Part 169

1.3K 124 3
                                    

169 01

အခန်း (၁၆၉)

ညတုန်းကမိုးရွာပြီးတော့ နောက်တစ်ရက်မနက်ခင်းမှာ လန်းဆန်းနေခဲ့တယ်။ လန်ချောင်က ပြတင်းပေါက်ကို ဖွင့်လိုက်ပြီးတော့ အပြင်က သစ်ကိုင်းတွေမှာမနေ့ညက ရွာခဲ့တဲ့ မိုးပေါက်လေးတွေ ကျန်ရှိနေတုန်းဖြစ်ပြီးတော့ မိုးရွာပြီးတဲ့အချိန်မှာ ကျန်ခဲ့တဲ့ ထူးခြားတဲ့ရနံ့နဲ့ ပြည့်နေခဲ့တယ်။

ကျန်းယွမ်က မနက်စာစားပြီးတော့ ပြတင်းပေါက်နားကို သွားလိုက်တယ်။ လုကျူးက အမြန်ပဲ အထဲကိုဝင်လာပြီးတော့ လန်ချောင်က ကျန်းယွမ်အတွက် လက်ဖက်ရည်ပြင်နေရင်းမတတ် လုကျူးကို တစ်ချက်ကြည့်လိုက်တယ်။ လုကျူးက ရုတ်တရက် မျက်စိမှိတ်ပြလိုက်ပြီး ရုတ်တရက် သူမနားလာပြီး တိုးတိုးလေးပြောပြလိုက်တယ်။

"သခင်မလေး ရှယန်ဆုံးသွားပြီလို့ကြားတယ်"

"ဟုတ်လား"

သူမက ပြတင်းပေါက်နားက ထိုင်ခုံမှာ ထိုင်လိုက်ပြီးတော့ လုကျူးအပြန်မှာ ဝင်ယူလာတဲ့ နှင်းဆီကိတ်ကို စားနေခဲ့တယ်။ အဲဒါက အရမ်းအရသာရှိပြီးတော့ မနက်ခင်းမှာ စားရတာက တော်တော်လေးကို ပြီးပြည့်စုံတယ်။

လုကျူးက ဆက်ပြောတယ်။

"ဒုတိယသခင်မလေးလည်း ဆုံးသွားပြီတဲ့။ ပြီးတော့ ငါးယောက်မြောက်ကိုယ်လုပ်တော်လည်းဆုံးသွားပြီ "

တစ်ရက်ထဲမှာ နှစ်ယောက်ဆုံးသွားတာပဲ။ ဒါပေမယ့် ကျန်းယွမ်ရဲ့ မျက်နှာထားကတော့ ဘာမှပြောင်းမသွားဘူး။ သူမက အဲဒါတွေအကုန်လုံးကို ခန့်မှန်းပြီးသားလိုမျိုးပဲ။

"လူကြီးမင်းရဲ့ လူတွေက အဲဒါကို သူတို့ကိုယ်တိုင်တွေ့ခဲ့တာလို့ ပြောတယ်။ လုကျူးက ကျန်းယွမ်ရဲ့ တုန့်ပြန်မှုကို နည်းနည်းစောင့်ကြည့်ခဲ့တယ်။ ပြီးတော့ သူမကအမြန်ပြောလိုက်တယ်"

"ဒုတိယသခင်လေးက ဒုတိယသခင်မလေးကို ရှာဖို့အတွက်မြင်းနဲ့ ထွက်သွားတယ်လို့ ပြောပေမယ့် ဒုတိယသခင်မလေးက အသတ်ခံရတယ်တဲ့။ ပြီးတော့ ဒုတိယသခင်မလေးက ဓားပြတွေသတ်ခံရတာလို့ ပြောခဲ့တာ။ ငါးယောက်မြောက် အစ်ကိုကတော့ ကိုယ့်ကိုကိုယ်သတ်သေတာဖြစ်တယ်"

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now