Unicode
Part 168
အပိုင်း ၁၂၂(ခ)
ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က လူတွေအကုန်လုံးက ရှောင်ချုံးက အေးစက်ပြီး တစ်သီးတစ်သန့်နေပြီးတော့ ဘယ်အမျိုးသမီးရဲ့ ဆွဲဆောင်မှုကိုမှ သဘောမတွေ့ဘူးဆိုတာ သိတယ်။ တကယ်လို့ ကျန်းယွမ်က နိုင်ငံတော်အဆင့် အရမ်းလှတဲ့ မိန်းမပျိုလေးလို့ သတ်မှတ်ခံရရင်တောင် သူမက ရှောင်ချုံးရဲ့ မျက်ဝန်းထဲမှာ ဘာမှထူးခြားမှာ မဟုတ်ဘူး။ ဒါ့အပြင် ကျန်းယွမ်က အပြင်ပန်းမှာ ညင်သာတဲ့ပုံ ပေါ်ပေမဲ့ သူမကတကယ်တော့ လုံးဝအေးစက်ပြီး သူမရဲ့အကျင့်က ရက်စက်တယ်။ ကျောက်မိသားစု တစ်ခုလုံးက အမျိုးသမီးတွေကို အတူတူပဲလို့ ထင်နေပြီး သူတို့က အဲ့ဒီအမျိုးသမီးကလည်း ကျောက်မိန်လို ကြင်နာပြီး သန့်စင်မယ်လို့ ထင်နေတယ်။ ကျန်းယွမ်က သူ့ရဲ့တူမလေး ဖြစ်ပေမဲ့ ဘယ်ယောကျာ်းကမှ သူမရဲ့အကျင့်ကို ကြိုက်မှာမဟုတ်ဘူး။
ဒါပေါ့ နှစ်တွေအများကြီး ကြာပြီးတော့ အဖြစ်အပျက်တွေက ကျောက်မိသားစုရဲ့ အထက်မြတ်ဆုံး စစ်တပ်အကြံပေးအရာရှိ ကျောက်ယွမ်ကလည်း ဆုံးဖြတ်တဲ့နေရာမှာ အမှားတွေ လုပ်နိုင်သေးတယ်ဆိုတာကို သက်သေပြခဲ့တယ်။ လက်ရှိမှာသူက သူ့ရဲ့ ဆုံးဖြတ်မှုက မှန်တယ်လို့ ခံစားရစေတယ်။
ဒါပေမဲ့ ကျောင်းကွမ်းက သူချစ်တဲ့လူတွေကို အမြန်ကာကွယ်မဲ့ လူတစ်ယောက်ဖြစ်ပြီး တကယ်လို့ အဲ့လူက မှားနေရင်တောင် သူကကာကွယ်အုံးမှာဖြစ်တယ်။ သူက ကျောက်ယွမ်ပြောတာကိုကြားပြီး စားပွဲကို ပြင်းထန်စွာ ပုတ်လိုက်ပြီး ပြောလိုက်တယ်။
“မင်းကကျောက်မိသားစု ဟုတ်သေးရဲ့လား။ ဘယ်လိုလုပ်ပြီး ယွမ်အာအကြောင်းကို ဒီလိုမျိုး ပြောရတာလဲ။ ယွမ်အာက အရမ်းချစ်စရာကောင်းတာ။ အဲ့ဒီရှောင်ကောင်လေးက ယွမ်အာလို လှတဲ့လူ ဘယ်တော့မှ တွေ့ဖူးမှာမဟုတ်ဘူး။ သွားစမ်းပါ။ ”
ကျောက်ယွမ်က နောက်ဆုံးမှာ ဒီလိုမျိုး အပြန်အလှန်စကားပြောပြီး သည်းမခံနိုင်တော့ဘူး။ သူကမတ်တပ်ရပ်ပြီး ပြောလိုက်တယ်။
“အဖေ အခုအချိန်က အကြီးဆုံး အစ်ကိုနဲ့ဒုတိယအစ်ကိုတို့နဲ့ စကားများရမဲ့ အချိန်မဟုတ်ဘူး။ ရှောင်လူကြီးမင်းအကြောင်းကို နောက်တစ်ခေါက်မှ ပြောရအောင်။ ယွမ်အာက ဒီလိုဆိုးဆိုးရွားရွား ဒဏ်ရာကို ကျွန်တော်တို့ တစ်ခုခုလုပ်သင့်တယ် မဟုတ်ဘူးလား။ ”
“ငါတို့ ဘာလုပ်နိုင်မှာလဲ။ ”
