Part 228

580 74 5
                                    


အခန်း (၂၂၈)

ဒုတိယမြောက်နံနက်စောစော်မှာ ကျန်းယွမ် မနက်စာစားပြီးပေမဲ့ သူမ စာကြည့်ခန်းထဲကို မရောက်သေးဘူး။ တံခါးစောင့်က သူ့လက်ထဲမှာ အိတ်တစ်အိတ်နဲ့ အစီရင်ခံစာတင်ဖို့စောင့်နေတယ်။ သူ ကျန်းယွမ်ကိုတွေ့တော့ အဲ့အိတ်ကို ပေးလိုက်တယ်။ ကျန်းယွမ် အိတ်ကို စာကြည့်ခန်းထဲကို ယူလာပြီးတော့ စားပွဲပေါ်ပစ်တင်လိုက်တယ်။ ထျန်ကျူးပြောလိုက်တယ်။

"ဘာလို့ ဖွင့်မကြည့်တာလဲ သခင်မလေး။ တကယ်လို့ အဲဒါတွေက အရေးကြီးတဲ့ပစ္စည်းတွေဆိုရင် နှောင့်နှေးသွားရင်မကောင်းဘူး"

ထျန်ကျူးအမြင်မှာတော့ တကယ်လို့ မော့ချောင်က ဒါကိုသူကိုင်တိုင်လာပို့တယ်ဆိုတော့ ဒါက စီးပွားရေးကိစ္စနဲ့ ပတ်သက်လောက်တယ်လို့ တွေးမိတာဖြစ်တယ်။ ကျန်းယွမ်ကလည်း ဘာမှမတတ်တဲ့သူတစ်ယောက်ဟုတ်တော့ သူမ ဒီလိုမျိုးကိစ္စတွေကို ဖြေရှင်းနိုင်တယ်။ ရှောင်ရှို့က ညဉ့်နက်မှ ရောက်လာတာဆိုတော့ ကျန်းယွမ် အဲဒါဘာလဲဆိုတာ ကြည့်ထားရင်ပိုကောင်းလောက်တယ်။

လန်ချောင်လည်းပြောလိုက်တယ်။

"ဟုတ်တယ် သခင်မလေး။ အဲဒါ အိမ်ကိစ္စနဲ့ဆိုင်လောက်တယ်"

လန်ချောင်က ထျန်ကျူးလောက် ဉာဏ်မကောင်းပေမဲ့ ဒီကိစ္စက ထျန်ကျူးပြောသလိုလဲဖြစ်နိုင်တယ်။ ကျန်းယွမ် အဲ့အကြောင်းကို တွေးလိုက်ပြီးတော့ သူမ ရှေ့က အိတ်ကို ဖွင့်လိုက်တယ်။

အိတ်ထဲမှာ အပေါ်ဝတ်အင်္ကျီတစ်ထည်ပဲရှိတယ်။ ဒီအင်္ကျီက အနက်ရောင်ပေါ်မှာ ထောင့်တွေကို ရွှေရောင်ချည်နဲ့ ပန်းထိုးထားတယ်။ အဲဒါ ရှောင်ရှို့အင်္ကျီဆိုတာသေချာတယ်။ အဲ့ထဲမှာ စောင်တစ်စောင်ပါသေးတယ်။

မော့ချောင်ဆီမှာ ရှောင်ရှို့အင်္ကျီက အကြောင်းမဲ့ရှိမှာမဟုတ်ဘူး။ ဒါထူးဆန်းတယ်။ ဒါ့အပြင် စာတစ်စောင်လည်း ရှိနေသေးတယ်။ ကျန်းယွမ် တုံ့ဆိုင်းမနေဘဲ စာကိုဖတ်လိုက်တယ်။ အထဲမှာ စာနှစ်လုံးပဲပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ စာက မိန်းကလေးလက်ရေးဖြစ်တယ်။ ဒါက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စာလုံးနှစ်လုံးပဲပါပေမဲ့ အဲဒါအရမ်းပုံမှန်မဟုတ်သလိုပဲ။ အဲ့စကားတွေကိုက ရန်စနေသလိုပဲ။ လုကျူးမျက်နှာ ချက်ချင်းပဲ ပြောင်းလဲသွားတယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂حيث تعيش القصص. اكتشف الآن