Part 123(2)

1.8K 171 4
                                    

Unicode
Part 170

အခန်း ၁၂၃(ခ)

ဧကရာဇ်က အဲ့ဒီအမျိုးသမီပေါ်မှာ ဘယ်လောက်ပဲ သဘောကျကျ သူကသေချာပေါက် သူ့နေရာကို လက်လွတ်မှာမဟုတ်ဘူး။ မဟုတ်ရင် သူမရဲ့ အရင်ဘဝ အဆုံးသတ်မှာ ဧကရာဇ်က ရွှမ်းလီအရင်ဆုံး လက်ဦးမှုရယူတာကို ခံရမှာမဟုတ်ဘူး။
မဟာဘုန်းတော်ကြီးက ကျန်းယွမ်ကို ထပ်ကြည့်လိုက်တယ်။ အကြည့်တွေက အရင်ကလို မသေမချာ မဟုတ်တော့ဘဲ သူကအရေးကြီးတဲ့ ဆုံးဖြတ်ချက် ချလိုက်သလိုပဲ။ သူက သိမ်မွေ့စွာ မေးလိုက်တယ်။
“ကျွမ်းကျူက ဘာလုပ်ဖို့ စဉ်းစားနေတာလဲ။ ”
မဟာဘုန်းတော်ကြီးရဲ့ နည်းလမ်းတွေက အရမ်းထူးချွန်ပြီး သူအမြဲတမ်း ဗုဒ္ဓရဲ့ဆန္ဒကိုပဲ ဂရုစိုက်တယ်။ နောက်သုံးရက် တော်ဝင်နက္ခတ်ဗေဒ အစိုးရငှာန ထုံးတမ်းအစဉ်အလာတစ်ခု ကျင်းပလိမ့်မယ်။ အဲ့ဒီအချိန်မှာ ဗုဒ္ဓရဲ့ ဆန္ဒကို တော်ဝင်နန်းတော်ထဲမှာ ထုတ်ဖော်ပြသရမယ်။ ရှားပါးတဲ့ ကျောင်းလန်က တိုက်ခိုက်ဖို့ ချောင်းနေပြီ မဟာဆရာတော်ဖြစ်တဲ့ရှင်က ကမ္ဘာပေါ်မှာ နဂါးတစ်ကောင်ထဲ ရှိရမယ်ဆိုတာကို သေချာအောင်လုပ်ရမယ်။
သူမရဲ့အသံက တိုးပြီး ထူးဆန်းစွာနဲ့ အပြောပြကောင်းပြီး နားယောင်စေတယ်။ ဝမ်ကျော့က ကြက်သိမ်းထသွားပြီး ရိုသေစွာနဲ့ ပြောလိုက်တယ်။
“ကောင်းပါပြီ ”
ဘုရားကျောင်းလေးကနေ ထွက်လာပြီးတော့ စီနင်နန်းတော်ကိုသွားဖို့ စဉ်းစားခဲ့ပေမဲ့ သူမက မမျှော်လင့်စွာနဲ့ တစ်ယောက်ယောက်ကို တွေ့လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဝတ်ရုံစိမ်းနဲ့ ကျောက်စိမ်းခါးပတ် ပတ်ထားတဲ့လူကို သူမက အဝေးကနေမြင်လိုက်ပြီး ရပ်လိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ သူမက ခြေလှမ်းကြဲနဲ့ လျှောက်သွားလိုက်တယ်။
အမြဲတမ်း သတိဝိရိယရှိတဲ့ ထျန်ကျူးက ကျန်းယွမ်ရှေ့မှာ ရပ်နေတယ်။ အဲ့ဒီလူက နှုတ်ဆက်ဖို့ လိုအပ်တာကို နားလည်ပြီး အကွာအဝေးခြားပြီး ရပ်လိုက်တယ်။
ကျန်းယွမ်ကပြုံးပြီး သူ့ကိုကြည့်ပြီး ပြောလိုက်တယ်။
“မဟာနည်းပြလျို ”
