Part 122(1)

2.2K 185 3
                                    

Unicode
Part 167

အခန်း(၁၂၂)(က)

ကျင်းရီဝမ်အိမ်တော်ကို မနက်စောစော အထူးဧည့်သည်တစ်ယောက် ယောက်လာခဲ့တယ်။
ဒီခန့်ညားတဲ့ဧည့်သည်က စိုးရိမ်နေပုံပေါ်ပြီး အမြန်သွားနေတယ်။ အဲ့ဒါက လျူကျူးအပြင် ဘယ်သူဖြစ်အုံးမှာလဲ။ မနေ့တုန်းက ကျန်းယွမ် ကျန်းလီရဲ့ မင်္ဂလာခန်းမကိုဝင်တုန်းက လျူကျူးက အရက်နာ ကျမှာစိုးလို့ စွတ်ပြုတ်သွားယူခဲ့တယ်။ သူမက ပြန်လာတဲ့အချိန်မှာ ကျန်းယွမ်ကို ဘယ်မှာမှ ရှာမတွေ့ဘူး ဖြစ်လိမ့်မယ်လို့ သူမက မထင်ခဲ့ဘူး။ သူမက ကျန်းယွမ်ဘယ်ရောက်သွားမှန်း မသိခဲ့ဘူး။ ထျန်ကျူးကို ခက်ခက်ခဲခဲနဲ့ ရှာတွေ့ခဲ့ပြီး ထျန်ကျူး ဒဏ်ရာရနေတာမြင်တော့ သူမကလန့်သွားခဲ့တယ်။ ပြီးတော့ ထျန်ကျူးက ရှောင်ချုံးက ကျန်းယွမ်ကိုကယ်ဖို့ လူတစ်ချို့ကို လွှတ်လိုက်တယ်လို့ ပြောခဲ့တယ်။
သူမက ထျန်ကျူးကို လိုက်ရှာချင်ခဲ့ပေမဲ့။ အခုထိတိုင်အောင် သူမက စိုးရိမ်စွာနဲ့ စောင့်နေခဲ့ရတယ်။ သူမကို ကျန်းယွမ်က ဒဏ်ရာမရဘူးလို့ လာပြီးပြောတဲ့လူ ရှိပေမဲ့ သူကစိတ်ပူနေတုန်းပဲ ဖြစ်တယ်။ သူမအခု တစ်ခုခု ဖြစ်နိုင်မယ်ဆိုရင် သူမက အတောင်ပံပေါက်ပြီး ကျန်းယွမ်ဆီကိုတန်းပြီး ပြန်သွားခဲ့တယ်။ ကျင်းရီဝမ်က ကျန်းအိမ်တော်ထက် အများကြီး ကြီးတာပဲ။ သူမကို လမ်းပြပေးနေတဲ့ အစေခံတစ်ယောက်က ရုတ်တရက် ပြေးလိုက်ရမယ်ဆိုပြီး ထွက်သွားခဲ့တယ်။ လျူကျူးက ဒီလိုကြီးမားတဲ့ အိမ်တော်အတွင်းမှာ ပထမဆုံး ရောက်တာဖြစ်ပြီး သူမက လမ်းပျောက်သွားခဲ့တယ်။
သူမနောက်ဆုံးမှာ သူမရှေ့က တစ်ယောက်ယောက်ကိုမြင်တော့ သူမအမြန် ပြေးသွားလိုက်ပြီး ဘာကိုမှ ဂရုမစိုက်ဘဲ ခေါ်လိုက်တယ်။
“ကြီးမြတ်တဲ့လူကြီးမင်း ”
ကျင်းအာက အဲ့အချိန်မှာ တစ်ယောက်ယောက်အကြောင်း တွေးနေတာဖြစ်ပြီးတော့ သူကအစေခံတစ်ယောက်က စိတ်ပူတဲ့ အမူအရာနဲ့ ပြေးလာတာမြင်တော့ သူကသတိလက်လွတ် ဖြစ်သွားတယ်။ ဒီအစေခံမလေးက ရက်စက်တဲ့ပုံ ပေါ်ပေမဲ့ သူမကချိုသာတဲ့ အပြုံးလေးရှိပြီး အရမ်းလိမ္မာတဲ့ပုံပေါ်တယ်။ သူမကိုသူက တစ်နေရာမှာ တွေ့ဖူးသလိုပဲ။ ဒါကြောင့် ကျင်းအာက သူမကအိမ်တော်အတွက် အသစ်ရောက်လာတဲ့ အစေခံလို့ တွေးခဲ့ပေမဲ့ သူမကသူ့ကို မြင့်မြတ်တဲ့ လူကြီးမင်းကို ခေါ်လိုက်တာကို ထူးဆန်းနေတယ်။
လျူကျူးက ဒီလူသူမကို ငေးကြည့်နေတာမြင်တော့ ကျင်းအာရဲ့ရုပ်က အရမ်းဆိုးဆိုးဝါးဝါး မဟုတ်ဘူး။ ခန့်ညားတဲ့ လူငယ်တစ်ယောက်လို့ ပြောနိုင်တယ်။ သူ့ရဲ့အပြုံးကသာ လူမိုက်တစ်ယောက်လို ဖြစ်နေတာတစ်ခုပဲ။ လျူကျူးက မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်တယ်။
