Unicode
Part162
အခန်း ၁၁၉ (ခ)
ရွှမ်းရုံက အကြပ်ရိုက်နေတယ်။
ကျန်းယွမ်ရဲ့ နဖူးပေါ်မှာ ချွေးစေးတွေ အများကြီးပြန်နေတယ်။ သူမဒီအခန်းထဲမှာ တစ်စက္ကန့်နေတိုင်း သူမကစိတ်ကြွဆေးကို ပိုပြီးတော့ ရှုရလေပဲ။ ပြီးတော့ သူမရှုခဲ့တဲ့ စိတ်ကြွဆေးတွေက သူမခန္ဓာကိုယ်ပေါ်မှာ အာနိသင်ပြလာတယ်။ သူမလက်မောင်းပေါ်က ဒဏ်ရာရဲ့ နာကျင်မှုက သူမကိုယ်သူက သူမခန္ဓာကိုယ်ထဲမှာ သွေးခုန်နှုန်း မြင့်တက်လာတာကို ခဏတားထားတာပဲ။
ဒါ့အပြင် သွေးလှလက်ကောက်ထဲမှာ အပ်တစ်ချောင်းမှ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ သူမနားကပ်တဲ့ အစောင့်တွေကို အစောတုန်းက ပစ်ခဲ့ရလို့ပဲ။ သူမစကားတွေက ရွှမ်းရုံကို ကြောက်လန့်စေဖို့ထက် မပိုခဲ့ဘူး။ ထျန်ကျူးကလည်း ရောက်မလာဘူး။ ဥယာဉ်ထဲမှာ တစ်ခုခုများ ဖြစ်ခဲ့တာများလား။
ကျန်းယွမ်က သူမရဲ့ကိုယ်ထဲမှာ ပုရွက်ဆိတ်တွေ တက်လာသလို ခံစားလိုက်ရပြီး အရမ်းယားလာတယ်။ သူမကညဉ်းလိုက်တော့မလို ဖြစ်သွားပေမဲ့သူမက သူမရဲ့အောက်နှုတ်ခမ်းကို ကိုက်ထားပြီး လွတ်မြောက်တော့မလိုဖြစ်တာကို သူမကဆက်ပြီး ထိန်းထားတယ်။
ရွှမ်းရုံက ဘာလုပ်ရမလဲဆိုတာ မသေချာဘူး။ ဒါပေမဲ့သူက ကျန်းယွမ်ရဲ့မျက်နှာက နီရဲလာပြီး သူမရဲ့ အသက်ရှုသံတွေကပိုပြီး မြန်လာတာကို သိသွားတော့ သူကချက်ချင်းပဲ ဘာဖြစ်နေလဲဆိုတာ သဘောပေါက်သွားတယ်။ နှစ်တွေအများကြီးသူက ယောကျာ်းနဲ့မိန်းမကြားက ကိစ္စတွေကို ကျွမ်းကျင်ခဲ့ပြီးတော့ တကယ်လို့ ကျန်းယွမ် စိတ်အားထက်သန်လာတာကို မသိခဲ့ရင် သူနေခဲ့တဲ့ နှစ်တွေက သဲထဲရေသွန်ပဲ။ သူကသူမကို တိုက်ခဲ့တဲ့ဆေးကို တစ်ခြားလူတွေထက်ပိုပြီး သူကသိတော့ ပျော်သွားတယ်။ သူ့ရဲ့ဆေးတွေက ဒီကိုရောက်တုန်းပဲဆိုပြီး သူကမစိုးရိမ်တော့ဘူး။ အိပ်ယာနားရောက်တဲ့အထိ နောက်ဆုတ်လိုက်ပြီး ထိုင်လိုက်တယ်။ အေးအေးဆေးဆေးပဲ သူကကျန်းယွမ်ကို အကဲခတ်ပြီး ပြောလိုက်တယ်။
“မင်းသမီးက အရမ်းခေါင်းမာတာပဲ။ ဒါပေမဲ့ ဒီမင်းသားက တစ်ယောက်ယောက်က တစ်ခုခုလုပ်ဖို့ တွန်းအားမပေးတတ်ဘူး။ ကျွမ်းကျူ မင်းကအခု မလိုချင်ဘူးပြောပေမဲ့ မင်းကနောက်ကျရင် ဒီမင်းသားကို မင်းလိုချင်တာအတွက် တောင်းပန်နေရလိမ့်မယ်။ ”
