အခန်း (၂၀၄)
အချန်ဘယ်လောက် ကြာသွားမှန်းမသိ ကြာသွားပြီးမှပဲ ဧကရာဇ်ရဲ့ မောပန်းနေတဲ့ အသံက ထွက်ပေါ်လာတော့တယ်။
"ဘာပဲဖြစ်ဖြစ် အားရှောင် ငါဒီနေ့ မင်းကို သတိပေးပြီးပြီ။ မင်းအဲ့အကြောင်းကို ပြန်ပြီးစဉ်းစားထား"
ပြောပြီးတာနဲ့သူက အိမ်ထဲကနေ ထွက်လာခဲ့တယ်။ ကျန်းယွမ်ကအမြန် အိမ်ထဲကို အိမ်တော်ထိန်းလင်းနဲ့အတူ ဝင်သွားခဲ့တယ်။ ဧကရာဇ်ထွက်သွားတာကို တွေ့ပြီးတဲ့နောက် အိမ်တော်ထိန်းလင်းက ကျန်းယွမ်ကိုကြည့်လိုက်ပြီး တုန့်ဆိုင်းစွာနဲ့ပဲ ပြောလိုက်တယ်။
"သခင်မလေး သခင်မလေး သိချင်တာကို သခင်လေးဆီ သွားမေးလို့ရပါတယ်။ သခင်လေးက သခင်မလေးကို ဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး"
ကျန်းယွမ်က အဲ့အကြောင်းကို တွေးလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ စာကြည့်ခန်းထဲကို ဝင်သွားလိုက်တယ်။ စာကြည့်ခန်းထဲမှာ ရှောင်ရှို့က စာကြည့်စားပွဲနားမှာ ထိုင်နေပြီး သူဘာတွေးနေလဲတော့ သူမ မသိရဘူး။ သူကသူမကို မြင်တဲ့အချိန်မှာ အံ့အားမသင့်ခဲ့ဘဲ သူမကိုပြောလိုက်တယ်။
"မင်းအဲဒါတွေအကုန် ကြားခဲ့လား"
ကျန်းယွမ် ခေါင်းညိတ်ပြလိုက်တယ်။ ရှောင်ရှို့က ကိုယ်ခံပညာ တက်ကျွမ်းထားတဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကိုယ်ခံပညာကလည်း အားမနည်းဘူး။ ဒီတော့ သူမနဲ့ အိမ်တော်ထိန်းလင်း အပြင်မှာ ရှိနေတာကို ဧကရာဇ်က မသိပေမဲ့ ရှောင်ရှို့ကတော့ သေချာပေါက် ကြားမှာပဲ။ သူက သူမကို တမင်နားထောင်ခွင့်ပေးထားတာ ဖြစ်နိုင်တယ်။ သူမ ရှောင်ရှို့ဘေးမှာ ထိုင်လိုက်တယ်။
"အားယွမ် ကိုယ်မင်းကို ပြောစရာရှိတယ်"
ရှောင်ရှို့က ပြောလိုက်တယ်။
"အင်းပါ"
ကျန်းယွမ်က ပေါ့ပါးစွာ ပြုံးလိုက်တယ်။
"ကျွန်မလည်းရှင့်ကို ပြောစရာရှိတယ်"
ရှောင်ရှို့က ကျန်းယွမ်ကို စိတ်ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ ကျန်းယွမ်က စားပွဲပေါ်က ထူထည်းတဲ့ စာအုပ်တွေကို တစ်ချက်ကြည့်လိုက်တယ်။ ဒီစာအုပ်တွေက အရမ်းသပ်ရပ်ပြီးတော့ သူတို့ရဲ့သခင်က သူတို့ကို ဖတ်စေချင်အောင် ဆွဲဆောင်နေတယ်။ ရှောင်ရှို့က ဂရုစိုက်ပြီးတော့ သတိရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ တကယ်လို့သူက သိပ်ပြီးမပြောဘူးဆိုရင် သူအဲ့ဒီအကြောင်းကို မသိဘူးဆိုတဲ့သဘောပဲ။ သူတို့လင်မယားနှစ်ယောက်က သူတို့ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြတယ်။ ကျန်းယွမ်ကအမြဲတမ်း ပွင့်လင်းစွာနဲ့ ပြောချင်ခဲ့ပေမဲ့ အခုရှောင်ရှို့က အရင်ဆုံး ဖွင့်ဟလာတော့ သူမက သူမအရင်ပြောတာ ပိုကောင်းလိမ့်မယ်လို့ ခံစားမိလိုက်တယ်။