“မြင့်မြတ်တဲ့ လူကြီးမင်းရှင့်။ ကျွန်မ ကျန်းအိမ်တော်က သခင်မလေးက ဘယ်မှာလဲဆိုတာ သိလို့ရမလား။ ”
ကျင်းအာက လျူကျူးရဲ့ မေးခွန်းကိုကြားတော့မှ ရုတ်တရက် ဒီအစေခံမလေးက အရမ်းရင်းနှီးတယ်။ ဘာလို့လဲဆိုတော့ သူမက သခင်မရဲ့ အစေခံဖြစ်နေလို့ဆိုတာ သိသွားတယ်။ သူကသူ့သခင်က စကားပြောနည်းပြီး ဘာမှသိပ်မလှုပ်ရှားတော့သူက သူအရင်လှုပ်ရှားလိုက်ပြီး သခင်မရဲ့ ဘက်မှာနေဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒီတော့သူက လက်ပိုက်ပြီး သူမကိုကြည့်လိုက်ပြီး အပြုံးနဲ့ပြောလိုက်တယ်။
“မင်းက သခင်မကို မေးနေတာလား။ သူက ငါတို့သခင်နဲ့ အတူနေနေတာ။ ”
လျူကျူးရဲ့အာရုံက လုံးဝ ကျင်းအာရဲ့ စကားတွေပေါ်ကို အာရုံစိုက်နေတယ်။ ပြီးတော့ သူမက ကျင်းအာရှောင်ချုံးကို သခင်လေးလို့ ပြောတာကို ဂရုမစိုက်ဘူး။ သူမက မေးလိုက်တယ်။
“သခင်မဆိုတာ ရှင်ဘယ်သူ့ကို ပြောတာလဲ။ ”
ကျန်းယွမ်က ရက်စက်ပြီး ကောက်ကျစ်တဲ့ လူဖြစ်ပေမဲ့ ဘယ်လိုလုပ်ပြီး သူမအစေခံကဒီလောက် ရိုးစင်းရတာလဲလို့ ကျင်းအာက ခံစားမိလိုက်တယ်။ သူက ကျီစယ်တဲ့သဘောနဲ့ ပြုံးပြီးပြောလိုက်တယ်။
“သူတို့က အတူအိပ်ခဲ့ကြတယ်။….ဒီတော့သူက သခင်မမဟုတ်ရင် ဘာလဲ။ မနေ့ညက သခင်မမဟုတ်ရင် သူက ချန်ဖမ်းသူအဆိပ် မိတာခံခဲ့ရပေမဲ့ ငါတို့သခင်လေးက ကိုယ်တိုင် ဖြေရှင်းပေးခဲ့တယ်။… ”
ကျင်းအာက တက်တက်ကြွကြွနဲ့ သူရဲ့စကားတွေကို မရေမရာပြောနေပေမဲ့ သူကလျူကျူးဆီက ကန်ချက်တစ်ချက် ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ လျူကျူးက ဈေးထဲမှာ ကြီးပြင်းခဲ့တာဖြစ်ပြီး ချိုမြိန်ပြီး ကျော့ရှင်းတဲ့ အတွင်းပိုင်း အဆောင်တော်တွေက ချိုမြိန်ပြီး ကျော့ရှင်းတဲ့ အစေခံတွေနဲ့ လုံးဝကွာခြားတယ်။ ဒီကန်ချက်က အားအပြည့်ပါတာဖြစ်ပြီး ကျင်းအာရဲ့ အဓိကနေရာမှာသွားပြီး ကျရောက်ခဲ့တယ်။ ကျင်းအာက နာကျင်စွာနဲ့ သူ့ရဲ့အောက်ပိုင်းကို အုပ်ထားရင်း ညဉ်းညူနေတယ်။
လျူကျူးက သူ့ကိုကြည့်လိုက်ပြီး ကျိန်ဆဲလိုက်တယ်။
“သွားစမ်းပါ။ လူလိမ် ဘယ်လိုလုပ်ပြီး ရှင်ကဒီလိုမျိုး လျှောက်ပြောနေရတာလဲ။ တကယ်လို့ကျွန်မ ဒီညစ်ညမ်းတဲ့ စကားတွေကို ထပ်ကြားရင် ရှင်ရဲ့အောက်ပိုင်းက ဘယ်တော့မှပြန်ပြီး ထလာနိုင်မှာ မဟုတ်ဘူး။ ”
ကျင်းအာကို ဒေါသထွက်နေတဲ့ ခြင်္သေ့တစ်ကောင်လိုကြည့်ပြီး လျူကျူးက ဒေါသနဲ့ ထွက်သွားခဲ့တယ်။ သူကတော့ ကြက်သေသေပြီး တိတ်ဆိတ်စွာ ကျန်ခဲ့တယ်။
