Part 131

1.6K 144 2
                                    

အခန်း (၁၃၁)

ကျန်းသခင်မကြီးရဲ့သေဆုံးခြင်းက ကျန်းအိမ်တော်ကို လှုပ်ခါသွားစေပေမယ့် ကျန်းယွမ်ထောင်ချခံရပြီး အဖမ်းခံရတာ ပိုပြီး အံ့အားသင့်စရာကောင်းတယ်။ ကျန်းချွမ်က ဒီအခြေအနေကိုသိတော့ သူက ချိုင်ကျွဲ့နဲ့ ကျန်းသခင်မကြီးပဲရှိပြီး သူမက ကျန်းသခင်မကြီးကို နှစ်တွေအများကြီး လုပ်ကျွေးပြုစုခဲ့တာဖြစ်တယ်။ ဒါကြောင့် လူတွေက သူမရဲ့စကားကို ယုံကြည်ခဲ့တာဖြစ်တယ်။ ကျန်းသခင်မကြီး လက်ဖက်ရည်က အဆိပ်ခတ်ခံထားရပြီး ခွက်ထဲမှာ အဆိပ်စိမ်းကို တွေ့ခဲ့ရတယ်။ ကောလဟာလတွေက မြို့တော်ရဲ့ နေရာတိုင်းမှာ ပျံ့နေပြီး ကျန်းယွမ်က ကျန်းသခင်မကြီးကို အရမ်းနာကျည်းနေလို့ သူမကို အဆိပ်ခတ်ခဲ့တာလို့ ပြောနေကြတယ်။ ဒီကောလဟာလက အရမ်းပျံ့နေပြီး ထက်မြက်တဲ့သူတွေက အဖြစ်မှန်ကို မှန်းဆနိုင်တယ်။ တကယ်လို့တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို သတ်ချင်ရင် အဆိပ်ကို အဲဒီလူရှေ့မှာခတ်တာက အရမ်းကို တုံးအလွန်းနေတယ်။ ဒါ့ပြင် ဟောင်အန်းကျွမ်းကျူ့က အရူး မဟုတ်ဘူး။ ဘာလို့ သူမက သူမ ပျက်သုန်းအောင် လုပ်မှာလဲ။

ဒါပေမယ့် ဒါတွေက ကျန်းမိသားစုရဲ့ ကိစ္စတွေဖြစ်တယ်။ အကုန်လုံးက ဒီအဖြစ်အပျက်ကို အတင်းတုပ်ရင်းနဲ့ မြင်ချင်နေကြတယ်။ ဒီကြီးမြတ်တဲ့နိုင်ငံ စစ်နတ်ဘုရားရဲ့ ညီမ ဟောင်အန်းကျွမ်းကျူ့က လက်ရှိမှာ မယ်တော်ရိကျယ် သဘောကျတာကို ခံထားရပြီး ဘယ်လိုလုပ်ပြီး ဒီအခြေအနေက ပြောင်းပြန်လှန်ပစ်ခံရတာလဲ။

ကောလဟာလတွေက ပျံ့နှံ့နေပြီး ကျန်းချွမ်က အမိန့်တစ်ခုထုတ်ပြန်ခဲ့တယ်။

ဈေးသွားတာကလွဲပြီး အိမ်တော်ထဲက ဘယ်သူကမှ အပြင်ကို ထွက်လို့မရဘူး။ ဒုတိယကိုယ်လုပ်တော်ရဲ့ ခြံထဲမှာ ရန်လျှိုက ဒုတိယကိုယ်လုပ်တော်ကသူမကို ဆေးတိုက်နေတယ်။

"အဲဒါကို ယူသွားလိုက်"

ဒုတိယကိုယ်လုပ်တော်က ဆေးခွက်ကို ဒေါသထွက်နေတဲ့ အမူအရာနဲ့ ဖယ်လိုက်တယ်။ ကျန်းချွမ်က အိမ်တော်ထဲက လူတွေအကုန်လုံးကို အပြင်သွားဖို့တားမြစ်ထားပြီး အပြင်လူကိုလည်း အလာမခံဘူး။ သူမရဲ့ လူတွေကလည်း ဘာသတင်းအချက်အလက်မှ မရခဲ့ဘူး။ ဒါ့ကြောင့် အပြင်မှာ ဘာဖြစ်နေလဲဆိုတာ မသိခဲ့ဘူး။ သူမ ပေးခဲ့တဲ့ ငွေသုံးထောင်အကြောင်းကို သူမစဉ်းစားရင်း ဒုတိယကိုယ်လုပ်တော်က အံကြိတ်နေတယ်။ သူမက သူမရဲ့ ကိုယ်ပိုင်စည်းစိမ်တွေကိုပါ အပ်နှံခဲ့ပြီး ကျန်းယွမ်က အတောင်ပေါက်ရင်တောင် မလွတ်မြောက်နိုင်အောင် စီစဉ်ထားတာဖြစ်တယ်။ ဟူချန်ချိုးက သူမကို ယဉ်ကျေးစွာနဲ့ ဆက်ဆံခဲ့ပေမယ့် အဆုံးမှာတော့ နှစ်တွေအများကြီး ဖြတ်ကျော်လာခဲ့ပြီ ဖြစ်တယ်။ အပြင်ပန်းမှာတော့ ဟူချန်ချိုးက သူမကို သူတို့ကြားမှာ အတိတ်က ချစ်ခင်မှုကြောင့် ကူညီနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ သူက ကျန်းမိသားစုနဲ့ ဆက်ဆံရေးတစ်ခု ဖွဲ့တည်ချင်တာဖြစ်တယ်။ ရွှမ်းဟွာနဲ့ ရွှမ်းလီကြားက ရုန်းကန်မှုက တင်းမာစွာ ကြီးထွားလာပြီဖြစ်ပြီး ဟူချန်ချိုးက သူ့ကိုယ်သူ ရွှမ်းဟွာနဲ့ မဟာမိတ်တစ်ခု သတ်မှတ်ထားတယ်။ တကယ်လို့ သူသာ ကျန်းအိမ်တော်နဲ့ ဆက်ဆံရေးတစ်ခုရမယ်ဆိုရင် သူက အနာဂတ်မှာ အရန် အကြံအစည်တွေရှိနိုင်သေးတယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now