လျိုမင်က ကျန်းယွမ်ကို ကြည့်လိုက်တယ်။ သူက သူ့ကိုယ်သူ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းမသိဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူကကျန်းယွမ်နဲ့ တွေ့ခဲ့ပေမဲ့ သူကရှောင်ချုံး ကြားဖြတ်ဝင်ခဲ့လို့ သူကသူမနဲ့ ကောင်းကောင်း စကားမပြောခဲ့ရဘူး။ ပြီးတော့သူက သူတို့တွေ့ခဲ့ရတဲ့ အကြောင်းပဲ တွေးနေတယ်။ အဲ့အားသင့်စွာနဲ့ သူရဲ့ယုံကြည်မှုက တကယ်ပဲ အမျိုးသမီးတစ်ယောက်ပဲ။ သူကသူ့ရဲ့ စာကြည့်ခန်းထဲက လက်ရေးလှကို ရက်အနည်းငယ်လောက် ငေးကြည့်ခဲ့တယ်။ သူကသူမကို မေးချင်ခဲ့တာတွေ အများကြီးရှိတော့ သူမဖြတ်လျှောက်တာမြင်တော့သူက သူမရှေ့မှာ အမှတ်တမဲ့ ရပ်သွားမိတယ်။ သူက ဘာလုပ်လို့လုပ်ရမှန်း ဖြစ်နေပြီး ဘာမှမပြောနိုင် ဖြစ်နေတယ်။
လျူကျူးက မျက်တောင်ခတ်လိုက်တယ်။ ဒီမဟာနည်းပြက တကယ်ပဲ ပညာတော်သင် ကျောင်းသားပဲ။ သူက ပညာတော်သင် ကျောင်းသားတစ်ယောက်ပဲရှိတဲ့ ဘာမှမရှိတဲ့ မျက်နှာထားမျိုး ရှိတယ်။
ခဏအကြာမှာ လျိုမင်ကပြောလိုက်တယ်။
“ကျန်းကျူ ”
ပြီးတော့သူက တစ်ခုခုကို မှတ်မိသလိုနဲ့ ပြောလိုက်တယ်။
“မင်း…. မင်းအဆင်ပြေရဲ့လား။ ”
ကျန်းလီပါတဲ့ကိစ္စက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ အကျင့်တစ်ခုလို ဖြစ်နေပြီးသားဖြစ်တယ်။ ကျန်းလီက အဓိကလူကို ဖြစ်နေပေမဲ့ ကျန်းအိမ်တော်ထဲက သူမရဲ့ ညီမတွေအပေါ်မှာ သက်ရောက်မှုအနည်းငယ် ရှိတယ်။ လျိုမင်က ကျန်းအိမ်တော်ထဲက ကိစ္စတွေက ရှုပ်ထွေးမှန်းသိပေမဲ့ သူကအရမ်းကြီး တစ်ဝဲလည်လည် မပြောချင်ဘူး။ ဒါကကျန်းယွမ်ရဲ့ ဂုဏ်သတင်းကို ကျဆင်းသွားစေမှာစိုးလို့ စိတ်ပူတဲ့လေသံနဲ့ ဖြစ်တယ်။ ပြီးတော့သူမက ကျန်းမိသားစုရဲ့ အကြီးဆုံး သမီးတစ်ယောက်ဖြစ်ပြီး သူရဲ့ သိက္ခာအပေါ်ကို အဲ့ဒါက ကျရောက်လာမှာဖြစ်တယ်။
ကျန်းယွမ်က ယဉ်ကျေးစွာနဲ့ ပြန်ပြောလိုက်တယ်။
“ မဟာနည်းပြရဲ့ စိတ်ပူမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မ အရမ်းသက်တောင့် သက်သာနဲ့ နေနေတာပါ။”
လျိုမင်က မှင်သက်စွာနဲ့ ကျန်းယွမ်ကို ဂရုတစိုက် အကဲခတ်လိုက်တယ်။ သေချာတာတော့ သူမကလှပပြီး သူမရဲ့မျက်နှာ အမူအရာက ညင်သာပြီး အပြုံးတွေနဲ့ပြည့်နေပြီး သူမကအရင်ကအတိုင်း တောက်ပနေတုန်းပဲ။ တကယ်ပဲ ဘာမျက်တွင်းကျတာမှ မတွေ့ရဘူး။ သူ့ရဲ့အတွေးတွေနဲ့ ခံစားချက်တွေက နည်းနည်းရှုပ်ထွေးတယ်။ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သူမက အရင်ကအတိုင်း ရှိနေသေးတာလဲ။ သူမက ဘာမှမဖြစ်ဘူးဆိုတာကို သိပြီးတော့ သူကနည်းနည်း သက်သာရာ ရသွားတယ်။