သူမှားတာ သူက သခင်ရဲ့အစေခံကို အနိုင်ကျင့်တာကိုက သူမှားတာ ဘယ်လိုလုပ်ပြီး သခင်မရဲ့ အစေခံတွေက ဒီလိုလွယ်လွယ်နဲ့ အနိုင်ကျင့်ခံရပါ့မလဲ။
ကျင်းအာက တကယ်ပဲ နာကျင်နေတာဖြစ်တယ်။ သူကျင်းရီရဲ့မက်တွေထဲမှာ ခေါင်းဆောင်ဖြစ်ပြီး သူကရှောင်ချုံးရဲ့ လျို့ဝှက်ကိုယ်ရံတော်ဖြစ်ပြီး သူကခန့်ညားတဲ့ အသွင်အပြင်ရှိတယ်။ သူကနေ့တိုင်း သူ့ကိုလိုက်ကြည့်နေကြတာ ဖြစ်ပြီးတော့ သူကဒီလိုမျိုး အစေခံမလေးရဲ့ တစ်ချက်ထဲနဲ့ ဘာလို့ဒီလို ဖြစ်သွားတာပါလိမ့်။
“ ချီးထုတ်မ။”
ကျင်းအာက အံ့ကြိတ်လိုက်တယ်။ “ငါမင်းကို ဖမ်းမိရင် မင်းကိုကောင်းကောင်းကြီး ပညာပေးအုံးမယ်။ “သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ ကျင်းစမ်းနဲ့ ကျင်းရီတို့က ဖရုံစေ့တွေကို ခွာစားရင်း အောက်ကမြင်ကွင်းကို ကြည့်နေတယ်။ ကျင်းစမ်းကပြောတယ်။
“သူက ဒုက္ခရှာနေတာပဲ။ သူက သခင်မရဲ့ အစေခံကို ဆန့်ကျင်လိုက်ပြီဆိုတော့ သေခြင်းတရားက သိပ်ပြီးမဝေးတော့ဘူး။ ”
ကျင်းရီရဲ့မျက်နှာက ကျင်းအာနဲ့တူတယ်။ ဒါပေမဲ့သူက အမူအရာ ပြောင်းလဲမသွားဘူး။ သူက ကျောက်တုံးတစ်တုံးလိုပဲ ပျင်းစရာကောင်းတယ်။ ကျင်းစမ်းကသူ့ကို မကျေမနပ်နဲ့ ကြည့်လိုက်ပြီး သူမကိုယ်သူမ ပြောလိုက်တယ်။ ဘယ်လိုလုပ်ပြီး ဒီလိုမျိုးအမွှာက စိတ်ထားတွေက လုံးဝဆန့်ကျင်ဘက် ဖြစ်နေရတာလဲ။ တစ်ယောက်က တစ်နေကုန် မျက်နှာထားက ရုပ်တည်ကြီးနဲ့ နောက်တစ်ယောက်ကလည်း လမ်းကြားထဲက လူရမ်းကားတွေလိုပဲ။
လျူကျူးက ကျင်းအာပြောတဲ့ သခင်နဲ့ သခင်မအကြောင်းကို စဉ်းစားနေတဲ့အချိန်မှာ ကျန်းယွမ်ကတော့ ကြာရွက်ပျားရည်ကို တစ်ငုံသောက်လိုက်တယ်။ ကျင်းရီဝမ်အိမ်တော်က ပုံမှန်အေးစက်ပြီး တတ်ကြွမှုမရှိလို့ အမျိုးသမီးတစ်ယောက်နဲ့ မကိုက်ညီဘူး။ ဒီတော့ အိမ်တော်ထိန်းလင်းက ချက်ပြုတ်တတ်တဲ့ ဝန်ထမ်းတစ်ချို့ကိုရှာပြီး ဒီလိုမျိုး ချိုမြိန်တဲ့ စွပ်ပြုတ်တွေနဲ့ သူမကို မုန့်တွေလုပ်ကျွေးတယ်။
သူ့ရဲ့ နဂိုရည်ရွယ်ချက်က အနာဂတ်သခင်မကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ဆိုပေမဲ့ ကျန်းယွမ်က ဒီလိုမျိုးအရာတွေကို စားရတာ နေသားမကျဘူး။ ကျင်းရီဝမ်အိမ်တော်က လူတွေက အရမ်းတက်ကြွပြီး သူမကို ချဉ်းကပ်တဲ့နေရာမှာ အရမ်းတက်ကြွပြီး သူမကလူတိုင်းနဲ့ နီးနီးကပ်ကပ် နေနေရပြီး သူမရဲ့ ညင်သာတဲ့ အမူအရာကိုပဲ ထိန်းထားနေရတယ်။ ရှောင်ချုံးက ဆန့်ကျင်ဘက်မှာ ထိုင်နေတယ်။ မနက်ခင်းလေပြင်းက အရမ်းလန်းဆန်းပြီး နေရောင်က ပြတင်းပေါက်ကနေ ဖြတ်လာပြီး သူ့ရဲ့ကျော့ရှင်းတဲ့ ပန်းချီကားပေါ်ကို သွားထိုးတယ်။ သူ့ရဲ့ရွှေရောင်ချည်နဲ့ ပန်းထိုးထားတဲ့ ဝတ်ရုံနက်က သူ့ရဲ့ကျောက်စိမ်းလို အေးချမ်းမှုနဲ့ ဆန့်ကျင်ဘက်ပဲ။ ဒီလိုမျိုးလူက လက်ဖက်ရည် သောက်နေတုန်းမှာတောင် မဟာဆန်နေတယ်။