သူကဒါကို ပြောလိုက်တာနဲ့ ကျောင်းကွမ်းက ခေါင်းမော့ပြီး ပြောလိုက်တယ်။
“အဲ့ဒီရှောင်ကောင်လေးက အကုန်လုံး လုပ်ပြီးပြီပဲကို။ ”
“ကျွန်တော်တို့ကို တော်ဝင်ကြင်ယာတော်ချန်ကို ချန်ထားတာ မဟုတ်ဘူးလား။ ”
ကျောက်ယွမ်က သူ့ကိုသတိပေးလိုက်တယ်။
ကျောင်းကွမ်းက မျက်မှောင်ကြုတ်လိုက်တယ်။
“သူမက တော်ဝင်မောင်းမတော်တွေထဲက တစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး ငါတို့က ဝင်ပါနိုင်ရမှာလဲ။”
သူကအရမ်း ဒေါသထွက်ပေမဲ့ တော်ဝင်ကြင်ယာတော်ချန်က အတွင်းပိုင်း နန်းတော်မှာရှိနေပြီး သူကအရာရှိဖြစ်တယ်။ သူတစ်ခုခုလုပ်ဖို့ အခွင့်အရေး လုံးဝမရှိဘူး။ ဒါ့အပြင် သူတို့က ဒီအခြေအနေကို လူထုကို ချပြလို့မရဘူး။ သူက နည်းလမ်းတစ်ခု စဉ်းစားလို့မရဘူး။
ကျောက်ယွမ်က လက်ဖျောက်တီးပြီး ပြောလိုက်တယ်။
“တကယ်လို့ ကျွန်တော်တို့ တော်ဝင်ကြင်ယာတော်ချန်ကို မဆန့်ကျင်နိုင်ရင် ချန်လူကြီးမင်း ရှိသေးတယ် မဟုတ်ဘူးလား။ ”
သူကပြုံးပြီး ပြောလိုက်တယ်။
“တော်ဝင်ကြင်ယာတော်ချန်ရဲ့ စိတ်လွတ်လက်လွတ် ဖြစ်နေတာက ချန်လူကြီးမင်းရဲ့ လက်ရှိမောက်မာမှုကြောင့်ပဲ။ ”
ကျောင်းကွမ်းက ခဏလောက် လေးလေးနက်နက် စဉ်စားလိုက်ပြီး ခေါင်းညိတ်ပြီးပြောလိုက်တယ်။
“ဟုတ်တယ်။ ငါအဲ့လူနဲ့ ဖြေရှင်းဖို့ ပြောနေတာကြာပြီ။ ဟာ မှန်တယ်။ ငါတို့ဒီအခွင့်အရေးကို အသုံးပြုပြီး သူ့ကို သင်ခန်းစာနည်းနည်း ပေးလိုက်ရအောင်။ မဟုတ်ရင်သူက ဗိုလ်ချုပ်အိမ်တော်က လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ ရတယ်လို့ ပြောနေအုံးမှာ။ မင်းတို့ဒီကိုလာပြီး ထိုင်စမ်း။ ဒီကိစ္စက အရမ်းအရေးကြီးတယ်။…. ”
ဒီလိုမျိုး ခမ်းနားတဲ့တိုင်းပြည်က မင်းသားတစ်ယောက်က ဒီလိုလွယ်လွယ်နဲ့ သေသွားတယ်။ သူက အသုံးမကျတဲ့ မင်းသားဖြစ်ပေမဲ့ သူ့ရဲ့သေဆုံးခြင်းက ရုံးတော်ထဲမှာ ကြီမားတဲ့မုန်တိုင်းတစ်ခု ဖြစ်ပေါ်စေတယ်။ ဒါပေမဲ့ ဧကရာဇ်က ဒီသားကို ဘယ်တုန်းကမှ သဘောမကျခဲ့လို့ အဲ့သားသေသွား တာတောင်မှသူက ပူဆွေးမှု တစ်စုံတစ်ရာ မပြခဲ့ဘူး။ ပြီးတော့ မယ်တော်ကြီး ယိကျယ် က နည်းနည်း ဝမ်းနည်းနေပုံပေါ်တယ်။ အဲ့ဒါက သူမအဲ့လိုဖြစ်တာ အရမ်းရှားတယ်။ သူမရဲ့ ခံစားချက်တွေက ဒီအခြေအနေနဲ့ မပတ်သတ်ပုံဘဲ။
