134 01
အခန်း (၁၃၄) (က)
နေ့ရက်တွေက ဘာမှမဖြစ်သလို ကုန်ဆုံးသွားတယ်။ မျက်စိတစ်မှိတ်အတွင်းမှာ နွေရာသီပြီးဆုံးခါနီး ရောက်လာပြီးတော့ ရာသီဥတုက လွန်ခဲ့တဲ့နေ့တွေကထက် ပိုပြီးအနည်းငယ်အေးလာတယ်။ ဒီကိစ္စတွေက တဖြည်းဖြည်းနဲ့ အနည်ထိုင်လာပြီး ကျန်းသခင်မကြီးသေဆုံးခြင်းကိုလည်း လူတိုင်းက တဖြည်းဖြည်းနဲ့မေ့လာကြတယ်။
ကျင်းရင်ဝမ်အိမ်တော်မှာ အဖြူရောင်ခိုက ပြတင်းပေါက်ကနေဝင်လာပြီး အခန်းအလယ်က သစ်သားစားပွဲပေါ်ကို လာနားတယ်။ သူ့ရဲ့အတောင်ပံတွေက မတော်တဆ မင်ကျောက်တုံးထဲက မင်တွေနဲ့စွန်းသွားတယ်။ အဖြူရောင် ခိုရဲ့တောင်ပံတွေက ချက်ချင်းပဲ အနက်ရောင်ပြောင်းသွားတယ်။
ရှောင်ရှို့က ခိုကို ကျောက်တုံးထဲက မလိုက်ပြီး လက်ထဲမှာ ထားလိုက်တယ်။
ခိုက သူ့ကို ခေါင်းညိတ်ပြလိုက်တယ်။ ကြည့်ရတာခိုက အသိဉာဏ်ရှိတဲ့ပုံပဲ။ ရှောင်ရှို့က ခိုရဲ့ ခေါင်းကိုပွတ်ပေးလိုက်ပြီး ခြေထောက်မှာချည်ထားတဲ့ ကော့ပါးပျော့လေးကို ဖယ်လိုက်တယ်။အထဲက စာကိုဖတ်ပြီးတော့ရှောင်ရှို့က မျက်မှောင်ကြုတ်လိုက်တယ်။
ခဏကြာတော့သူက စာကို ဆီမီးခွက်ထဲမှာ မီးရှို့လိုက်ပြီး သူ့ဘေးကလူကို အမိန့်ပေးလိုက်တယ်။
"ငါ့ရဲ့မြင်းကို ပြင်ထားလိုက် ငါမြို့တော်ကနေသွားတော့မှာ"
ကျင်းရီက အနည်းငယ်တုံ့ဆိုင်းသွားတယ်။
"ရဲ့ဖန်းကို ထွက်လာဖို့ပြောလိုက်။သူရိပေါင် အဆောင်မှာနေစရာမလိုတော့ဘူး။သူ ပိုင်ကျောင်းလိုကို သွားရတော့မယ်။ ကျင်းစီကိုလည်း လိုက်ရှာထား"
ကျင်းရီရဲ့ မျက်နှာထားက ခဏလောက်ခက်ထန်သွားပြီး သူကပြောလိုက်တယ်။
"နားလည်ပါပြီ"
ယွမ်ဂျူမှာ ထျန်ကျူးက လိုက်ကာတွေမပြီးပြောလိုက်တယ်။
"သခင်မလေး ရထားလုံးအသင့်ဖြစ်ပါပြီ"
လုကျူးက စားပွဲပေါ်က ခြင်းတောင်းလေးကို ဆွဲပြီး ပြုံးပြီးပြောလိုက်တယ်။