တစ်ချို့လူတွေက ဘာမှလုပ်စရာ မလိုဘူး။ သူတို့က အဲ့ဒီမှာ ထိုင်နေရုံနဲ့တင် အာရုံကိုဖမ်းစားနေတယ်။ လက်တလောမှာ ကျန်းယွမ်က သူ့ကိုကြည့်ဖို့ အခွင့်အရေးတွေ အများကြီးရှိပြီး အကြိမ်တိုင်းမှာသူမက ဒီလှပတဲ့မြင်ကွင်းတွေကို မြင်နေရတယ်။ ဒီတော့သူမက တစ်မျိုးကြီး ခံစားနေရတယ်။ သူမက ကြာပန်းပျားရည်တစ်ချို့ ထပ်သောက်ဖို့ ခေါင်းငုံ့လိုက်တယ်။ အဲ့ဒါက အရမ်းချိုတယ်။ သူမက ရှောင်ချုံးကိုကြည့်ပြီး ပြောလိုက်တယ်။
“ရွှမ်းရုံ ဘာဖြစ်သွားပြီလဲ။ အဲ့ဒါ ရှင်လုပ်တာလား။ ”
ရှောင်ချုံးက ခေါင်းညိတ်လိုက်တယ်။ ကျန်းယွမ်က မေးလိုက်တယ်။
“ရှင့်သူ့ရဲ့ခေါင်းကို တော်ဝင်ကြင်ယာတော် ချန်ဆီကို ပို့လိုက်တာလား။ ”
ရှောင်ချုံးရဲ့ မျက်ဝန်းက အေးစက်သွားတယ်။ သူမက သူမကိုယ်သူမပဲ အပစ်တင်လိုက်တယ်။ ကျန်းယွမ်က မေးထောက်လိုက်တယ်။ ရှောင်ချုံးက ဒါတွေအကုန်လုံးကို လုပ်လိုက်ပြီး သူမရဲ့ဒေါသကို ပြေသွားစေတယ်။ သူမက သူမရှေ့ကလူငယ်ကို ဂရုတစိုက်နဲ့ အကဲခတ်နေတယ်။ အစကသူမက သူကသူမကို ဘာလို့ဒီလောက် နည်းလမ်းအများကြီးနဲ့ ကူညီတာလဲဆိုတာကို တွေးခဲ့တယ်။ ဒါပေမဲ့ နောက်ကျ သူမရင်ဘက်ထဲက သိမ်မွေ့တဲ့ခံစားချက်က လွန်ခဲ့တဲ့ရက် အနည်းငယ်မှာ ဖြေးဖြေးချင်း ပြင်းထန်လာတယ်။ သူမက အရူးမှမဟုတ်ဘဲ။ ဒုတိယဘဝနဲ့ နေနေရပြီး တကယ်လို့သူမက သူမရင်ဘက်ထဲက ခံစားချက်က ဘာလဲဆိုတာကို နားလည်ပြီး သူမက အလကားနေနေရတာပဲ။ သူမနေခဲ့တဲ့ ဘဝတွေက အလကးပဲ။
ဒီလိုကောင်းကင်ဘုံကတောင် သဘောကျရတဲ့လူက သူမကို ခဏခဏကူညီပေးနေတာ။ တကယ်လို့ဒါက သူမရဲ့ အရင်ဘဝဆိုရင် သူမကသူ့ရဲ့ ညို့ဓာတ်အောက်မှာ ကျရောက်နေတာ ကြာပြီဖြစ်တယ်။ ဆိုးတာက သူတို့က ဒီဘဝကျမှပဲ တွေ့ခဲ့ကြတာပဲ။ ကျန်းယွမ်က ခါးသီးမှုတစ်ချို့ကို ခံစားလိုက်ရတယ်။ သူမက ဒီဘဝမှာ အမုန်းတရားရဲ့ ဝန်ထုတ်ဝန်ပိုးကို သယ်ထားရတာဖြစ်ပြီး သူမရဲ့လက်တွေက သွေးညှီနံ့တွေနဲ့ ဟောင်နေခဲ့တယ်။ ဒါကြောင့် ကျောင်းမိသားစုကတောင် သူမနဲ့အရမ်းကြီး မနီးကပ်ရဲဘူး။ ဘယ်လိုလုပ်ပြီးသူက သူမကိုသဘောကျသွားရတာလဲ။ သူမအရင်ဘဝမှာ သူမက အစောကြီး သေခဲ့တာဖြစ်ပြီး အနာဂတ် အဖြစ်အပျက်တွေက ဘာလဲဆိုတာ မသိခဲ့ဘူး။ ဒါပေမဲ့သူက အမြဲတမ်း ဧကရာဇ်ဘက်မှာပါပြီးတော့ ဧကရာဇ် သေသွားတဲ့အချိန်မှာ ရှောင်ချုံးက တောင်ပိုင်းရှင်းကျန်းမှာပဲ ရှိသေးတယ်။ တကယ်လို့သူက ပြန်လာခဲ့ရင် ဘယ်လိုလုပ်ပြီး ရွှမ်းလီက သူမကိုလွှတ်ပေးနိုင်မှာလဲ။ သူမက သူအဆုံးမှာ ဘာဖြစ်သွားလဲဆိုတာ မသိခဲ့ဘူး။