ကျန်းယွမ်က ကျင်းရီဝမ်အိမ်တော်မှာ နောက်ထပ်ရက်အနည်းငယ် ဆက်နေနေတယ်။ ဆူညံသံတွေက ပြီးဆုံးသွားတာတောင်မှ သူမက ကျန်းအိမ်တော်ကို မပြန်သေးဘူး။ အဲ့ဒီအစား ရှောင်ချုံးက လူနှစ်ယောက်ကို သူမကို နန်းတော်ထဲကို ခေါ်သွားဖို့ ခန့်အပ်ခဲ့တယ်။ ဒီလူတွေက သာမာန်လူတွေ မဟုတ်ဘူး။ ဒါကြောင့် နန်းတော်ထဲမှာ မတော်တဆ ဖြစ်တာတွေကို လျော့ချနိုင်တယ်။
သူကနန်းတော်ထဲကို ပြန်ရောက်တော့ ကျန်းယွမ်က မယ်တော်ကြီး ယိကျယ် ကို အရိုအသေပေးခဲ့ပြီး တစ်ချိန်လုံး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ခဲ့တယ်။ ဒါပေမဲ့သူမက မယ်တော်ကြီး ယိကျယ် က အရမ်းမျက်တွင်း ချောင်နေတဲ့ပုံပေါ်ပြီး မယ်တော်ကြီး ယိကျယ် က ကျန်းယွမ်ကို တွေ့တဲ့အခါမှာ သူမက တစ်ခုခုကို သတိရပုံပေါ်ပြီး မေးလိုက်တယ်။
“မင်းရဲ့တတိယ ညီမလေး မင်္ဂလာပွဲမှာ တစ်ခုခုဖြစ်တယ်လို့ ငါကြားတယ်။ ဘာဖြစ်တာလဲ။ ”
ကျန်းယွမ်က ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။
“တတိယညီမလေးက ဘာမှမပြောပါဘူး။ ဒီတော့ ကျွန်တော်မျိုးမလည်း အသေးစိတ်ကို မသိပါဘူး။ ”
မယ်တော်ကြီး ယိကျယ် က ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်တယ်။ ကျန်းယွမ်နဲ့ ကျန်းမိသားစုကြားက ဆက်ဆံရေးက မကောင်းဘူးဆိုတာ သူမသိတယ်။ သူတို့က တော်ဝင်ဘိုးဘေး ဘုရားကျောင်းမှာ ရှိနေချိန်မှာ ကျန်းယွမ်က တစ်ခါမှအိမ်ကနေ နေကောင်းလားဆိုတဲ့စာတောင် မပို့ခဲ့ဘူး။ သူမက ကျန်းမိသားစုအပေါ်ထားတဲ့ သဘောထားကိုလည်း အကဲခတ်ခဲ့တယ်။ သူမက ကျန်းမိသားစု အပေါ်မှာလည်း နွေးထွေးမှု မပြခဲ့ပေမဲ့ သူမကဒီလိုမျိုးသူမရဲ့ တစ်သီးတစ်ခြားနေတဲ့ အပြုအမူက ပုံမှန်လိုပဲ။
“ကျောင်းကျန်း အဲ့ဒီကျောင်းကျန်း သူက ကောင်းတဲ့လူ မဟုတ်ဘူးလို့ ငါထင်တယ်။ သူ့ရဲ့ ကိုယ်ကျင့်တရားက လုံးဝ အရှုပ်ထုတ်ကြီးပဲ။ တကယ်လို့ သာမာန်လူတွေက သူ့ရဲ့နမူနာအတိုင်း လိုက်မယ်ဆိုရင် တစ်တိုင်းပြည်လုံးက ဖရိုဖရဲ ဖြစ်သွားမှာပဲ။ ”
