Part 233

436 64 0
                                    


အခန်း (၂၃၃)

ကျင်းအာ သူမကို မကြည့်ဘဲ ဒင်ရှီးဆီကို သွားလိုက်ပြီး သူ့ အင်္ကျီအိတ်ကပ်ထဲက တစ်ခုခုကို ထုတ်ပြီးတော့ သူ့ကို ပေးလိုက်တယ်။ သူ့ဘေးက လူတွေက အဲဒါ ဘာလဲဆိုတာကို ထင်ထင်ရှားရှားမြင်နိုင်တယ်။ အဲဒါ မင်္ဂလာဖိတ်စာပဲ။ ကျင်းအာ လောင်မန်ကို ကြည့်လိုက်တယ်။

"မင်းမှာ စေ့စပ်ထားတဲ့သူရှိပြီးတော့ မိသားစုထဲက လူကြီးတွေကပါ ငါနဲ့ လက်ထပ်ဖို့ ခွင့်ပြုထားတာကို မင်းက...."

သူ စကားကိုပြီးအောင် ပြောမသွားပေမဲ့ ဘေးမှာရှိတဲ့သူတွေက အဲဒါကို ခန့်မှန်းနိုင်ကြတယ်။

လောင်မန်ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့သူတွေ အခု လုံးဝကွဲပြားသွားပြီ။ အားနည်းပြီး သိမ်မွေ့တဲ့ သခင်မလေးကနေ ရုတ်တရက် လောဘကြီးပြီး သစ္စာမရှိတဲ့ မိန်းမအဖြစ်ပြောင်းလဲသွားတော့ သူတို့ ကျင်းရင်ဝမ်အိမ်တော်က အစေခံမလေးကို ပြောခဲ့တာ မှားပြီလို့ တွေးနေကြတယ်။

ကျင်းအာ မင်္ဂလာဖိတ်စာကို ဒင်ရှီးကို ပေးပြီး ပြန်ထွက်သွားတော့မယ့်အချိန်မှာ သူ့ ခြေထောက်ကို လာဖက်တာ ခံလိုက်ရတယ်။ လောင်မန်က သူ့ခြေထောက်ကိုဖက်ထားပြီးတော့ သူမ ဘာဖြစ်နေမှန်း မသိသေးဘူး။ အဲ့နေ့ညကလူက ဘယ်လိုလုပ် ဒင်ရှီးဖြစ်သွားတာလဲ။ ပြီးခဲ့တဲ့ရက်တွေက ကျင်းအာက ရိုမန်တစ်ဆန်ပြီးတော့ ခန့်ညားတဲ့ လူငယ်အဖြစ်နဲ့ ရှိနေသေးပြီး သူမကို ကြင်ကြင်နာနာနဲ့ ဆက်ဆံခဲ့တယ်။ အခုတော့ သူမ ဒီအခြေအနေထိ ရောက်သွားပြီဖြစ်ပြီးတော့ သူမ အဲဒါကို လက်မခံချင်ခဲ့ဘူး။

"ရှင် ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ"

သူက သူမအပေါ်မှာ သံယောစဉ်မရှိဘူးလား။ ဒီရက်ပိုင်းမှာ သူရဲ့ သဘောထားက သိမ်မွေ့ပြီးတော့ သူတို့နှစ်ယောက် ကောလဟာလတွေထဲကအတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်လိမ့်မယ်လို့ သူမ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါက ဟန်ဆောင်ထားတာလား။ သူမ အဲဒါကို မယုံကြည်ချင်ဘူး။

ကျင်းအာ သူမ စကားကိုကြားတော့ နောက်လှည့်လာပြီး သူမကိုကြည့်လိုက်တယ်။ သူ့ရဲ့ အေးစက်တဲ့အကြည့်က လောင်မန်ကို နည်းနည်းကြောက်သွားစေခဲ့ပြီး သူ ဒူးထောက်လိုက်ပြီးတော့ သူမ နားနားကို ကပ်ပြီး တိုးတိုးပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now