သူမကဒါကို တွေးနေရင်း ကျန်းယွမ်က သူမကိုယ်တိုင်တောင် မသိလိုက်ဘဲ မျက်မှောင်ကြုတ်မိသွားတယ်။ ရှောင်ချုံးက ဒါကိုသတိပြုမိပြီး သူမက တော်ဝင်ကြင်ယာတော် ချန်နဲ့ပတ်သတ်တဲ့ ကိစ္စကို စိုးရိမ်နေတယ်လို့ ယူဆလိုက်တယ်။ ဒါကြောင့်သူက သိမ်မွေ့စွာ ပြောလိုက်တယ်။
“ကိုနန်းတော်ထဲက အခြေအနေကိုလည်း ထိန်းပြီးပြီ။ မင်းအဲ့ဒီအတွက် စိုးရိမ်စရာ မလိုပါဘူး။ ”
ကျန်းယွမ်က သတိပြန်ဝင်လာပြီး ညင်သာစွာ ပြောလိုက်တယ်။
“ရှောင်ချုံး ကျွန်မကိုအများကြီး ကူညီခဲ့ပြီးပြီ။ ဒါပေမဲ့ တော်ဝင်ကြင်ယာတော်ချန်နဲ့ ကျွန်မက မီးနဲ့ရေလိုပဲ။ ကျွန်မတို့က တစ်နေရာထဲမှာ မတည်ရှိနိုင်ဘူး။ ကျွန်မမှာကျွန်မရဲ့ နည်းလမ်းတွေရှိလို့ ရှင်ဆက်ပြီးတော့ ဝင်ပါစရာ မလိုတော့ဘူး။ ”
ရှောင်ချုံးက ခဏလောက်တွေးလိုက်ပြီး ပြောလိုက်တယ်။
“ကိုယ်နားလည်ပါတယ်။ ”
သူကကျန်းယွမ်ဆီမှာ လျို့ဝှက်ချက်တွေ အများကြီးရှိပြီး အဲ့ဒီလျို့ဝှက်ချက်တွေ ကျင်းရီရဲမက်တွေထဲမှာ အကောင်းဆုံး အရည်အချင်းရှိတဲ့ သူလျိုတောင် မဖော်ထုတ်နိုင်ဘူး။ အခုသူက သံသယရှိပေမဲ့ မမေးချင်ခဲ့ဘူး။ အကုန်လုံးက သူဒါမှမဟုတ် သူမတို့ရဲ့ ကိုယ်ပိုင်လျို့ဝှက်ချက်တွေ ရှိကြတာပဲ။ ကျန်းယွမ်ကလည်း အဲ့လိုပဲ။ သူမရဲ့မျက်ဝန်းတွေက အမြဲတမ်း နက်နဲလွန်းတဲ့ အမှောင်ထုရှိနေပြီး အဲ့အမှောင်ထုကို လေးလေးနက်နက် စဉ်းစားကြည့်ရင် သူမက အဲ့ဒါကိုကောင်းကောင်း မဖုံးကွယ်နိုင်ပေမဲ့ တစ်ခါတစ်လေမှာ အသေးဆုံး အရိပ်အယောင်ထဲက ထွက်လာခဲ့ရင်တောင် သူမတစ်ကိုယ်လုံးကို မကောင်းဆိုးဝါးရောင်ဝါနဲ့ ဖုံးကွယ်သွားစေတယ်။ မနေ့ညတုန်းက သူမက သတိမေ့နေတုန်း သူမက ရွှမ်းလီရဲ့နာမည်ကို ခေါ်ခဲ့တယ်။
ရှောင်ချုံးက မျက်စိမှိတ်လိုက်တယ်။ သူရဲ့ရှည်လျားတဲ့ မျက်တောင်တွေ သူရဲ့ခံစားချက်တွေကို ဖုံးအုပ်စေခဲ့တယ်။ သူမနဲ့ရွှမ်းလီက ဘယ်လိုမျိုး ပတ်သတ်ခဲ့ကြတာလဲ။ မနေ့ညက ရွှမ်းလီက သူ့နာမည်ကို အဆိပ်ကြောင့် ခေါ်ခဲ့တာဖြစ်ပြီး သူရဲ့လေသံမှာ ပူဆွေးမှုနဲ့ ဝမ်းနည်းမှုတွေ ပြည့်နှက်နေတယ်။ သူကသူ့ရဲ့ ဒီလိုတွေစုံစမ်းဖို့ လွှတ်လိုက်ပေမဲ့ သူတို့က ကျန်းယွမ်နဲ့ ရွှမ်းလီကြားမှာ ဘာဆက်စပ်မှုမှ ရှာမတွေ့ခဲ့ကြဘူး။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ရှောင်ချုံးက မေးလိုက်တယ်။
