Part 224

604 78 3
                                    


အခန်း (၂၂၄)

ကျင်းရင်ဝမ်နန်းတော်က ဒီရက်ပိုင်းမှာ အတော်လေးခြောက်သွေ့နေတယ်။ ကျန်းယွမ် မရောက်ခင်တုန်းကထက်ကို ပိုပြီးခြောက်သွေ့နေတယ်။ ရှောင်ရှို့က ပုံမှန်ဆိုရင် သိုသိုသိပ်သိပ်နေပြီးတော့ သူက တခြားသူတွေလို ထင်ပေါ်အောင်မနေဘူး။ ဒါပေမဲ့ မြို့တော်ထဲမှာ သတင်းတစ်ခု ပြန့်နေတယ်။ မြို့တော်ထဲကလူတွေက ယောကျာ်းလေးနဲ့ မိန်းကလေးကြားက ကိစ္စတွေကိုဆိုရင် အရမ်းစိတ်ဝင်စားတာ။ အဲ့လိုကိစ္စမျိုးဆို လက်ဖက်ရည်ဆိုင်မှာ လူပြောအများဆုံးပဲ။

လုကျူးက သူမကို လမ်းထဲက လူတွေ ဆွေးနွေးကြတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူမ ဘဝမှာ တစ်ခါမှ မတွေးဖူးဘူး။ ဒါပေမဲ့ အဲဒါက ကောင်းတဲ့အရာတော့မဟုတ်ဘူး။ မြို့တော်ထဲကလူတွေ အကုန်လုံးက ကျင်းရင်ဝမ်ကတော်ဖြစ်တဲ့ ကျန်းယွမ်ကို သိမ်မွေ့တဲ့သူ မဟုတ်ဘူးလို့ ပြောနေကြတယ်။ အစတုန်းက အချစ်မခံရတဲ့ ကျန်းအိမ်တော်ရဲ့ သမီးကြီးကနေ သူမက မယ်တော်ယိတျယ်နဲ့ တွေ့သွားပြီး ဟောင်အန်းကျွမ်းကျူ့ဖြစ်လာတယ်။ ပြီးတော့ ကျင်းရင်ဝမ်နဲ့ လက်ထပ်လိုက်ရတယ်။ ကျင်းရင်ဝမ်အိမ်တော်ကို ရောက်တော့ သူမရဲ့ အဖေကိုတောင် တရားပြန်စွဲခဲ့တယ်။ ဒါတင်မကဘဲ သူမ ဘေးက အစေခံကလည်း သူမနဲ့တူလိမ့်မယ်လို့ ထင်မထားဘူး။ ရှောင်လူကြီးမင်းရဲ့ ရဲမက်က သူ့ မွေးရပ်မြေမှာ တခြားတစ်ယောက်နဲ့ လက်ထပ်ရမှာဆိုပေမဲ့ ကျင်းရင်ဝမ်ကတော်ဘေးက အစေခံက ကျင်းရင်ဝမ်ကို မင်္ဂလာပွဲစီစဉ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အခု အဲ့ရဲမက်နဲ့ စေ့စပ်ထားတဲ့ ကောင်မလေးက တံခါးဝကိုရောက်လာတော့ အဲ့ရဲမက်က ကျင်းရင်ဝမ်ကတော်ရဲ့ ဖိအားကို ဘေးဖယ်ပြီး သူမ စီစဉ်ပေးတာကို မလိုချင်ဘူးလို့ပြောပြီးတော့ မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ပြီး သူ့မွေးရပ်မြေက သခင်မလေးကို လက်ထပ်ဖို့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းခဲ့တယ်။

လူတိုင်းရဲ့ ပါးစပ်ဝမှာတော့ လုကျူးက စနှိုက်ကျော်မဖြစ်နေပြီး လောင်သခင်မလေးကတော့ ညင်သာသိမ်မွေ့ပြီး လှပတဲ့ မိန်းမပျိုလေးပေါ့။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now