အခန်း (၁၃၀) (က)
"မဟုတ်တာတွေလျောက်မပြောနဲ့"
ဦးဆောင်နေတဲ့ အရာရှိကသူစိမ်းတစ်ယောက်ဖြစ်တယ်။ သူက ကျန်းယွမ်ကို မောက်မာစွာနဲ့ ပြောဆိုပြီး သူက လက်ခါလိုက်သည်။ သူမကို ဖမ်းဖို့ ရှေ့ ကိုလာခဲ့တယ်။ ဒီအချိန်မှာ ကျန်းချွမ်က အိမ်တော်ထဲမှာမရှိဘူး။ ပြီးတော့ ရှိနေတဲ့လူတွေက အမျိုးသမီးတွေဖြစ်ပြီး အဲဒီထဲမှာမှ အာဏာရှိတာက ဟုန်ရင်းပဲဖြစ်တယ်။ ကို့ ရို့ ကားယားနိုင်စွာနဲ့ ဟုန်ရင်းကအရာရှိကို ကြည့်ပြီးပြောလိုက်တယ်။
"လူကြီးမင်းဒီအခြေအနေကို ထင်ထင်ရှားရှား မဖြေရှင်းရသေးဘူး"
အရာရှိက ဟုန်ရင်းကိုထူးဆန်းနဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"တစ်ယောက်ယောက်က ကျန်းမိသားစုရဲ့ အကြီးဆုံးသမီးက သူမရဲ့ အဘွားကိုသတ်တယ်လို့ စွပ်စွဲ ခဲ့ပြီးတော့အဲဒီမှာ လူသက်သေနဲ့ ပစ္စည်းသက်သေတွေရှိနေတာပဲ။ တကယ်လို့ ပြောစရာရှိနေသေးရင်ထောင်ထဲမှာပြောလို့ ရတယ်"
သူကကျန်းယွမ်ကို ပြုံးပြီးတော့ပြောလိုက်တယ်။
"အကြီးဆုံးကျန်းသခင်မလေး ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ"
"လူကြီးမင်းကဒီလိုမျိုးကိစ္စကို အရမ်းကြီးကြိုးစားတာပဲ။ အဲဒါတကယ်ပဲ ချီးကျူးစရာကောင်းတယ်"
ကျန်းယွမ်ကအပြုံးလေးနဲ့ ပြောလိုက်တယ်။
"ဒါပေမဲ့အရာရှိစာတမ်းတွေက ဘယ်မှာလဲ"
အရာရှိက ကျန်းယွမ်က ဒီလိုမျိုးမေးမယ်ဆိုတာသိလို့ သိတဲ့အတိုင်းပဲ သူက အပြုံးနဲ့ သူရဲ့အင်္ကျီက ၀ရမ်းကိုထုတ်ပြီးပြောလိုက်တယ် ကျန်းယွမ်ရှေ့မှာယမ်းပြလိုက်တယ်။ အဖြူရောင်စာရွက် အနက်ရောင်စာအိတ်နဲ့ အရာရှိတံဆိပ်တုံး သံသယရှိစရာမလိုဘူး အဲဒါအမှန်ပဲ။
"အကြီးဆုံးကျန်းသခင်မလေး ဒါကို ထင်ထင်ရှားရှားမြင်ရဲ့လား"
ကျန်းယွမ်ရဲ့ အကြည့်က ဒုတိယကိုယ်လုပ်တော်ဆီကိုရောက်သွားတယ်။ သူမကဂရုမစိုက်စွာနဲ့ ပြောလိုက်တယ်။
![](https://img.wattpad.com/cover/344006526-288-k561366.jpg)