“မင်းဘာလုပ်ဖို့ ကြံနေတာလဲ။ ”
“ရွှမ်းရုံကသေသွားပြီ။ ပြီးတော့ လန်ကျောင်းအိမ်တော်နဲ့ ကျန်းလီတို့ကလည်း သူတို့ရဲ့ အပြုအမူအတွက် နောက်ဆက်တွဲကိစ္စတွေကို ခံစားရမှာပဲ။ တော်ဝင်ကြင်ယာတော်ချန်က ဒီပွဲအတွက် ဒီလောက်ကြိုးစားထားတာ။ ဘယ်လိုလုပ် ကျွန်မကအဲ့ဒါကို အဆုံးသတ်နိုင်မှာလဲ။ ”
ကျန်းယွမ်ရဲ့မျက်ဝန်းထဲမှာ နက်မှောင်မှုတစ်ချို့ ထွက်ပေါ်လာတယ်။ ရှောင်ချုံးက ဒါကိုသတိပြုမိပြီး ပြောလိုက်တယ်။
“တကယ်လို့ တစ်ခုခုဖြစ်ရင် မင်းကိုယ့်အပေါ်ကို အမြဲတမ်း အားကိုးနိုင်ပါတယ်။ ကိုမင်းကို ကူညီမှာ။ ”
“ကျေးဇူးအများကြီး တင်ပါတယ်။ ”
ကျန်းယွမ်က ရှောင်ချုံးကို ကျေးဇူးတင်လိုက်ပြီး သူကသူ့ရဲ့ ဒီလှုပ်ရှားမှုက တကယ်ပဲ ပါးနပ်တယ်လို့ ယူဆလိုက်တယ်။ ရွှမ်းရုံသေဆုံးသွားတော့ သူက ကစားပွဲကို အဆင့်တစ်ခု မြင့်လိုက်တယ်။ လက်ရှိမှာ ကျန်းလီနဲ့ လန်ကျောင်းအိမ်တော်က သူတို့ရဲ့အသက်တွေကို ကာကွယ်ဖို့ မူလအခြေအနေကို ထိန်းသိမ်းထားပေမဲ့ တကယ်လို့ ဒီအခြေအနေက ဆက်ပြီးရှုပ်ထွေးလာပြီး လူတွေအများပါပြီး ကြီးထွားလာမယ်ဆိုရင် လန်ကျောင်းအိမ်တော်က ဒုက္ခအကြီးအကျယ် ရောက်မှာဖြစ်တယ်။ သူမက ကျန်းလီနဲ့ ကျောင်းကျန်းနှစ်ယောက်လုံးတို့ကို သူမကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ သူမကမထင်ဘူး။ သေဆုံးခြင်းက သူတို့အတွက် အရမ်းကို ကောင်းမွန်လိမ့်မယ်။ အပစ်ပေးတာကို လွတ်မြောက်မဲ့ လူတစ်ယောက်က တော်ဝင်ကြင်ယာတော်ချန်ပဲ။ တော်ဝင်ကြင်ယာတော်ချန်က သူမကိုယ်သူမ ကျန်းယွမ်ရဲ့ ကိစ္စတွေထဲမှာ ပါဝင်လာပြီဆိုတော့ ကျန်းယွမ်ကသူမကို ဘယ်လိုလုပ်ပြီး စိတ်ပျက်စေနိုင်မှာလဲ။
ကျန်းယွမ်က သူမစိတ်ထဲမှာ တွေးလိုက်တယ်။ ကြည့်ရတာ သူမမဟာဘုန်းတော်ကြီးကို တွေ့ရတာ အရမ်းကြာခဲ့ပြီဖြစ်တယ်။ ဒါပေမဲ့အခုမှာ သူက မဟာဆရာတော် ဖြစ်သင့်ပြီ။ ဗိုလ်ချုပ်အိမ်တော်မှာ ကျောင်းကွမ်းက သူ့ရဲ့စာကြည့်ခန်းထဲမှာ သတိလွတ်နေတယ်။ သူက သူ့ရဲ့နံရံပေါ်မှာ ချိန်ထားတဲ့ဓားကို ဆွဲယူလိုက်ပြီး နောက်တစ်စက္ကန့်မှာ ပြန်ပြီးတော့ ချိတ်လိုက်တယ်။ ကျောင်းရီဖန်က အေးစက်စွာ ပြောလိုက်တယ်။
“အဖေ တကယ်လို့ဒီတိုင်း ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် ခေါင်းမူးတော့မှာ။ ”
“မင်းဘာသိလို့လဲ။ ”