သူကသူ့ရဲ့ ရမက်ကို မထိန်းချုပ်နိုင်ပေမဲ့ သူကသူ့ရဲ့အသက်ကို တန်ဖိုးထားသေးတယ်။ အဲ့ဆေးက အရမ်းအာနိသင်ပြင်းလို့ တစ်ငုံသောက်ရုံက ရမက်တွေ ကြွလာစေတယ်။ ကျန်းယွမ်က ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပေမဲ့ ဒီလိုအခြေအနေမျိုးမှာ သူမက ရွှမ်းရုံကို သူမရဲ့ချစ်ကြည်နူးဖို့ တောင်းပန်နေရလိမ့်မယ်။
ဒါကိုတွေးပြီး ရွှမ်းရုံကလှောင်လိုက်တယ်။ ပြီးတော့ ပွဲကိုစဖို့ ပြင်လိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အပြင်မှာစောင့်နေတဲ့ ရဲမက်တွေရှိလို့ ကျန်းယွမ်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူလုပ်ရမှာက သူမကိုဆေးအာနိသင်က အပြည့်အဝ အနိုင်ယူသွားဖို့ပဲ။
ကျန်းယွမ်က သူ့ရဲ့သုံးသပ်ချက်အတိုင်း ရောက်သွားပြီဖြစ်ပေမဲ့ သူမက ဒီအချိန်မျာ သူမကိုယ်သူမ ကာကွယ်ဖို့ ခွန်အားမရှိတော့ဘူး။ ဒါ့အပြင်သူမရဲ့ သွေးလှလက်ကောက်ထဲမှာလည်း အဆိပ်အပ်တွေက မရှိတော့ဘူး။ ဆေးကစပြီး အာနိသင်ပြလာတာနဲ့ သူမရဲ့ခန္ဓာကိုယ်က အရမ်းမသက်မသာ ဖြစ်လာပြီး သူမမျက်ဝန်းတွေက ရှောင်ရှုံးရဲ့ ဓားမြှောင်ပေါ်ကို ကျလာတယ်။ သူမရဲ့အတွေးခံစားချက်တွေက ရောထွေးနေပြီး သူမက သူမကိုယ်သူမ ထပ်ထိုးဖို့ ပြင်လိုက်တယ်။
အဲ့အချိန်မှာပဲ ဘန်းကနဲမြည်သံနဲ့ တံခါးကို တစ်ယောက်ယောက်က ကန်လိုက်တယ်။ အရပ်ရှည်ရှည်နဲ့ ပိန်ပါးတဲ့ အသွင်အပြင်က အမှောင်ထဲကနေ ထွက်လာတယ်။ ကျန်းယွမ်က ရင်းနှီးတဲ့ပုံရိပ်ကို မြင်လိုက်တဲ့အချိန်မှာ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ဘူး။
ရွှမ်းရုံက အရမ်းလန့်သွားပြီး ကုတင်ပေါ်ကနေ ခုန်ချလိုက်တယ်။ သူကဝတ်ရုံနက်ကို ဝတ်ထားပြီး သူမျက်ဝန်းတွေက အေးစက်ပြီး ဓားတစ်ချောင်းလို ချွန်ထက်နေတယ်။ သူကကျန်းယွမ်ဆီကို လျှောက်လာပြီး သူမရဲ့သွေးစွန်းနေတဲ့ လက်မောင်းကိုယူလိုက်ပြီး နက်မှောင်တဲ့မျက်ဝန်းတွေက တိမ်မည်းတွေလို ဖြစ်နေတယ်။
“ရှောင်ရှုံး ”
ကျန်းယွမ်ကသူ့ကို ကြက်သေသေပြီး ငဲ့ကြည့်လိုက်တယ်။
“ဟုတ်တယ်။ ကိုပဲ ”