ဒီကိစ္စက မယ်တော်ကြီး ယိကျယ် ရဲ့ မျက်ဝန်းထဲမှာ လုံးဝပြင်းထန်တယ်ဆိုတာ သေချာတယ်။ သူမက နိုင်ငံရေးထဲမှာ မပါခဲ့ဘဲ လွန်ခဲ့တဲ့နှစ်တွေထဲက နိုင်ငံတော်ကို အုပ်ချုပ်ရတဲ့ ကိစ္စထဲမှာလည်း သူမက သူမရဲ့ အစောပိုင်းနှစ်တွေမှာပဲ ပါခဲ့ပြီး ကျောင်းကျန်းက အခုတင် သူမရဲ့လူနေမှု အဆင့်အတန်း အခြေခံစည်းမျဉ်းကို ဖောက်ဖျက်ခဲ့ပြီဖြစ်တယ်။ ကျန်းယွမ်က မယ်တော်ကြီး ယိကျယ် ရှေ့မှာ ဒီလိုမျိုး ကြီးမားတဲ့ကိစ္စ အဖြစ်အပျက်တွေကို မပြောရဲဘူး။ ခဏလောက် စကားပြောပြီး မယ်တော်ကြီး ယိကျယ် က မောတဲ့ပုံပေါ်ပြီး နားသွားတယ်။
ကျန်းယွမ်က ရန်ဖိုးဖိုးနဲ့ အပြင်ကိုလိုက်သွားတယ်။ လမ်းမှာ ကျန်းယွမ်က မေးလိုက်တယ်။
“ဘာလို့တော်ဝင်အဘွားက ဒီလောက်ဝမ်းနည်းနေတာကို သိလား ”
မယ်တော်ကြီး ယိကျယ် က အရမ်းစိတ်ဓာတ်ကျနေပြီး သူမရဲ့ အသက်အရွယ်ကြောင့် မျက်ကွင်းချောင်နေတာက သူမအတွက်တော့ သာမာန်မဟုတ်ဘူး။ ကျန်းယွမ်က အဲ့ဒါက ရှောင်ချုံးရဲ့ သေဆုံးခြင်းအကြောင်းမို့လို့ မတွေးခဲ့ဘူး။ တကယ်တော့ မယ်တော်ကြီး ယိကျယ်က စိတ်မြန်ပြီး ပြတ်သားတဲ့လူဖြစ်ပြီး သူမကရွှမ်းရုံကို အစောပိုင်းကတည်းက စက်ဆုပ်ရွံ့ရှာတာဖြစ်တယ်။ သူ့ကို နန်းတော်အပြင်ကိုထုတ်ပြီး သူ့အိမ်တော်နဲ့သူ နေခိုင်းတာကလည်း သူမလုပ်ခဲ့တာဖြစ်တယ်။
ရမ်ကုကုက ပြုံးပြီးပြောလိုက်တယ်။
“ကျန်းကျူး မယ်တော်ကြီး ယိကျယ် က အခုရက်ပိုင်းတွေမှာ နည်းနည်းပင်ပန်းနေတာ ဖြစ်လိမ့်မယ်။ ပြီးတော့သူမက စိတ်ဓာတ်ကျနေတဲ့ပုံပဲ။ သူမနောက်ထပ် ရက်အနည်းငယ်အကြာမှာ ပြန်ကောင်းလာမှာပါ။ ”
ဒီစကားတွေက နည်းနည်းပဲ တိကျတယ်။ ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“ဒီလိုလား။ ဒါဆိုရင်လည်းကျွန်မ ရမ်ကုကုကို တော်ဝင်အဘွားကို ဂရုစိုက်ပေးဖို့ ဒုက္ခပေးရအုံးမယ်။ ”
“ဒီအစေခံက ကျန်းကျူချီးမွန်းတာနဲ့ မထိုက်တန်ပါဘူး။ ”
ရမ်ကုကုက မယ်တော်ကြီးကြယ်ရဲ့ အစေခံတစ်ယောက်အနေနဲ့ သူမက မယ်တော်ကြီး ယိကျယ် နဲ့ အချိန်အတော်ကြာ ရှိနေခဲ့တာဖြစ်ပြီး သူမကကျန်းယွမ်ကို အရမ်းသဘောကျတယ်။ ကျန်းယွမ် မယ်တော်ကြီးကို သူမအသက်ကိုတောင် စွန့်စားပြီး ကယ်ခဲ့ပေးတဲ့နောက်မှာ သူမက သဘောကျမှုကိုရဖို့ အဲ့ဒါကို တစ်ခါမှ အသုံးမပြုခဲ့ဖူးဘူး။ ပြီးတော့ သူတို့ရဲ့နောက်ပိုင်း တုန့်ပြန်မှုတွေမှာ သူမက ဘာကိုမေးသင့်ပြီး ဘာကိုမမေးသင့်ဘူးဆိုတာ သိတယ်။ သူမလိုလူတွေက နန်းတော်ထဲမှာ ရှင်သန်ဖို့အတွက် ပိုပြီးသင့်တော်တယ်။ ရမ်ကုကုက ကျန်းယွမ်ကို ချီးမွန်းတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