ကျောင်းကွမ်းရဲ့ ဒေါသက ကြမ်းပြင်အောက်မှာ ချော်ရည်တွေ ဆူပွက်နေပြီး လွတ်မြောက်ဖို့ မရှိသလိုပဲ။ ပြီးတော့ ကျောက်ရန်စီက ဒါကိုကြည့်နေရတာ အချိန်အတော်ကြာပြီဖြစ်ပြီး သူက ချက်ချင်းပဲ ဒေါသထွက်လာတယ်။
မင်းရဲ့သူမက စိတ်ကြွဆေး အခတ်ခံရပြီးတော့ ထောင်ချောက်ဆင်ခံရတာ။ ဘယ်လိုလုပ်ပြီးငါက ဘာမှမလုပ်ဘဲ နေရမှာလဲ။
ကျောက်ရန်ဖန်းက ဒါကိုကြားတော့ ပြောလိုက်တယ်။
“အဖေ အဖေဘာတွေပြောနေတာလဲ။ ရှောင်ချုံးက အကုန်လုံးကို ချောချောမွေ့မွေ့နဲ့ လုပ်သွားပြီ မဟုတ်ဘူးလား။ သူ့ရဲ့ခေါင်းပေါ်က ဆံပင်မွှေး တစ်မွှေးတောင်မှ မထိခိုက်ခဲ့ဘူး။ ပြီးတော့သူမက ကျင်းရီဝမ်အိမ်တော်မှာ လုံခြုံနေတယ်။ ဘာလို့အဖေရဲ့ ဒေါသကို တတိယအစ်ကိုပေါ်မှာ ပုံချနေတာလဲ။ ”
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှောင်ချုံးက ဗိုလ်ချုပ်အိမ်တော်ကို စာပို့လိုက်ပြီး စာပို့တဲ့လူက အခြေအနေကို အစအဆုံး အသေးစိတ် ရှင်းပြခဲ့တယ်။ အဲ့ဒါက ကျောင်းကွမ်းကို အရမ်းဒေါသထွက်စေခဲ့ပြီး သူ့ဓားနဲ့ လန်ကျောင်းအိမ်တော်က လူတွေအကုန်လုံးကို သွားသတ်ဖို့တောင် လုပ်ခဲ့ပြီး လန်ကျောင်းတစ်အိမ်လုံးက အဲ့ဒီနှာပူးမင်းသားကို သွားသတ်ဖို့တောင် လုပ်ခဲ့တယ်။ ကျောင်းကွမ်းက ရှောင်ချုံးက အဲ့ဒီဟာတွေ အကုန်လုံးကို ဖြေရှင်းပြီးပြီလို့ စကားပြောတဲ့လူက ပြောခဲ့တယ်။ ပြီးတော့ နောက်ရက်ကျ လန်ကျောင်းအိမ်တော်ရဲ့ သတင်းကို ကြားခဲ့ရပြီး တတိမင်းသားက သေသွားခဲ့ပြီ။
၉၉ပြားလိုနေတဲ့လူတောင်မှ ဒါက ကျောင်းကွမ်းလုပ်တယ်ဆိုတာကို သိပေမဲ့ ကျောင်းကွမ်းက အရမ်းမပျော်ခဲ့ဘူး။
“ဒါကမိသားစုကိစ္စပဲ။ ဘယ်လိုလုပ်ပြီး ငါတို့ရဲ့ ကိစ္စတွေထဲမှာ ပါခိုင်းနိုင်ရမှာလဲ။ ဒါ့အပြင် ယွမ်အာက လပ်မထပ်ရသေးတဲ့ကလေး တကယ်လို့ သူမက ကျင်းရီဝမ်အိမ်တော်မှာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ကျန်းအာ မင်းရဲ့တူမလေးကို ငါ့အတွက် သွားခေါ်ပေး။ ဒီကျောက်မိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့ ကျောက်ယွမ်ကြာက ကျောင်းကွမ်းပေးတဲ့ အလုပ်အတွက် သက်ပြင်းချလိုက်တယ်။ သူက အကူအညီမဲ့စွာ ပြောလိုက်တယ်။ ”
“အဖေ ကျွန်တော်တို့ အခုပြန်ခေါ်လာမယ်ဆိုရင် အဲ့ဒါက တစ်ခြားလူတွေကို အခွင့်ကောင်း ပေးခဲ့သလိုမျိုး မဟုတ်ဘူး။ ရှောင်လူကြီးမင်းက ယွမ်အာကို ကူညီပေးကတည်းကသူက သူမကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး။ ”
