Part 132

2K 187 2
                                    

132 01

အခန်း (၁၃၂) (က)

ကျင်းဆန်းက တုန်ယင်နေတဲ့ တုကျွမ်းကို ကြည့်ပြီးပြောလိုက်တယ်။

"ဒါပေမဲ့ငါက မင်းလိုမိန်းမလှလေးတွေကို တကယ်ပဲ သဘောကျတယ်။ တကယ်လို့မင်း ငါပြောတာကို နာနာခံခံနဲ့ နားထောင်မယ်ဆိုရင် ဒီလက်ထပ်ပွဲကို သေချာပေါက် ဖြစ်မြောက်အောင် ငါစီစဉ်ပေးမယ်။ တကယ်လို့မင်း ငါပြောတာကို နားမထောင်ရင်...."

ကျင်းဆန်းက ဆက်ပြောတယ်။ ရုတ်တရက် သူမရဲ့အသံက အေးစက်သွားတယ်။

"မင်းရဲ့ကောင်လေးက မင်းကြောင့် ပါဝင်လာမှာပဲ။ "

တုကျွမ်းက အမြန်ပဲ ပြောလိုက်တယ်။ အဲ့တုန်းက သူမက ချိုင်ကျွဲ့ကို ကျန်းယွမ်ကို ချောက်ချဖို့အတွက် ကူညီဖို့ အရမ်းတုံ့ဆိုင်းနေတယ်။ ချိုင်ကျွဲ့က အစေခံမိသားစုထဲမှာ မွေးဖွားလာတာ မဟုတ်တော့ သူမက ကျန်းအိမ်တော်ကနေ ထွက်ခွာသွားရမယ်ဆိုတာ သူမသိတယ်။ တုကျွမ်းမိသားစုတွေက ကျန်းအိမ်တော်ရဲ့ ကျေးလက် မိသားစုအိမ်တော်မှာ အလုပ်ဆက်လုပ်နေတုန်းပဲဖြစ်တယ်။ ပြီးတော့ သူတို့အတွက် သူမက ဒီလိုကိစ္စတွေထဲမှာ မပတ်သတ်စေချင်ဘူး။ နောက်ပြီးတော့ သခင်လေးဝမ်က ဒီကိစ္စကို အင်တင်တင်နဲ့ ဝန်လေးနေတာဖြစ်တယ်။ သူ့ရဲ့နှလုံးသားက အဆုံးမှာတော့ တုံ့ဆိုင်းနေတုန်းပဲ။ ဒါ့ကြောင့် အဲ့နေ့မှာ ကျန်းသခင်မကြီးက သူမကို လက်ဖက်ခြောက်သွားထုတ်ခိုင်းတဲ့အချိန်မှာ သူမက အထဲမှာ အချိန်အတော်ကြာ နေနိုင်သလောက် နေနေပြီးတော့ သူမက ဘာတစ်ခုကိုမှ ထင်ထင်ရှားရှား မြင်ခဲ့တာ မဟုတ်ဘူး။ ပြီးတော့ အမြင်မှားစေတဲ့ အသွင်အပြင်ကို ထပ်ပြီး ထိန်းထားနေတယ်။

တုကျွမ်းက သူမကိုယ်သူမ နည်းနည်းစိတ်အေးပြီလို့ ခံစားလိုက်ရတယ်။ သူမက အဲ့တုန်းက သူမရဲ့အသိစိတ်ကို နားထောင်ခဲ့တာ ကံကောင်းတယ်။ မဟုတ်ရင် သူမက ချိုင်ကျွဲ့လို အဆုံးသတ်သွားမှာ ဖြစ်တယ်။ ဝမ်းနည်းခြင်းခန်းမရဲ့ ကြမ်းပြင်ပေါ်မှာ ခွေကျနေတဲ့ ချိုင်ကျွဲ့ကိုကြည့်ရင်း တုကျွမ်းက ကြက်သီးထသွားတယ်။

ကျင်းဆန်းနဲ့ ကျင်းရီတို့က အလုပ်ပြီးတော့ ထွက်သွားတယ်။ တစ်ချိန်တည်းမှာပဲ ထျန်းကျူးက ဝင်လာတယ်။ အထဲက အခြေအနေကို စိုးရိမ်စွာနဲ့ စောင့်နေတဲ့ ပိုင်ကျီ၊ လန်ချောင်နဲ့ လုကျူးတို့က သူမ ပြန်လာတာကိုမြင်တော့ စိတ်သက်သာရာ ရသွားပုံနဲ့ သက်ပြင်းချလိုက်ကြတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အစေခံတချို့ကို ထျန်ကျူးက အပြင်ကနေ ကြည့်နေတာဖြစ်ပြီးတော့ ထျန်ကျူးက ဒါကိုသိတာ အတော်ကောင်းတာပဲ။ အဲ့ဒါက သတိမထားခံရတော့ဘူး။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now