လျိုမင်လည်း သူဘာလို့ ဒီလိုထူးဆန်းတဲ့အတွေးတွေ ရနေမှန်း မသိဘူး။ သူသိတာက ဒီအမျိုးသမီးက သူ့ကို စာပို့တဲ့ဆိုတဲ့ အချိန်ကတည်းကသူက သူမကို ရင်းနှီးတဲ့သူငယ်ချင်းအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် ကူညီသင့်ပြီး ဒီလိုမျိုး စိတ်ပူတာရှိတာက သာမာန်ပဲ။ သူမေးချင်တဲ့ အကြောင်းအရာတစ်ချို့ ရှိနေသေးတယ်။ သူမက တုန့်ဆိုင်းနေပြီး မေးလိုက်တယ်။
“မင်းနဲ့ ရှောင်လူကြီးမင်းက…. မင်းတို့ရဲ့ ဆက်ဆံရေးကဘာလဲ။ ”
ကျွမ်းကျူက မျက်မှောင်ကြုတ်လိုက်တယ်။ ဒီမဟာနည်းပြက လုံးဝရွံ့စရာကောင်းတယ်လို့ တွေးလိုက်တယ်။ သူမက သခင်ကို သူ့အကြောင်းနောက်ကျ ပြောအုံးမှာဖြစ်တယ်။ ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“မဟာနည်းပြက ကိစ္စတွေအများကြီးကို စိုးရိမ်နေတာပဲ။ ”
“မင်း… ”
လျိုမင်က မျက်နှာနီရဲသွားတယ်။ ကျန်းယွမ်ပြောတာက ဘာအပစ်မှမရှိဘဲသူ့ကို သူ့ရဲ့ပြင်းထန်တဲ့ ဂုဏ်ယူမှုကို ဒေါသထွက်စေပြီး ခဏလောက် ပြောစရာစကား ပျောက်သွားစေခဲ့တယ်။ ကျန်းယွမ်ရဲ့ ပြုံးနေတဲ့ မျက်နှာထားကိုမြင်ပြီး သူက ဘာဝေဖန်မှုကိုမှ မရှာနိုင်ဘူး။ သူကသူ့ရဲ့ အကီၤျလက်တွေကို ခါရုံပဲတက်နိုင်ပြီး သူကပြောလိုက်တယ်။
“သူက ကောင်းတဲ့လူမဟုတ်ဘူး။ ”
ဒီအချိန်မှာတော့ လျူကျူးကတောင် မျက်မှောင်ကြုတ်သွားတယ်။ သူကတော့ ရှောင်ချုံးက အကောင်းဆုံး ပြီးပြည့်စုံဆုံး သမတ်လောင်းပဲ။ ဒီလူက ဘာမဟုတ်တာတွေ လျှောက်ပြောတောလဲ။ ကျန်းယွမ်က လျိုမင်ပြောတာကို နားလည်တယ်။ ရှောင်ချုံးက ကျင်းနိုင်ငံတော်ထဲမှာ ဘယ်အရာရှိကိုမှ မကပ်ဘူး။ ဘယ်သူမှလည်း မပါဘူး။ ပြီးတော့ ရှောင်ချုံးက ပုန်ကန်တဲ့လူလို့ အကုန်လုံးက ယုံကြည်ထားတာဖြစ်တယ်။ အရင်ကျင်းရီဝမ်က ပုန်ကန်တုန်းက ဧကရာဇ်ကရှောင်ချုံးကို ချစ်ပြီးတော့ သူကတစ်ဦးတည်းသော ကျင်းရီဝမ်ဖြစ်လို့ သူ့ကိုဆက်ပြီး နေခွင့်ပေးတာဖြစ်တယ်။ သူ့ရဲ့အာဏာနဲ့ ခြဇာက ဒီလောက်ကြီးထွားလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ပြီးတော့ဧကရာဇ်က ဒါကိုစိတ်မပူခဲ့ဘူး။ လျိုမင်က အစိုးရအရာရှိဖြစ်ပြီး သူတွေးတဲ့အတွေးတွေက