မကြာသေးခင်က အဲ့မှာ ဗိုလ်ချုပ်အိမ်တော်ကို အပြင်ကနေ နီးနီးကပ်ကပ်နဲ့ အကဲခတ်နေတဲ့လူ ရှိပေမဲ့ အစေခံတွေက လိုက်ရှာတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မတွေ့ဘူး။ သူတို့က ဒီလိုတွေဖြစ်ပြီးတော့ အဲ့ဒီကို ကျန်းယွမ် ရောက်နေတာဖြစ်တယ်။ အဲ့အချိန်မှာ လူထုက ကျန်းယွမ်က ဗိုလ်ချုပ်အိမ်တော်မှာ ရှိနေတယ်လို့ သိကြတာဖြစ်တယ်။ တကယ်လို့သူမရဲ့ တကယ်သတင်းက အခုပြန့်သွားမယ်ဆိုရင် အဲ့ဒါက ကျန်းယွမ်နဲ့ အိမ်တော်တစ်ခုလုံးကို ဒုက္ခရောက်စေမှာဖြစ်တယ်။ ဒါပေါ့ ကျောင်းကွမ်းက ဒါကိုနားလည်ပေမဲ့ သူနားလည်နေတာတစ်ခု မကျေမချမ်းဖြစ်နေတာက တစ်ခြားတစ်ခုဖြစ်တယ်။ ကျန်းယွမ်က ကျောင်းမိသားစုရဲ့ မြေးဖြစ်ပေမဲ့ ရှောင်ချုံးက အပြင်လူဖြစ်ပြီး လက်စားချေတဲ့ကိစ္စတွေကို သူပဲလုပ်ရတယ်။ ဒါပြင် သတင်းလာပို့တဲ့လူရဲ့ ပြောပုံဆိုပုံက ကျောင်းကွမ်းကို မကျေမချမ်းဖြစ်စေပြီး သွေးအန်စေခဲ့တော့မလိုဘဲ။ ဘာလို့လဲဆိုတော့ သူက သွယ်ဝိုက်တဲ့နည်းနဲ့ ဗိုလ်ချုပ်အိမ်တော်က အတိတ်မှာအရင်တုန်းက ဂရုမစိုက်ခဲ့လို့ ကျင်းရီဝမ်အိမ်တော်က ကျန်းယွမ်ရဲ့ တကယ်အိမ် ဖြစ်သွားပြီလို့ သွယ်ဝိုက်တဲ့နည်းနဲ့ ပြောခဲ့လို့ဖြစ်တယ်။
ကျောင်းကွမ်းက ဒေါသအရမ်းထွက်သွားပြီး သူကရှောင်ချုံးကို သဘောမကျခဲ့ဘူး။ သူက ရှောင်ချံး ကျန်းယွမ်ကို ကယ်တဲ့အချိန်မှာ ပါဝင်ခဲ့လို့ သူကကျေးဇူးတင်ခဲ့ပေမဲ့ အဲ့ဒါကသူ့ကို တည်ငြိမ်စေဖို့အတွက် အရမ်းခက်ခဲစေခဲ့တယ်။ ဒေါသတကြီးနဲ့သူက ကျောင်းယမ်ကျကို ပြောလိုက်တယ်။
“မင်းဘာသိလို့လဲ။ အဲ့ဒီရှောင်ကောင်လေးက ငါတို့ရဲ့ရွာကို သဘောကျရင်ရော ဘယ်လိုလုပ်မလဲ။ ပြီးတော့သူက သူ့မအပေါ်ကို မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားရင်ရော ဘယ်လိုလုပ်မလဲ။ ယွမ်က အရမ်းငယ်သေးပြီး သူမက ဖြားယောင်းခံရရင်ရော ဘယ်လိုလုပ်မလဲ။ ”
ကျောက်မိန်က လူတွေရဲ့အကျင့်ကို မသိခဲ့လို့ သူမက အကြောင်းမရှိဘဲ သူမရဲ့ဘဝ တစ်သက်လုံး ဒုက္ခခံခဲ့ရတာဖြစ်ပြီး အဲ့ဒါကသူမရဲ့ သားနဲ့သမီးအပေါ်တောင် ကျရောက်ခဲ့တယ်။ ဒါက ကျောင်းကွမ်းရဲ့ရင်ထဲမှာ တစ်သက်တာလုံး ရှိနေတဲ့ နာကျင်မှုဖြစ်တယ်။
ကျောက်ယွမ်က သူ့ကိုပြောလိုက်တယ်။
“အဖေ အဲ့ဒီရှောင်ရှုံးက ယွမ်အာအတွက် အထူးခံစားချက်တွေ ရှိတယ်ဟုတ်လား။ လုံးဝကို မတွေးနိုင်စရာပဲ။ ဒါ့အပြင် ယွမ်အာက ဖြားယောင်းတာ ခံရမယ်ဟုတ်လား။ အဲ့ဒါ တကယ်လို့ ဘယ်သူမှ သူမဖြားယောင်းတာ မခံရဘူးဆိုရင်သာ အံ့အားသင့်စရာ ကောင်းမှာ။ ”

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now