Part 220

654 71 0
                                    


အခန်း (၂၂၀)

ကျန်းချွမ်ရဲ့ အဆုံးသတ်က ရောက်လာတော့မှာဖြစ်တယ်။ ကျောက်ကွမ်းက ဒီအမှုနဲ့ပတ်သက်ပြီး ရုံးတော်ကို ဖိအားတွေ ပေးခဲ့တယ်။ အဆုံးမှာတော့ ဒီအမှုကို ဧကရာဇ်ကိုယ်တိုင်ကိုင်လိုက်ရပြီး ဘယ်သူမှ ကျန်းချွမ်ဘက်ကနေ ဝင်မပြောပေးခဲ့ကြဘူး။

ကျန်းချွမ် ခေါင်းဖြတ်သတ်ခံရတဲ့နေ့မှာ ကျန်းယွမ် မသွားခဲ့ဘူး။ လန်ချောင်ကလည်း ဘာမှမမေးခဲ့ဘူး။ သူက သူမရဲ့ အဖေအရင်းပဲလေ။ ကျန်းယွမ်ကတော့ လန်ချောင်ရဲ့ ဂရုစိုက်နေတဲ့ အမူအရာကိုကြည့်ပြီး ရယ်ချင်နေခဲ့တယ်။ သူမနဲ့ ကျန်းချွမ်နဲ့က ရန်သူတွေပဲ။ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်ကတော့ သေကိုသေရမှာဖြစ်တယ်။ သူမနဲ့ ကျန်းရှင်းကျီတို့က ကျန်းချွမ်ရဲ့သွေးတစ်ဝက်ကို ပြန်ပေးခဲ့ပြီးပြီမို့လို့ သူတို့က ကျန်းမိသားစုနဲ့ ဘာဆက်ဆံရေးမှမရှိတော့ဘူး။

ဒါကိုပြောမှပဲ လန်ချောင်က တစ်ခုခုကို သတိရပြီးတော့ပြောလိုက်တယ်။

"သခင်မလေး သခင်လေး ပြောသွားလားတော့ မသိဘူး။သခင်မရဲ့ ကဗ္မည်းတိုင်ကို ဗိုလ်ချုပ်အိမ်တော်ရဲ့ ဘိုးဘေးခန်းမကို မနက်ဖြန်ပို့မယ်လို့ပြောတယ်"

ကျန်းယွမ် သူမရဲ့ အဖေအရင်းကို တရားစွဲခဲ့တာက မြို့တော်ထဲမှာ မုန်တိုင်းဖြစ်သွားစေခဲ့တာဖြစ်တယ်။ ဘယ်နေရာသွားသွား အဲ့အကြောင်းပြောတဲ့သူက အနည်းဆုံးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ ကျန်းချွမ်ကို ခေါင်းဖြတ်ပြီးတဲ့နေ့ကစပြီး ကျန်းယွမ်ကို အပြစ်တင်နေတဲ့အသံတွေ လမ်းပေါ်မှာ မရှိတော့ဘူး။ ဒါက ရှောင်ရှို့ လူအုပ်ကို ထိန်းလိုက်တဲ့ပုံပဲ။ သူ ငွေ၊ ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေနဲ့ ထိန်းခဲ့တာဖြစ်ပြီး အဲဒါကို ဖြည်းဖြည်းချင်း ထိန်းချုပ်နေတာဖြစ်တယ်။ သူ ဘယ်သူ့ကိုမှ ကျန်းယွမ်ကို မကောင်းမပြောစေချင်ဘူး။

"ဟုတ်ပြီ"

ကျန်းယွမ် စုတ်တံကို ချလိုက်တယ်။

"ငါ ဗိုလ်ချုပ်အိမ်တော်ကို နောက်နေ့ပြန်လိုက်မယ်။ ဘိုးဘေးခန်းမကို ကမ္ဗည်းတိုင်ရွှေ့တာက ကိစ္စကြီးပဲ"

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now