အရမ်းရှေးကျ ဒါကြောင့်သူက ရှောင်ချုံးကို ပုန်ကန်တဲ့လူအဖြစ် သတ်မှတ်တာ မဆန်းပါဘူး။ ကျန်းယွမ်ကဒါကို သိပြီးတော့ လျိုမင်စကားရဲ့ အကြောင်းရင်းတစ်ခုကို သိတယ်။ အဲ့ဒါကလူတွေ နားထောင်လို့ မကောင်းတဲ့အရာ ဖြစ်ပေမဲ့ သူမကပြုံးပြီး အေးစက်တဲ့ အရိပ်အယောင် ပါတဲ့အသံနဲ့ ပြောလိုက်တယ်။
“ဒီတော့ ဘာဖြစ်လဲ။ ”
လျိုမင်ရဲ့ ဖြူဖျော့တဲ့ မျက်နှာပေါ်မှာ ဒေါသပေါ်လာပြီး သူကပြောလိုက်တယ်။
“သူကမင်းကို ညှိစွန်းစေလိမ့်မယ်။ “
လျိုမင်ရဲ့ မျက်ဝန်းတွေနဲ့ မျက်လုံးတွေထဲမှာ ကျန်းယွမ်က ထူးဆန်းနေပေမဲ့ သူမရဲ့အကြည့်ကလည်း စူးရှတယ်။ ဒီအချိန်မှာ သူတို့က စာတွေဖလှယ်နေတဲ့အချိန်မှာ ကျန်းယွမ်က အဲ့ဒီရေရှည်ကို မစဉ်းစားတဲ့ ဝန်ကြီးချုပ် ဘိုးတော်တွေနဲ့ မတူဘူးဆိုတာကို သိခဲ့တယ်။ ဘယ်လိုလုပ်ပြီး ဒီလိုဖြောင့်မတ်တဲ့လူက ပုန်ကန်တဲ့လူနဲ့ ဆက်ဆံနိုင်ရတာလဲ။ ”
“ဒါကရှင့်နဲ့ ပတ်သတ်လို့လား။ ”
သူမကဒါကိုပြောလိုက်တော့ ကျန်းယွမ်ရဲ့ အပြုံးက ပျောက်ကွယ်သွားပြီး သူမရဲ့ အေးစက်တဲ့အကြည့်က လျိုမင်အပေါ်ကို ရောက်သွားတယ်။ သူမကဘာကိုမှ တင်းမာစွာ မပြောပေမဲ့ သူမက ထင်ရှားတယ်။ လျိုမင်က အံ့အားသင့်သွားတယ်။
“ဒီတော့ ဘာဖြစ်လဲ။ ”
“ဒါက ရှင့်ကိစ္စ ဟုတ်ရဲ့လား။ ”
ကျန်းယွမ်ရဲ့ သဘောထားက သိသာပြီး သူမက ရှောင်ချုံးဘက်မှာ ရပ်တည်ခဲ့တာပဲ။ လျိုမင်ကချက်ချင်းပဲ ကဏှာမငြိမ်ပဲ စိတ်ဆိုးမာန်ဆိုး ဖြစ်သွားပြီး သူ့အကြည့်တွေက စိတ်ပျက်မှုတွေနဲ့ ပြည့်သွားတယ်။
ကျန်းယွမ်က သူ့အကြည့်ကို ပြန်သိမ်းပြီး ပြောလိုက်တယ်။
“မဟာနည်းပြ ရှင်ကအိမ်ရှေ့စံရဲ့ အလုပ်တွေကို ရှင်ကတာဝန်ယူရမှာ ဘယ်တုန်းက သူများရဲ့ ကိစ္စတွေကို စိတ်ပူဖို့ အချိန်ရသွားတာလဲ။ ကျွန်မရဲ့ကိစ္စတွေအပေါ်မှာ မဟာနည်းပြက စိတ်ပူစရာ မလိုပါဘူး။ တကယ်လို့ မဟာနည်းပြက စိတ်ပူချင်တယ်ဆိုရင်လည်း ရှင်စိတ်ပူစရာ တစ်ခြားကိစ္စတွေရှိတယ်။ နန်းတော်က စက်ဆုပ်ရွံ့ရှာမှုတွေနဲ့ ပြည့်နေပြီး ညစ်ညမ်းတဲ့ ကိစ္စတွေနဲ့ ပြည့်နေတယ်။ ပြီးတော့ မဟာနည်းပြက ဒါတွေကို ကန့်ကွက်လို့ ရမှာမဟုတ်ဘူး။ ရှင်က ရှင့်ရဲ့ရှေ့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်။ ”
