အခန်း (၁၈၃) (က)
ရန်သူနှစ်ယောက်က သူတို့ရှေ့က အခြေအနေက ဘယ်လိုလဲဆိုတာသူတို့ မသိရသေးဘူး။ သူတို့က ရုတ်တရက် ကြက်သီးထသွားတယ်။ ရှောင်ရှုံးက ဓားကိုထုတ်လိုက်ပြီးတော့ ကျန်းယွမ်ပေါ်ကို ကျလာတဲ့ ဓားချက်ကို ပြန်ပြီးတော့ ကာလိုက်တယ်။ ပြီးတော့သူက အေးစက်စွာနဲ့ ပြောလိုက်တယ်။
"မင်းတို့ အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်"
အဲ့အချိန်မှာ တံခါးဝကနေ လူတစ်ချို့ရဲ့ အော်သံတွေကို ကြားလိုက်ရတယ်။ လူရိပ်တစ်ရိပ်က အမြန်ပဲ ပြေးလာပြီးတော့ ကျန်းယွမ်ကို ပွေ့ချီသွားတယ်။ အဲ့ဒါက ရှောင်ရှုံးပဲ။ အဲ့အချိန်မှာ အသံတစ်သံ ထွက်ပေါ်လာတယ်။
"ညီမလေး "
"အစ်ကိုကြီး "
ကျန်းယွမ်က ကျန်းရှင်းကျီကို တွေ့လိုက်ရတယ်။ ကျန်းယွမ်က သူ့ကိုတွေ့လိုက်တဲ့အချိန်မှာ အံ့အားသင့်ပြီး ပြောလိုက်တယ်။
"အစ်ကိုကြီး ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ရောက်လာတာလဲ"
သူတို့နှစ်ယောက် ဒီလိုမျိုး မြန်မြန်ပြန်လာတာက ထူးဆန်းတယ်။ ဘာဖြစ်ခဲ့လို့ပါလိမ့်။
ကျန်းရှင်းကျီက ရှောင်ရှုံးကိုကြည့်ပြီး ပြောလိုက်တယ်။
"ငါတို့စိတ်ထဲမှာ တစ်ခုခု မှားနေတယ်လို့ ခံစားရလို့ အမြန်ပဲငါတို့ ခရီးနှင်လာခဲ့တာ"
ခဏရပ်ပြီးတော့ သူကခြံရှေ့ကို တစ်ချက်ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။
"ဒီတစ်လော ညီမလေး တော်တော်လေးကို ထက်မြတ်လာတဲ့ပုံပဲ"
ပြီးတော့သူက ဆက်ပြောတယ်။
"ဒီတစ်ကြိမ်မှာ ညီမလေး ကံကောင်းသွားတယ်။ တကယ်လို့ အစ်ကိုကြီးတို့သာ ဒီနေ့မြန်မြန် ပြန်မလာခင်ရင် ညီမလေးတစ်ခုခု ဖြစ်သွားနိုင်တယ်။ တကယ်လို့ ညီမလေး တစ်ခုခုဖြစ်သွားရင် အစ်ကိုကြီး အမေ့ကိုဘယ်လိုမျိုး ရှင်းပြရမလဲ။ တကယ်လို့ အနာဂတ်ကျရင် ဒီလိုမျိုး ကိစ္စတွေနဲ့ ကြုံတွေ့ရင် ညီမလေးကိုယ်ညီမလေးပဲ ဂရုစိုက်ပါ"
