Part 181

1.3K 128 0
                                    

181 01

အခန်း (၁၈၁)

ထျန်းကျင်းနိုင်ငံတော်က ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ လက်အောက်ကို ရောက်လာဖို့က သိပ်မကြာတော့ဘူးဖြစ်တယ်။ စစ်ပွဲက အချိန်အတော် ကြာလာပြီး ထျန်ကျင်းနိုင်ငံတော်က အခုအချိန်မှာ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်နဲ့ ဆက်ပြီးတော့ ယှဉ်ပြိုင်နိုင်ပါအုံးမလားဆိုတာ မသိရဘူး။ သတင်းပို့တဲ့လူက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က မကြာခင်မှာ စစ်ပွဲကို နိုင်လိမ့်မယ်လို့ ပို့ခဲ့ပေမဲ့ တစ်ခြားတစ်ဖက်မှာလည်း စစ်သားတွေ အတော်လေး အထိနာနေတယ်ဆိုတဲ့ သတင်းကလည်း ထွက်နေပြန်တယ်။ ကျန်းယွမ်က ဘယ်သတင်းကို ယုံရမှန်းမသိ ဖြစ်နေတယ်။

ဒါကိုအသာထားအုံး ကျင်းရင်ဝမ်အိမ်တော်က အခုအချိန်မှာ အရမ်းအလုပ်ရှုပ်နေတယ်။ အိမ်တော်ထိန်းလင်းကလည်း ရှောင်ရှို့မကြာခင် ပြန်လာတော့မယ်ဆိုတော့ စီစဉ်စရာရှိတာတွေ စီစဉ်နေတယ်။ အရေးအကြီးဆုံးကိစ္စကတော့ ရှောင်ရှို့နဲ့ ကျန်းယွမ်တို့ လက်ထပ်တဲ့ကိစ္စပဲ ဖြစ်တယ်။ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကနေ ထွက်မသွားခင်မှာ ရှောင်ရှို့က သူပြန်လာတဲ့အချိန်မှာ ကျန်းယွမ်ကို လက်ထပ်မယ်လို့ ပြောသွားခဲ့တာဖြစ်တယ်။ ပြီးတော့ အခုအချိန်မှာ ကျန်းယွမ်က ကျင်းရင်ဝမ်ကတော်နေရာမှာ ကိစ္စတွေအကုန်လုံးကို စီစဉ်ပြီးပြီလို့ ထင်ထားပေမဲ့ အိမ်တော်ထိန်းလင်းကတော့ ဒီကိစ္စကို စိုးရိမ်ပူပန်နေတုန်းပဲ။

လုကျူးက အိမ်တော်ထိန်းလင်းဘေးကနေ ဖြတ်သွားတဲ့အချိန်မှာ အိမ်တော်ထိန်းလင်းက သူမကိုတစ်ခုခု ပြောလိုက်တယ်။ အဲ့အချိန်မှာသူမက ခါးထောက်ပြီးတော့ ပြောလိုက်တယ်။

"အိမ်တော်ထိန်းလင်း ဒီအချိုပွဲစာရင်းကို ခဏခဏလာပြီး ပြမနေပါနဲ့တော့ ကျွန်မထပ်ပြီးတော့ မစဉ်းစားနိုင်တော့ဘူး။ ကျွန်မကို နည်းနည်းပါးပါး သက်ညှာပါအုံးလား။ ကျွန်မက အစေခံတစ်ယောက် သာသာပဲကို"

အိမ်တော်ထိန်းလင်းက သူမကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။

"မင်းက သခင်မလေးဘေးနားမှာ အမြဲတမ်း ရှိနေတာဆိုတော့ မင်းက သခင်မလေးကို အသိဆုံးလို့ ငါထင်ခဲ့တာ။ ပြီးတော့မင်းက သခင်မလေး အရမ်းဂုဏ်ယူရတဲ့ အစေခံတစ်ယောက်ပဲလေ။ အဲ့ဒါကြောင့် ငါမင်းကို မေးကြည့်တာပါ"

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Donde viven las historias. Descúbrelo ahora