Part 161

1.1K 124 5
                                    

အခန်း (၁၆၁)

ရုတ်တရက် မယ်တော်ရိကျယ်ရဲ့ လှုပ်ရှားမှုက လူတိုင်းကို အံ့အားသင့်သွားစေတယ်။ ဒီကိစ္စက မယ်တော်ရိကျယ်နဲ့လည်း ပတ်သတ်ရမယ်လို့ လူတွေက ခန့်မှန်းမိကြတယ်။ အစကအဲ့တာ ရှောင်ရှို့လုပ်တာလို့ ထင်ပေမဲ့ အခုနောက်ပိုင်းမှာ တဖြည်းဖြည်း ပိုပြီးတော့ ရှုပ်ထွေးလာတယ်။ ပြီးတော့ တော်ဝင်မျိုးနွယ်က လူတွေရဲ့ စိတ်ကူးကလည်း ခန့်မှန်းလို့မရဘူးဖြစ်တယ်။ မယ်တော်ရိကျယ်က ရှောင်ရှို့ကို ကျန်းယွမ်နဲ့ လက်ဆက်ပေးတာက ကောင်းတယ်လို့ တစ်ချို့လူတွေကလည်း ပြောကြပေမဲ့ တစ်ချို့လူတွေကလည်း အဲ့ဒါက ကျင်းရီဝမ်ကို သတိပေးတာဖြစ်တယ်လို့ ပြောကြတယ်။

ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အခန့်ညားဆုံးနဲ့ အချောမောဆုံးလူကို ကျန်းအိမ်တော်က သမီးက နောက်ဆုံးမှာ လက်ထပ်သွားနိုင်ခဲ့တာပဲ။

ဒီသတင်းက ကျန်းအိမ်တော်ကို ပျံ့သွားတဲ့အချိန်မှာ ဟုန်ရင်းနဲ့ ကျန်းစုစုတို့က စကားပြောနေကြတယ်။

ကျန်းစုစုက အခုတလော ပိုပြီးတော့ လှပလာပြီးတော့ သူမက ကျန်းယွမ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံကနေ ကွဲပြားပေမဲ့ ကျန်းစုစုရဲ့ အသားအရည်က ချောမွေ့ပြီးတော့ စိုစွတ်နေတယ်။

ကျန်းစုစုက ဟုန်ရင်းကို တွေ့တဲ့အချိန်မှာ သူမရဲ့မျက်ဝန်းထဲမှာ မကျေနပ်တဲ့ အရိပ်အယောင်က ဖြတ်သွားတယ်။ ဒါပေမဲ့သူမက ဟုန်ရင်းကို ပြုံးပြလိုက်တယ်။

ဟုန်ရင်းကလည်း ကျန်းစုစုက သူမကိုပြုံးပြတာမြင်တော့ အံ့အားသင့်သွားတယ်။ ဒီနေ့ကျန်းချောင်ရဲ့ အရာရှိရာထူးက တိုးမြင့်သွားတာဖြစ်ပြီး သူကကျန်းချွမ်ရဲ့ ယုံကြည်မှုကိုလည်း ပြန်ရခဲ့တယ်။ ကျန်းချွမ်ကလည်း ဟုန်ရင်းနဲ့ ကျန်းစုစုတို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်နေတယ်လို့ ထင်နေတုန်းပဲ။ ဒါပေမဲ့ဒီနေ့မှာ ကျန်းစုစုက ခြံပြင်ကို ထွက်လာတဲ့အချိန်မှာ ဟုန်ရင်းက ကျန်းစုစုရဲ့ မျက်နှာပေါ်က အမာရွတ်တွေက ဘာအရိပ်အယောင်မှမရှိဘဲ ပျောက်ကွယ်သွားတာကို မြင်လိုက်ရတယ်။ အဲ့ဒါက သူမရဲ့ နဂိုအသားအရည်ထက်တောင်မှ ပိုပြီးတော့ ချောမွတ်နေသေးတယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now