ဒီစကားတွေထဲမှာ လှောင်ပြောင်မှု အရိပ်အယောင်ရှိနေပြီး လျိုမင်ကို လန့်သွားစေတယ်။ သူ့ရဲ့ကြင်နာမှုက အသုံးမဝင်တဲ့ ကြိုးစားအားထုတ်မှုဖြစ်ပြီး သူကသူ့ရဲ့ စိတ်ပျက်မှုနဲ့ ဒေါသထွက်မှုက ဘယ်ကနေ ရောက်လာမှန်းမသိခဲ့ဘူး။
“မင်းက လမ်းမှားကို သွားနေတာပဲ။ ”
ပြီးတော့ မုန်တိုင်းက ဆဲသွားတယ်။ ကျန်းယွမ်က တိတ်ဆိတ်စွာနဲ့ နေနေပြီး လျိုမင်ပြန်ထွက်သွားတာကို ကြည့်နေတယ်။ လျိုမင်ကို မသက်မသာအကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တယ်။
“သခင်မလေး…. မဟာနည်းပြကို ဒီလိုမျိုးဆက်ဆံတာ မကောင်းတဲ့အကြံ မဟုတ်ဘူးလား။ ”
လျူကျူးက အင်ပါယာစာမေးပွဲမှာ ကျန်းယွမ်လျိုမင်ကို ကျောင်းကွမ်းဖြစ်လာဖို့ ကူညီခဲ့တယ်ဆိုတာကို သိတယ်။ သူမကကျန်းယွမ်က ဒီကိစ္စကို ဘာလို့လုပ်မှန်း မသိပေမဲ့ သူမနဲ့ တစ်ခြားကျန်းယွမ်ရဲ့ အစေခံတွေက ဒါကလျိုမင်ရဲ့ အခြေအနေကို တိုးမြင့်ပေးဖို့ လုပ်တာဆိုတာကို သိတယ်။ ဒီတော့မှသူက အနာဂတ်တစ်နေ့မှာ ပိုပြီးတော့ ကူညီဖြစ်လာမှာဖြစ်တယ်။ ဒါပေမဲ့သူမက ဂုဏ်ယူပြီး မောက်မာတဲ့လျိုမင်က ကျန်းယွမ်အခုပြောတဲ့ စကားတွေကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ မသိဘူး။ တကယ်လို့ ဆက်ဆံရေးကို ဆက်ပြီး ဆိုင်းငံ့ထားမယ်ဆိုရင် သူတို့ကသူတို့ရဲ့ ကူညီတဲ့လက်ကို ဆုံးရှုံးလိုက်ရမှာဖြစ်ပြီး ဒီလူက အတားအဆီး အကြီးကြီးတစ်ခု ဖြစ်လာမှာ ဖြစ်နိုင်တယ်။
“အဲ့ဒါအရေးမကြီးဘူး။ မဟာနည်းပြက ကောင်းတဲ့လူလား။ ”
ကျန်းယွမ်က ပေါ့ပါးစွာ ပြောလိုက်တယ်။ လူကောင်းတစ်ယောက်က အမြဲတမ်း ကြင်နာတဲ့နှလုံးသား ရှိနေမှာပဲ။ တကယ်လို့ တစ်ခုခု တကယ်ပဲဖြစ်ခဲ့ရင် သူတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကြောင့် အဲ့အခြေအနေမှာ လျိုမင်က ဘာမှမလုပ်ဘဲ ကြည့်နေမှာမဟုတ်ဘူး။ ဒါပေမဲ့….။ သူမက အောက်ကိုကြည့်လိုက်တယ်။ အခုကဘာလဲ။ သူမကဒီလိုမျိုး နားလည်မှုလွဲတာကို ဘာလို့ အာရုံစိုက်နေတာလဲ။ ဒါပေမဲ့ ရှောင်ချုံးပြောလိုက်တဲ့အချိန်မှာ သူမက သူမကိုယ်သူမ ဒေါသထွက်တာကနေ မသာနိုင်ခဲ့ဘူး။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး မသက်မသာ ခံစားနေရတယ်။ အဲ့လူက သူမရဲ့ နေ့စဉ်ဘဝထဲကို ပိုပြီးတော့ ရောက်လာခဲ့ပြီး သူ့အရိပ်က သူမလှည့်လိုက်တဲ့ နေရာတိုင်းမှာ သူ့အရိပ်ကို တွေ့နေရသလို ဖြစ်နေတယ်။ ဒီလိုမျိုး ကြီးစိုးမှုက သူမရဲ့လေးလံတဲ့ အမှောင်ထုထဲမှာ အလင်းရောင် သဲလွန်စတစ်ခုက ထွက်ပေါ်လာပြီး မသင့်တော်တဲ့ စိတ်ကူးအတွေးတွေကို ဖြစ်ပေါ်လာစေတယ်။ သူမရဲ့ကြီးမားတဲ့ အမုန်းတရားနဲ့ လက်စားချေမှုတို့ ကြားထဲမှာသူမ စိတ်ပူရမဲ့လူတစ်ယောက် ပိုများလာလေ သူမရဲ့ အားနည်းချက်က တစ်ခုပိုများလာလေပဲ။ ဒါ့အပြင် လက်ရှိသူမက အခြားကိစ္စတွေကိုတွေးဖို့ စိတ်ကူးမရှိသေးဘူး။ ရှောင်ချုံးက ရည်ရွယ်ချက်မရှိတဲ့ လူတစ်ယောက်မဟုတ်ဘူး။ လက်ရှိမှာ သူမက အတွင်းထဲကနေ ပုပ်နေတာဖြစ်တော့ ဘယ်လိုလုပ်ပြီး သူမကဒီလို စိတ်ကူးယဉ် အိမ်မက်ထဲမှာ ပျော်မွေ့ရဲမှာလဲ။
သူတို့ထဲက ဘယ်သူကမှ အရပ်ရှည်ရှည်နဲ့ ပုံရိပ်တစ်ခုက ခန်းနားတဲ့ ဝတ်စုံနဲ့ အနီရောင် ကျောက်တိုင်နားမှာ ရှိနေတာကို သတိမပြုမိဘူး။ သူတို့စကားကို ကြားရတဲ့ ရလဒ်အနေနဲ့ သူ့ရဲ့မျက်ဝန်းထဲက စိတ်ဝင်စားမှုက မြင့်တက်လာတယ်။
ရှောင်ချုံး လျိုမင် ဒီဟောင်ယမ်းကျွမ်းကျူက သူအစက ထင်ထားတာထက်တောင် ပိုပြီး ရှုပ်ထွေးသေးတယ်။ သူနဲ့ ရှောင်ချုံးကြားက ဆက်ဆံရေးကိုတော့ ပြောစရာမလိုဘူး။ သူက စောစောတုန်းက သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်တော့မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး လျိုမင်နဲ့အချိန်က ဒါနဲ့ လျိုမင်နဲ့ အခြေအနေကရော ဘယ်လိုလဲ။ ဒီတစ်သီးတစ်သန့်နေပြီး မောက်မာတဲ့ဝန်ထမ်းက ဟောင်ယမ်းကျွမ်းကျူနဲ့ တစ်ချို့နည်းတွေနဲ့ ပတ်သတ်နေတာလား။
ရွှမ်းလီက ပြုံးလိုက်ပြီး ကိစ္စတွေက တဖြည်းဖြည်း စိတ်ဝင်စားစရာ ကောင်းလာပြီလို့ တွေးလိုက်တယ်။ ကျန်းယွမ်က သူ့ရဲ့သားကောင်ဖြစ်တော့ ဘယ်လိုလုပ်ပြီးသူက တစ်ယောက်ယောက်ကို သူမကို ပိုင်ဆိုင်သွားစေနိုင်မှာလဲ။ ဒါပေမဲ့ လှုပ်ရှားဖို့အချိန်က မရောက်သေးဘူး။ ဒီတော့အထဲက သတင်းအချက်အလက်တွေကို မွှေနှောက်ရှာဖွေဖို့လိုတယ်။ နည်းလမ်းကတော့….။ ရွှမ်းလီရဲ့ မျက်ဝန်းထဲမှာ အေးစက်တဲ့ အရိပ်အယောင် ဖြစ်သွားတယ်။ သူကအရင်လို မဟုတ်တော့ဘူး။ အခုသူက သူမကို သူ့ရဲ့အိတ်ကပ်ထဲထည့်ဖို့ နည်းလမ်း ထောင်ပေါင်းများစွာ ရှိတယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now