတာ မင်းကမင်းသားရှစ်ကို အရမ်းနားလည်နေသလိုပဲ"

ကျန်းယွမ်ရဲ့စကားတွေက ချန်းရှကို ထူးဆန်းတဲ့ခံစားချက် ရစေတယ်။ ဒါပေမဲ့ ဘာလို့မှန်းမသိ ဒီအမျိုးသမီးက ရွှမ်းလီနဲ့ရင်းရင်းနှီးနှီး ရှိတဲ့ပုံလို့ သူကခံစားနေတယ်။ တကယ်လို့သူမက ကျွမ်းကျူ့တစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင်မှ သူမက လူတစ်ယောက် နောက်ထပ် ဘာလုပ်မလဲဆိုတာကို ဘယ်လိုလုပ်သိတာလဲ။ ပြီးတော့ အဲ့လူကို ဘယ်လိုလုပ်ပြီး သူကဒီလောက်တောင်မှ နားလည်နိုင်ရတာလဲ။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now