ကျန်းယွမ်က သူမရဲ့အကြည့်ကို အနည်းငယ် ချလိုက်တယ်။ သေချာတာကတော့ မယ်တော်ကြီးကလည်း သူမရဲ့ လျို့ဝှက်ချက်ရှိပြီး သူမက မယ်တော်ကြီးနဲ့ လျို့ဝှက်ချက်တွေ အချင်းချင်း ဖလှယ်တဲ့ ရင်းနှီးမှုထိ မရောက်သေးဘူးဘဲ။ ဒါပေမဲ့သူမက တစ်ခြားလူတွေရဲ့ လျို့ဝှက်ချက်တွေကို စိတ်မဝင်စားဘူး။ တကယ်လို့ မယ်တော်ကြီးက အဲ့ဒီဟာတွေကို မပြောရင်တောင် သူမက မေးမှာမဟုတ်ဘူး။ သူမက နန်းတော်ကိုဒီနေ့ ပိုပြီးအရေးကြီးတဲ့ ကိစ္စနဲ့ လာတာဖြစ်တယ်။
“ရမ်ကုကု အိမ်တော်မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က တစ်ချို့အရာတွေဖြစ်ခဲ့ပြီး ကျွန်မ သက်တောင့်သက်သာ မရှိသလို ခံစားရတယ်။ ဘုရားကျောင်းကိုသွားရင် ကျွန်မခံစားချက်တွေကို တည်ငြိမ်နိုင်ပြီးတော့ ကျွန်မစိတ်ကို အေးချမ်းစေတယ်။ ဒီတော့ကျွန်မ ဘုရားစာရွတ်တာကို နားထောင်ချင်တယ်။ ”
မဟာဆရာတော်က နန်းတော်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရောက်လာခဲ့တာဖြစ်ပြီး ဧကရာဇ်က နန်းတော်ထဲမှာ သူသက်တောင့်သက်သာ နေဖို့အတွက် ဘုရားကျောင်း ဆောက်ပေးခဲ့တယ်။ သာမာန်နေ့တွေမှာ နန်းတော်က အမျိုးသမီးတွေက ဘုရားစာရွတ်တာကို မကြာခဏ ဘာနားထောင်ကြတယ်။ ဧကရာဇ်ကလည်း ဒါတွေကို သဘောကျတယ်။
ရမ်ကုကုက ကျန်းလီရဲ့ မင်္ဂလာည ကောလဟာလကိုကြားပြီး သူမရဲ့နှလုံးသားကလည်း နာကျင်ခဲ့တယ်ဆိုတာကိုသိတယ်။ ဟောင်ယမ်းကျွမ်းကျူက အကျင့်ကောင်းပြီး ထက်လည်းထက်မြတ်ပြီး ခေါင်းအေးပေမဲ့ ကံမကောင်းစွာနဲ့ သူမက ကျန်းမိသားစုဝင်တစ်ယောက် ဖြစ်နေတယ်။ ဘယ်လိုလုပ်ပြီး တစ်အိမ်ထဲက ညီအစ်မတွေကြားမှာ ဒီလိုမျိုး ကွာခြားချက် ရှိနေရတာလဲ။ ဒါကိုတွေးပြီး သူမကပြုံးပြီး ပြောလိုက်တယ်။
“ကျွမ်းကျူးက ဘုရားကျောင်းလေးကို ပြောနေတာလား။ အဲ့ဒါက တောင်ပိုင်းဥယျာဉ် အဆုံးမှာရှိတယ်။ ဒီအစေခံက ကျွမ်းကျူကို အဲ့ဒီကို ခေါ်သွားပါ့မယ်။ ”
ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“ကျေးဇူးအများကြီး တင်ပါတယ် ရမ်ကုကု ”
![](https://img.wattpad.com/cover/344006526-288-k561366.jpg)