ရှောင်ရှုံးကပြောပြီး သူမကိုဖက်လိုက်တယ်။ ဖုန်မှုန့်တွေက ပျောက်သွားတော့ ကျန်းယွမ်နဲ့ ရှောင်ရုန်းတို့က အပြင်ကအစောင့်တွေက မြေပြင်ပေါ်မှာလဲနေပြီး အကုန်လုံးက သူတို့မှာ ဓားရာတစ်ချက်ဆီ ရှိနေတယ်။ ဓားရာတွေက ယုံကြည်မှုရှိရှိနဲ့ ထက်မြတ်မှုတွေနဲ့ လုပ်ထားတာဖြစ်ပြီး ရှောင်ရှုံးရဲ့ခါးက ဓားရှည်ဆီမှာ သွေးတွေ တစ်စက်စက်ကျနေတယ်။
“ရှောင်ရှုံး မင်းဘာလုပ်နေတာလဲ။ မင်းပုန်ကန်ဖို့ ကြိုးစားနေတာလား။ ”
ရွှမ်းရုံက အရမ်းလန့်သွားပြီး နေရာမှာတင် ရပ်နေခဲ့တယ်။ သူကကြီးမြတ်တဲ့ ကျင်းနိုင်ငံတော် တစ်ခုလုံးမှာ မိန်းကလေးတွေနဲ့ ကစားတဲ့နေရာမှာ နံပါတ်တစ်ပဲ။ သူ့ကိုဆန့်ကျင်တဲ့ လူတိုင်းက အဆုံးမှာ သူတို့ရဲ့မိုက်မဲမှုက အဆုံးသတ်သွားကြတယ်ဆိုတာကို သိသွားကြတယ်။ ဒါပေမဲ့ ဒီကျင်းရုံဝမ်ကတော့ အဲ့လိုမျိုးမဟုတ်ဘူး။ သူကဧကရာဇ်ကိုတောင် ဆန့်ကျင်ရဲတဲ့လူဖြစ်ပြီး ကျင်းရီရဲမက်သုံးသိန်းကို ဦးဆောင်ခဲ့သူဖြစ်တယ်။ ကမ္ဘာပေါ်က ဘယ်သူက သူ့လိုလူမျိုးကို ဆန့်ကျင်ရဲမှာလဲ။ ပျော့ညံ့တဲ့အသံနဲ့ ရွှမ်းရုံကပြောလိုက်တယ်။
“ဟိတ်ယောင်တွေ လာခဲ့စမ်း။ ”
သူ့ရဲ့မျက်နှာထားက ကြောက်ရွံ့မှုကို မဖုံးကွယ်နိုင်ခဲ့ဘူး။ သူ့စောစောက မောက်မာတဲ့ အမူအရာက ဘယ်ရောက်သွားမှန်း မသိရဘူး။
ရှောင်ရှုံးကသူ့ကို အေးစက်စွာကြည့်လိုက်တယ်။ သူ့အကြည့်တွေက အရမ်းအေးစက်လွန်းလို့ ရွှမ်းရုံသူ့ရဲ့ပါးစပ်ကို သတိမပြုမိစွာနဲ့ ပိတ်လိုက်မိတယ်။
“ကျန်းရီ၊ ကျင်းအား ”
ရွှမ်းလီအမိန့်ပေးလိုက်တယ်။
“ဟုတ်ကဲ့ပါသခင် ”
ရှောင်ရှုံးက ပြောတာတောင် မပြီးသေးဘူး။ လျို့ဝှက်ကိုယ်ရံတော်နှစ်ယောက်က သူ့ရဲ့ရည်ရွယ်ချက်ကို နားလည်သွားတယ်။ သူတို့က အကြည့်ချင်းဖလှယ်လိုက်ပြီးတော့ သခင်က လုံးဝကို ဒေါသထွက်နေတယ်ဆိုတာ သိကြတယ်။ ဒီတတိယမင်းသားက တကယ်ပဲအရမ်း အရှက်မရှိနဲ့ သူ့ရဲ့ကာမစိတ်ကို မထိန်းနိုင်ဘူး။ ပြီးတော့တကယ်ပဲ သူတို့သခင်ရဲ့ လူကိုမှ လာပတ်သတ်ရတယ်လို့။
ရွှမ်းရုံက လျို့ဝှက်အစောင့်နှစ်ယောက်က သူ့နားကို ကပ်လာတာကိုမြင်တော့ သူ့မျက်နှာက နီရဲသွားပြီး
“မင်းတို့ ဘာလုပ်မလို့လဲ။ မလာကြနဲ့။… ကယ်ကြပါအုံး။ ”
တစ်ခြားနေရာမှာ ရှောင်ရှုံးကတော့ ကျန်းယွမ်ကို ပွေ့ထားရင်း ကျင်းရီဝမ်အိမ်တော်ကို ပြန်သွားတယ်။ ကြံရာမရဖြစ်နေတဲ့ ဒီအချိန်မှာ သူကလက်မထပ်ရသေးတဲ့ မိန်းကလေး သူ့အိမ်တော်ကို ခေါ်လာရတာက မှားတယ်ဆိုတာကို မယူဆခဲ့ဘူး။ ပုံမှန်ဆိုရင် ကျန်းယွမ်က အရမ်းအေးစက်နေပြီး ဂရုမစိုက်သလိုနဲ့ အရမ်းတည်ငြိမ်ပြီး မတုန်လှုပ်သလို တက်ကြွမှုနဲ့လည်း ပြည့်နေတယ်။ သူကတိတ်ဆိတ်စွာနဲ့ ဒေါသထွက်ရင်တောင် လူတွေက သူမရဲ့ရန်လိုမှုကို အာရုံခံနိုင်တယ်။ ဒါပေမဲ့ အခုအချိန်မှာ သူမကိုကြည့်ရတာ သေခြင်းတံခါးဝကို ရောက်နေသလိုပဲ။ သူမရဲ့ ဖြူဖျော့တဲ့ ပန်းရောင်ဖျော့ဖျော့ အဝတ်တွေက သူမရဲ့သွေးတွေကြောင့် နီရဲနေပြီး သူမကသနားစရာကောင်းတဲ့ ကလေးတစ်ယောက်လိုပဲ။
ရှောင်ရှုံးရဲ့ နှလုံးသားက နာကျင်မှုတွေနဲ့ ပြည့်နေပြီး သူကသူမကို ပွေ့ထားရတာဖြစ်တော့ သူမရဲ့အလေးချိန်က ပေါ့နေတာကို ခံစားမိတယ်။
သူကဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်မှာ သူ့နှလုံးသားက ရပ်တော့မလို ခံစားလိုက်ရတယ်။ တကယ်လို့သူသာ အဲ့နေတုန်းက လန်ကျောင်းအိမ်တော်ကို မဖြတ်သွားခဲ့ရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိမလဲ။ တကယ်လို့သူသာ အဲ့နေတုန်းက လန်ကျောင်းအိမ်တော်ကို ဖြတ်သွားပြီး ကျန်းယွမ်က အဲ့မှာရှိတာကို သတိမရခဲ့ရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါပေမဲ့ သူအထဲကို ကြည့်လိုက်တဲ့အချိန်မှာ သူမမျှော်လင့်ဘဲ တစ်ခုခုထူဆန်းနေတာကို တွေ့လိုက်ရပြီး သူကဝင်ကြည့်လိုက်တဲ့ အချိန်မှာ ထျန်းကျူးက တိုက်ခိုက်နေရတာကို မြင်ခဲ့ပြီး ကျန်းယွမ်က အတင်းဆွဲခေါ်သွားခံရတာကို မြင်ခဲ့ရတယ်။ တစ်ခဏလောက်သူက သူတွေ့ကြုံလိုက်ရတဲ့ စိုးရိမ်မှုကတောင် ထူးဆန်းနေတယ်။
သူကတစ်ယောက်ထဲ နေရတာကို အသားကျနေပြီး တစ်ခါမှ တစ်ခြားတစ်ယောက်အတွက် မစိုးရိမ်ခဲ့ဘူး။ သူကဘယ်သူ့ကိုမှ ဒီလိုမျိုး အာရုံမစိုက်ခဲ့ဖူးဘူး။ ဒါပေမဲ့သူက ကိုယ်လုံးကိုယ်ပေါက် သွယ်လျပြီး လှပတဲ့မိန်းကလေးကို ကြည့်လိုက်တဲ့အချိန်မှာ သူကအတွေးတစ်ခုပဲရှိတယ်။ သူမကို သူရဲ့အတောင်တွေအောက်မှာ ထားထားပြီး ပုန်းကွယ်နေတဲ့ ရန်သူတွေဆီကနေ တိုက်ခိုက်မှုကို ကာကွယ်ရမယ်။ သူအနားမှာရှိနေသ၍ သူမက ဒီလိုမျိုး အန္တရာယ်ရှိတဲ့ အခြေအနေမျိုးတွေမှာ သူမက မိမနေတော့ဘူး။